နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗင်နီစီးယပ်စ်ကို မနည်း ထိန်းသိမ်းခဲ့ရတဲ့ ခရူးစ်၊ အန်ဆု ဖာတီကို သတိပေးလိုက်တဲ့ ဇာဗီ (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဗင်နီစီးယပ်စ်ကို မနည်း ထိန်းသိမ်းခဲ့ရတဲ့ ခရူးစ်၊ အန်ဆု ဖာတီကို သတိပေးလိုက်တဲ့ ဇာဗီ စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၂ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဗင်နီစီးယပ်စ်ကို မနည်း ထိန်းခဲ့ရတဲ့ ခရူးစ်

မနေ့က ကစားခဲ့တဲ့ အက်စ်ပန်ညိုနဲ့ လာလီဂါ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီ ခရူးစ် တစ်ယောက် အသင်းဖော် ဗင်နီစီးယပ်စ် ဂျူနီယာကို မနည်းကို ထိန်းသိမ်းပေးခဲ့ရပါတယ်။ စောဒကတက်ပုံတွေ ပြင်းထန်တာကြောင့် ဝေဖန်ခံနေရတဲ့ ဗင်နီစီးယပ်စ်ဟာ မနေ့က ပွဲမှာလည်း ကွင်းလယ်ဒိုင်ကို အပြင်းအထန် စောဒကတက်နေခဲ့လို့ ခရူးစ်က ဆွဲထုတ်ခဲ့ရပြီး နှစ်ကိုယ်တည်း ရှိခိုက်မှာ ဘောလုံးကို သာ အာရုံစိုက်ကစားဖို့ တိုက်တွန်းခဲ့တာပါ။ 

ဗင်နီစီးယပ်စ်က အသင်း အတွက် ခြေစွမ်းပြခဲ့ပြီး ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပွဲချိန်အတွင်း အပြုအမူတွေ ကတော့ အသင်းဖော်တွေ ကိုပါ စိုးရိမ်မှုတွေ ဖြစ်စေခဲ့ရပြီး တိုနီ ခရူးစ်က ဝါရင့် ကစားသမား တစ်ဦး၊ စီနီယာ တစ်ဦး ပီပီသသနဲ့ ဖျောင်းဖျ ပြောဆိုခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ 

ဒီပွဲ မှာတော့ ရီးရဲလ်မက်ဒရစ်က ၃-၁ နဲ့ အနိုင်ရခဲ့ပြီး ဘာစီလိုနာကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။ ဗင်နီစီးယပ်စ်က ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်ရဲ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်နေပြီး ပွဲတိုင်းလိုလို ခြေစွမ်းပြနေတာပါ။ ဒါပေမယ့် လူမျိုးရေး ခွဲခြားခံရမှုတွေ ဆက်တိုက် တွေ့ကြုံခဲ့ပြီးတဲ့ နောက်မှာ သူ့ရဲ့ စိတ်ဓာတ်ပိုင်းက အနည်းငယ် ပြောင်းလဲခဲ့ပြီး အားလုံးက ဝိုင်းဝန်း ထိန်းသိမ်းပေးနေရတာ ဖြစ်ပါတယ်။ 


အန်ဆု ဖာတီကို သတိပေးလိုက်တဲ့ ဇာဗီ

ဖာတီဟာ အောက်တိုဘာလ ကတည်းက ဘာစီလိုနာ အတွက် လာလီဂါ သွင်းဂိုး မရရှိသေးပဲ ဒီရာသီ လာလီဂါ မှာလည်း ၉ ပွဲသာ ပွဲထွက်ခွင့် ရခဲ့ပါတယ်။
ရောဘတ် လီဝမ်ဒေါစကီးရဲ့ အရန် အဖြစ်နဲ့ပဲ ပွဲထွက်ခွင့်ရနေတဲ့ အန်ဆု ဖာတီ

အသင်း အတွက် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး အန်ဆု ဖာတီကို ဘာစီလိုနာ နည်းပြ ဇာဗီက သတိပေးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဖာတီဟာ အောက်တိုဘာလ ကတည်းက ဘာစီလိုနာ အတွက် လာလီဂါ သွင်းဂိုး မရရှိသေးပဲ ဒီရာသီ လာလီဂါ မှာလည်း ၉ ပွဲသာ ပွဲထွက်ခွင့် ရခဲ့ပါတယ်။ 

ဘီလ်ဘာအိုနဲ့ ကစားရမယ့်ပွဲ မတိုင်ခင်မှာ ဇာဗီက အန်ဆု ဖာတီကို သူ ကူညီပေးဖို့ ကြိုးစားနေတဲ့ အကြောင်းကို ရှင်းပြခဲ့ပြီး ဘာတွေပြောခဲ့လဲ ဆိုတာ ကိုပါ ဖွင့်ဟခဲ့ပါတယ်။ အန်ဆု ဖာတီက ရောဘတ် လီဝမ်ဒေါစကီး နောက်မှာသာ ပွဲထွက်ခွင့်ရနေတာ ဖြစ်ပြီး ဒီအပေါ်မှာ အနည်းငယ်တော့ မကျေမနပ် ဖြစ်နေတယ်လို့ သိရပါတယ်။ 

ဇာဗီက “ သူ့အပေါ်မှာ အားလုံးက ယုံကြည်မှု ပေးထားပါတယ်၊ သူဟာ မှန်ကန်တဲ့ လမ်းကြောင်းမှာ ရှိနေတယ် ဆိုတာ ကိုလည်း ပြောပြထားပါတယ်၊ သူက တည်ငြိမ်မှု အပိုင်း၊ ခံစစ်ပိုင်းမှာ အများကြီး တိုးတက်လာပါတယ်၊ သူ့ရဲ့ အသင်းလိုက် ကစားပုံ အတွက်တော့ ကျနော် ကျေနပ်မိတယ်၊ ဒါပေမယ့် သူ ဂိုးတွေ ရဖို့တော့ လိုအပ်နေပါသေးတယ်” လို့ ပြောဆိုခဲ့ပါတယ်။ 


ကလပ် ကစားသမားဘ၀ ဂိုးဖန်တီးမှု အကြိမ် ၃၀၀ ပြည့်သွားခဲ့တဲ့ မက်ဆီ 

ဘရတ်စ်ကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ပီအက်စ်ဂျီ အတွက် ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ လီယွန်နယ် မက်ဆီ ကတော့ ကလပ် ကစားသမား ဘဝမှာ ဂိုးဖန်တီးမှု အကြိမ် ၃၀၀ ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ မက်ဆီဟာ ဒီစံချိန်ကို ဘောလုံးသမိုင်းမှာ ပထမဦးဆုံး တင်နိုင်သူ အဖြစ်လည်း မှတ်တမ်း ဝင်သွားခဲ့ပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီ အတွက် အဖိုးတန် အနိုင်ဂိုး ဖြစ်စေမယ့် အမ်ဘာပေးရဲ့ သွင်းဂိုး အတွက် ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မက်ဆီက ပီအက်စ်ဂျီ အတွက် အနိုင် ၃ မှတ် ရဖို့ ကူညီပေးခဲ့တယ်လို့ ပြောလို့ ရသလို သူ့ အတွက်လည်း ဂုဏ်ယူစရာ သမိုင်းမှတ်တိုင် တစ်ခု ထပ်ပြီး စိုက်ထူနိုင်ခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ
ဗီလာရီးယဲလ်
ရီးယဲလ် ဘက်တစ်
1X2 ရီးယဲလ် ဘက်တစ် @ 4.50
ဗီလာရီးယဲလ် အာရှ ဟန်းဒီးကပ် -0.75 @ 2.00
ဂိုးပေါ် 2.50 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မက်ဆီဟာ ပီအက်စ်ဂျီ အတွက် ကစားပေးနေတဲ့ လိဂ်ပွဲစဉ်တွေမှာ တစ်ပတ်ပြီး တစ်ပတ် စံချိန်သစ်တွေ ယူနေပြီး အသင်းကို အမှတ်ပေးဇယား ထိပ်ဆုံး နေရာမှာ ပြတ်ပြတ်သားသား ရပ်တည်နိုင်အောင်လည်း ကူညီပေးနေသူ ဖြစ်ပါတယ်။ ဒီရာသီမှာ ပီအက်စ်ဂျီ အတွက် ၃၁ ပွဲ ကစားပေးထားတဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ ၁၈ ဂိုးသွင်းပြီး ၁၇ ဂိုး ဖန်တီးထားပါတယ်။ 

မက်ဆီက အခုရာသီ အကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး ပြင်သစ် ကလပ် ဘက်က လိုလိုလားလား စာချုပ်သက်တမ်း တိုးချင်နေပါတယ်။ ကစားသမား ဘက်ကတော့ အနာဂတ်နဲ့ ပတ်သက်ပြီး အခုချိန်ထိ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပဲ ရာသီ အကုန်ထိ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်