နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လန်းဂ်လတ်ကို အပြီးသတ် ခေါ်ယူချင်နေတဲ့ စပါး၊ ရီးရဲလ်ဆိုစီဒက် ကနေ ထွက်ခွာဦးမှာ မဟုတ်တဲ့ ဇူဘီမန်ဒီ (လာလီဂါ နောက်ဆုံးရ သတင်းများ)

လန်းဂ်လတ်ကို အပြီးသတ် ခေါ်ယူချင်နေတဲ့ စပါး၊ ရီးရဲလ်ဆိုစီဒက် ကနေ ထွက်ခွာဦးမှာ မဟုတ်တဲ့ ဇူဘီမန်ဒီ အစရှိတဲ့ သတင်းတွေ အပါအဝင် မေလ ၁၃ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လန်းဂ်လတ်ကို အပြီးသတ် ခေါ်ယူချင်နေတဲ့ စပါး

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကတော့ နောက်ခံလူ ကလီမန့် လန်းဂ်လတ်ကို အပြီးသတ် ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။

အသက် ၂၇ နှစ် အရွယ် ပြင်သစ် နောက်ခံလူဟာ လာလီဂါ ကလပ် ဘာစီလိုနာ ကနေ စပါးမှာ အငှားနဲ့ လာရောက် ကစားနေတာ ဖြစ်ပြီး လာမယ့် ဇွန် ၃၀ မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ နှစ်သင်းအကြား သဘောတူညီချက်မှာ အပြီးသတ် ဝယ်ယူခွင့် မပါဝင်ပေမယ့် စပါး ဘက်က ကစားသမားရဲ့ ခြေစွမ်းကို သဘောကျတာကြောင့် အပြီးသတ် စာချုပ်ချုပ်ဆိုချင်နေတာ ဖြစ်ပါတယ်။

ဒီအတွက် စပါးက ဘာစီလိုနာ အသင်းဆီ အကြောင်းကြားထားပြီး ဘဏ္ဍာရေး လိုအပ်ချက်တွေ ရှိနေတဲ့ လာလီဂါ ကလပ် ဘက်ကလည်း စဉ်းစားသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ လန်းဂ်လတ်ဟာ ဘာစီလိုနာနဲ့ ၂၀၂၆ ခုနှစ်မှ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်တာကြောင့် စပါး ဘက်က သင့်လျော်တဲ့ ကမ်းလှမ်းမှု ပြုလုပ်လာရင်တော့ အပြီးသတ် ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။


ဆိုစီဒက်က ထွက်ခွာလိုခြင်း မရှိကြောင်း ပြတ်ပြတ်သားသား ပြောလိုက်တဲ့ ဇူဘီမန်ဒီ

ဘာစီလိုနာ အသင်းရဲ့ ပစ်မှတ် ကွင်းလယ် ကြယ်ပွင့် မာတင် ဇူဘီမန်ဒီက သူ့ ရီးရဲလ် ဆိုစီဒက် ကနေ ထွက်ခွာချင်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူးကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ 

ဇူဘီမန်ဒီက “ကျနော် ဘာမှမလုပ်ပါဘူး။ ဒါပေမယ့် သတင်းတွေ မြင်ရတာ ကျနော့် အတွက် အဆင်မပြေ ဖြစ်စေပါတယ်။ အကယ်၍ ထွက်ခွာနိုင်ပြီလားလို့ မေးရင်တော့ ကျနော် မသိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ မစဉ်းစားရသေးလို့ပါ။ ကျနော် အကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် သူတို့ ကျနော် ပြောတာကို ဘယ်တော့မှ နားမထောင်ပါဘူး။” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ
ရီးရဲလ်မက်ဒရစ်
ဂီတာဖေး
1X2 သရေ (Draw) @ 3.60
ဂိုးပေါ် 2.50 @ 2.05
ဂိုးပေါင်း 2-3 @ 1.96
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘာစီလိုနာ ကတော့ ရာသီကုန်မှာ အသင်းကို စွန့်ခွာသွားတော့မယ့် ဂန္တဝင် ဆာဂျီယို ဘူးစကွက်စ်ရဲ့ နေရာမှာ အစားထိုးဖို့ ကစားသမားသစ် ရှာဖွေနေတာ ဖြစ်ပြီး ဇူဘီမန်ဒီကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့် နွေရာသီ လာလီဂါ ကလပ်ရဲ့ အဓိက ပစ်မှတ်က ပီအက်စ်ဂျီနဲ့ လမ်းခွဲတော့မယ့် တိုက်စစ်မှူးဟောင်း လီယွန်နယ် မက်ဆီကို နူးကမ့်ပ်ဆီ ပြန်လည် ခေါ်ယူရေး ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ကတ်တာလန် ကလပ်ဟာ ငွေကြေးပိုင်းဆိုင်ရာ ပြသနာတွေ များစွာ ရှိနေဆဲ ဖြစ်တာကြောင့် အသင်းမှာ ရှိနေတဲ့ မလိုအပ်တဲ့သူတွေကို အရင်ဆုံး ရှင်းထုတ်ပြီးမှသာ ကစားသမား ခေါ်ယူမှု ပြုလုပ်နိုင်ဖို့တော့ ရှိနေပါတယ်။


အမေရိကန်နိုင်ငံမှာ ရာသီကြို ခြေစမ်းပွဲ အဖြစ် ကစားမယ့် အယ်လ်ကလက်ဆီကို ဒါဘီ

အယ်လ်ကလက်ဆီကို ပြိုင်ဘက်တွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ တို့ဟာ ရာသီကြို ခြေစမ်းပွဲ အဖြစ် အမေရိကန်နိုင်ငံ၊ တက္ကဆက်မြို့မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၉ ရက်နေ့မှာ ကစားကြမှာ ဖြစ်ပြီးတော့ ဒီရာသီကြို ခြေစမ်းပွဲမှာ လာလီဂါ ထိပ်သီး နှစ်သင်း အပြင် ယူနိုက်တက်၊ အာဆင်နယ်၊ အေစီမီလန်၊ ဂျူဗင်တပ်စ် တို့လည်း ပါဝင်ဖို့ ရှိနေပါတယ်။ အဲ့ဒီ အမေရိကန် ရာသီကြို ခရီးစဉ် အတွင်း အသင်းပေါင်း ၆ သင်းက စုစုပေါင်း ၈ ပွဲ ကစားသွားမှာ ဖြစ်ပြီး ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် တို့ဟာ ရာသီကြို ခြေစမ်းပွဲ အဖြစ် ၃ ကြိမ်မြောက် တွေ့ဆုံမှာလည်း ဖြစ်ပါတယ်။

စီစဉ်ထားတာ အရ ဆိုရင် ဘာစီလိုနာက ဇူလိုင်လ ၂၂ ရက်နေ့မှာ ဂျူဗင်တပ်စ်၊ ၂၆ ရက်နေ့မှာ အာဆင်နယ်၊ ဩဂုတ်လ ၁ ရက်နေ့မှာ အေစီမီလန် တို့နဲ့ ကစားရမှာပါ။ ရီးရဲလ်မက်ဒရစ် ကတော့ ဇူလိုင်လ ၂၃ ရက်နေ့မှာ အေစီမီလန်၊ ၂၆ ရက်နေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ ဩဂုတ်လ ၂ ရက်နေ့ မှာတော့ ဂျူဗင်တပ်စ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

အခြား ပွဲစဉ်‌တွေ အဖြစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်၊ ၂၇ ရက်နေ့မှာ ဂျူဗင်တပ်စ်နဲ့ အေစီမီလန်တို့ ယှဉ်ပြိုင်ကစားသွားမယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်