နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲလ်မက်ဒရစ်နဲ့ ဂိုးပေါ် တွဲကစားရမယ့် ပွဲပါ | လာလီဂါ (ပွဲကြိုသုံးသပ်ချက်)

ရီးရဲလ်ဘက်တစ် – ရီးရဲလ်မက်ဒရစ်

လာလီဂါ ပွဲစဉ် (၂၄) ရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ ကတော့ ရီးရဲလ်ဘက်တစ်နဲ့ ရီးရဲလ်မက်ဒရစ် တို့ ကစားမယ့် ပွဲဖြစ်ပါတယ်။ ဒီပွဲနဲ့ ပတ်သတ်တဲ့ ပွဲကြိုအချက်အလက်နဲ့ ခန့်မှန်းသုံးသပ်ချက်တွေကို ဆက်လက် ဖော်ပြပေးရမယ် ဆိုရင်တော့…

ရီးရဲလ်ဘက်တစ် ကတော့ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ ရရှိရေး မျှော်လင့်ချက်နဲ့ ကစားနေပြီး နောက်ပိုင်း ပွဲတွေမှာ ရလဒ်တွေ ပြန်ကောင်းနေပါတယ်။ လာလီဂါ နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားပြီး အဆင့် ၃ နေရာက ဆိုစီဒက်နဲ့လည်း ၄ မှတ်သာ ကွာဟနေပါတယ်။ ဘက်တစ်ရဲ့ တိုက်စစ် ကစားပုံက မဆိုးသလို နောက်ဆုံး ၅ ပွဲမှာ ၁၂ ဂိုးရထားပါတယ်။ ဒါပေမယ့် ခံစစ် ကတော့ ပွဲတိုင်းလိုလို ဂိုးပေးနေရပြီး နောက်ဆုံး ၅ ပွဲမှာ တစ်ပွဲ ပျမ်းမျှ ၂ ဂိုးနှုန်း ခွင့်ပြုထားရပါတယ်။ ဒီပွဲ ပြီးရင် ဘက်တစ်တို့ ယူရိုပါလိဂ် ၁၆ သင်း အဆင့် ပွဲစဉ် အဖြစ် ယူနိုက်တက်နဲ့ ကစားဖို့ ရှိနေလို့ ရီးရဲလ်ကို အကောင်းဆုံး တုန့်ပြန်နိုင်ပါ့မလား ဆိုတာတော့ သံသယ ဖြစ်စရာ ရှိပါတယ်။

ဥရောပနဲ့ လာလီဂါ ချန်ပီယံကြီး ရီးရဲလ်မက်ဒရစ် ကတော့ ဒီရာသီမှာ နည်းနည်းလေး အိုးနင်းခွက်နင်း ဖြစ်နေပါတယ်။ အမှတ်မလျော့သင့်တဲ့ ပွဲတွေမှာ အမှတ်လျော့ခဲ့တာကြောင့် ဇယားထိပ်က ၇ မှတ် အထိ ပြတ်နေသလို ကိုပါဒယ်ရေး မှာလည်း အခြေအနေ မကောင်းပါဘူး။ အန်ဆယ်လော့တီရဲ့ နည်းစနစ်ပိုင်းက ဒီရာသီမှာ အမှားအယွင်းတွေ ရှိနေပြီး ရီးရဲလ် ဘုတ်အဖွဲ့ ကတောင် စိတ်တိုင်းမကျ ဖြစ်နေပါတယ်။ မတ်လ ၁၆ ရက်နေ့မှာ လစ်ဗာပူးလ်နဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ ကန်ဖို့ ကျန်နေသေးပေမယ့် ပထမအကျော့ အန်ဖီးလ်မှာ ဂိုးပြတ် နိုင်ထားတာကြောင့် ဖိအားတော့ သိပ်မရှိပါဘူး။

အခုပွဲကို ဘက်တစ် ဘက်က အဓိက ကစားသမား တော်တော်များများ ဒဏ်ရာရနေပြီး ကန်နယ်လက်စ်၊ ရူအီ ဆေးလ်ဗား၊ ဖက်ကီယာ၊ ဂျူအန် ခရုဇ်၊ အက်ဒ်ဂါ ဂွန်ဇာလက်ဇ် တို့ အားလုံး လွဲချော်မှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် မှာတော့ လူကာ မိုဒရစ် ပွဲပယ်ထိထားပြီး ဖာလန်း မန်ဒီနဲ့ အလာဘာ တို့ကတော့ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။


ဖြစ်နိုင်ဖွယ် လူစာရင်း

ရီးရဲလ်ဘက်တစ် – ဘရာဗို၊ ပက်ဇယ်လာ၊ ဖိလစ်ပီ၊ ဆာဘာလီ၊ မီရန်ဒါ၊ ရိုဒရီဂတ်ဇ်၊ ကာဗယ်လ်ဟို၊ ရိုဒရီ၊ ဟင်းနရစ်ခ်၊ ဂျူအန်မီ၊ အီဂလက်ဆီးယက်စ်
ရီးရဲလ်မက်ဒရစ် – ကော့တွိုက်စ်၊ မီလီတောင်၊ ရူဒီဂါ၊ နာချို၊ ကာဗာဟယ်၊ ချူအာမန်နီ၊ ဗယ်ဗာဒီ၊ ဆယ်ဘာလော့စ်၊ ဗင်နီးဆီးယပ်စ်၊ ရိုဒရီဂို၊ ဘန်ဇီမာ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

လာလီဂါ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ရီးရဲလ်မက်ဒရစ်တို့ ဘက်တစ်ကို ခက်ခက်ခဲခဲ ကစားခဲ့ရပေမယ့် ၃ ပွဲနိုင်၊ ၂ ပွဲ သရေကျပြီး ရှုံးပွဲ မရှိခဲ့ပါဘူး။ အဲ့ဒီ ၅ ပွဲမှာ ၂ ပွဲသာ ဂိုးပေါ်ခဲ့ပြီး ၃ ပွဲ ကတော့ ဂိုးအောက် ဖြစ်ခဲ့ပါတယ်။ ရီးရဲလ်ဘက်တစ်က နောက်ဆုံး ကစားထားတဲ့ လိဂ် ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၂ ပွဲ ရှုံးထားပြီး ရီးရဲလ်မက်ဒရစ် ကတော့ ၃ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။ ဘက်တစ်က နောက်ဆုံး ၅ ပွဲမှာ ပွဲတိုင်း ဂိုးပေါ်ခဲ့ပြီး ရီးရဲလ် ကတော့ ဂိုးပေါ် ၂ ပွဲပဲ ရှိခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1X2 မှာ ဘက်တစ် နိုင်ရင် ၄.၃၀ ဆနဲ့ ရီးရဲလ်မက်ဒရစ် အနိုင်ဆိုရင်တော့ ၁.၇၇ ဆ ပေးထားပါတယ်။ Handicap မှာလည်း ထင်ထားသလိုပဲ ဧည့်သည် ဘက်ကပဲ အကျောပေးထားပြီးတော့ ဂိုးပေါင်း ကတော့ ၂ ဂိုး ကနေ စဖွင့်ပါတယ်။ ရီးရဲလ်မက်ဒရစ်က နောက်ပိုင်း ပွဲတွေမှာ ဂိုးသွင်းအား နည်းနည်းကျနေပြီး ဘက်တစ် ကတော့ ဂိုးသွင်းအား ကောင်းသလို ဂိုးပေးလည်း ကြမ်းနေပါတယ်။ ဒီနှစ်သင်းရဲ့ ပြီးခဲ့တဲ့ တွေ့ဆုံမှုတွေမှာ အပြန်အလှန် သွင်းဂိုးတွေ မမြင်ရတာ များပါတယ်။ ဒီအချက်ကြောင့်တော့ ဂိုးနည်းမယ်လို့ တထစ်ချ ယူဆလို့ မရပါဘူး။ ရီးရဲလ်မက်ဒရစ်တို့ လက်တလော လာလီဂါကို အပြည့်အဝ အာရုံစိုက်နိုင်ဖို့ ရှိနေတာရယ်နဲ့ ဘက်တစ်ရဲ့ အသွင်းကြမ်း၊ အပေးကြမ်း တိုက်စစ်နဲ့ ခံစစ်ကြောင့် ဂိုးပေါ်ဖို့ မျှော်လင့်ပါတယ်။ ရီးရဲလ်နဲ့ ဂိုးပေါ် ကြိုက်ပါတယ်။

ခန့်မှန်းရလဒ်

ရီးရဲလ်ဘက်တစ် ၁-၂ ရီးရဲလ်မက်ဒရစ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်