နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ငွေနောက် မလိုက်ပဲ ရီးရဲလ်မက်ဒရစ် နဲ့ပဲ စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ တိုနီ ခရူးစ် (လာလီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ ဇွန်လ ၂၄ ရက်နေ့ ညနေခင်းအထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရီးရဲလ်နဲ့ တစ်နှစ် စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ တိုနီ ခရူးစ်

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီ ခရူးစ်ဟာ ဘာနေဗျူးမှာ နောက်ထပ် တစ်နှစ် ထပ်ရှိနေမယ့် စာချုပ်သစ်ကို ချုပ်ဆိုခဲ့ပါပြီ။ အသင်း ကနေ ထွက်ခွာနိုင်တယ်လို့ သတင်းတွေ ထွက်နေခဲ့ပေမယ့် အဆုံးသတ် မှာတော့ သူက စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ကာ လူငယ် ကစားသမားတွေကို ဦးဆောင်ရဦးမှာ ဖြစ်ပါတယ်။

2023 ကွန်ကာကတ်ဖ် ရွှေဖလား
မက္ကဆီကို
ဟွန်ဒူးရပ်စ်
1X2 မက်စီကို 1.47
မက်စီကို အာရှ ဟန်းဒီးကပ် -0.75 @1.66
ဂိုးပေါ် 2.25 @ 1.69
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂျာမနီ ကွင်းလယ်လူဟာ ဆော်ဒီကလပ်တွေ ဆီက ကမ်းလှမ်းမှုတွေကို ရရှိခဲ့ပေမယ့်လည်း ငြင်းဆန်ခဲ့သူ ဖြစ်ပါတယ်။ ရီးရဲလ် ကတော့ အသင်းရဲ့ မူဝါဒအရ အသက် ၃၀ ကျော် ကစားသမားတွေကို တစ်နှစ်ချင်းစီသာ စာချုပ်ချုပ်ဆိုနေပြီး အခြားကွင်းလယ်လူ လူကာ မိုဒရစ် ကိုလည်း ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပါပြီ။

ခရူးစ်က သူ အခုလို ဆုံးဖြတ်ခဲ့တာဟာ ဇနီးသည် ဖြစ်သူက စိတ်ဆန္ဒရှိရာကို လုပ်ဆောင်ပါလို့ ပြောဆိုခဲ့တာကြောင့်လို့ ဖွင့်ဟခဲ့ပါတယ်။ ခရူးစ်ဟာ ဆော်ဒီကို ပြောင်းရွှေ့မယ် ဆိုရင် လုပ်ခလစာ အများအပြား ရရှိမှာ ဖြစ်ပေမယ့်လည်း ငြင်းဆန်ခဲ့ပြီး လာလီဂါ ကလပ် မှာပဲ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။


ဆော်ဒီကို ရောက်ဖို့ နီးစပ်လာတဲ့ ဘာနာဒို ဆေးလ်ဗား

မန်ချက်စတာစီးတီး အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဘာနာဒို ဆေးလ်ဗားဟာ ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ စပိန် သတင်းစာတွေရဲ့ ဖော်ပြချက်အရ အသက် ၂၈ နှစ် အရွယ် ကစားသမားဟာ မန်စီးတီးနဲ့ ၂၀၂၅ အထိ စာချုပ်သက်တမ်း ရှိနေတယ်လို့ သိရပါတယ်။

ဘာနာဒိုက လာလီဂါ ထိပ်သီး ဘာစီလိုနာ နဲ့ သတင်းတွေ အကျယ်လောင်ဆုံး ထွက်ပေါ်နေခဲ့သူ ဖြစ်ပါတယ်။
ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ ဘာနာဒို ဆေးလ်ဗား

ဒါပေမယ့်လည်း မန်စီးတီးက ကစားသမားကို အသင်း ကနေ ထွက်ခွာခွင့်ပြုထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ဆော်ဒီ ကလပ်တွေက သူ့ကို ဝိုင်းဝန်း ကြိုးပမ်းနေကြပြီး ပီအက်စ်ဂျီနဲ့ ဘာစီလိုနာ တို့ကလည်း အလေးထား ချိတ်ဆက်နေတယ်လို့ ဆိုပါတယ်။ ဘာနာဒိုက လာလီဂါ ထိပ်သီး ဘာစီလိုနာ နဲ့ သတင်းတွေ အကျယ်လောင်ဆုံး ထွက်ပေါ်နေခဲ့သူ ဖြစ်ပါတယ်။

ဒါကြောင့် ကစားသမား အနေနဲ့ ငွေကြေးနောက်လိုက်ပြီး ဆော်ဒီကို ရွေးမလား၊ ဥရောပမှာပဲ ဆက်ကစားမလား ဆိုတာ ဆုံးဖြတ်ရတော့မှာပါ။ ဘာနာဒို ဆေးလ်ဗားပါ ဆော်ဒီကို ပြောင်းရွှေ့ခဲ့မယ် ဆိုရင်တော့ ဒါဟာ အံ့အားသင့်စရာ ကောင်းတဲ့ ပြောင်းရွှေ့မှု ဖြစ်လာမှာပါ။


နီဗက်စ်ကို အငှားနဲ့ ပြန်ခေါ်ဖို့ နယူးကာဆယ် ဆွေးနွေးနေ

ဆော်ဒီ ကလပ် အယ်လ်ဟိုင်လယ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ၀ုဗ် ကွင်းလယ်လူဟောင်း ရူဘင် နီဗက်ကို အငှားနဲ့ ပြန်ခေါ်ဖို့ အတွက် နယူးကာဆယ် ယူနိုက်တက်က ဆွေးနွေးနေပါတယ်။ နီဗက်စ်ကို ၂ နှစ် စာချုပ်နဲ့ ငှားရမ်းဖို့ အတွက် ပြင်ဆင်ထားတယ် လို့လည်း သိရပါတယ်။

အသက် ၂၆ နှစ်သာ ရှိသေးတဲ့ ပေါ်တူဂီသားဟာ ဆော်ဒီကို အံ့အားသင့်ဖွယ်ရာ ပြောင်းရွှေ့ခဲ့တာပါ။ ဒါပေမယ့် အယ်လ်ဟိုင်လယ်နဲ့ နယူးကာဆယ်ကို ပိုင်ဆိုင်တဲ့ ဆော်ဒီ လုပ်ငန်းစုက အတူတူပဲ ဖြစ်လို့ ဒီအပြောင်းအရွှေ့က ဖြစ်ပေါ်လာဖွယ်ရာ နီးစပ်နေပါတယ်။

ချန်ပီယံလိဂ် ကစားရဖို့ ရှိတဲ့ နယူးကာဆယ်ဟာ ကစားသမားကောင်းတွေ လိုအပ်နေပြီး ၀ုဗ်နဲ့ ခြေစွမ်းပြခဲ့တဲ့ နီဗက်စ်ကို အားဖြည့် ခေါ်ယူချင်နေတာပါ။ ကလပ် အသင်း နှစ်သင်း ကလည်း ပိုင်ရှင် တစ်ဦးတည်း လက်အောက်က ဖြစ်တာကြောင့်လည်း ဆွေးနွေးရတာ လွယ်ကူနေမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်