နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမှတ်တွေ ပြတ်နေပေမယ့် လာလီဂါ ချန်ပီယံ မဖြစ်သေးဘူးလို့ ဆိုလိုက်တဲ့ ဇာဗီ၊ လာလီဂါ ချန်ပီယံဆု အတွက် ပုံစံ မပျက်ကစားဖို့ ဘူးစကွက်စ် တိုက်တွန်း (လာလီဂါ နောက်ဆုံးရ သတင်းများ)

အမှတ်တွေ ပြတ်နေပေမယ့် လာလီဂါ ချန်ပီယံ မဖြစ်သေးဘူးလို့ ဆိုလိုက်တဲ့ ဇာဗီ၊ လာလီဂါ ချန်ပီယံဆု အတွက် ပုံစံ မပျက်ကစားဖို့ ဘူးစကွက်စ် တိုက်တွန်း စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၀ ရက်နေ့ ညနေခင်းရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လာလီဂါမှာ အမှတ်တွေ ပြတ်နေပေမယ့် ချန်ပီယံ မဖြစ်သေးဘူးလို့ ဆိုလိုက်တဲ့ ဇာဗီ

ဘာစီလိုနာဟာ အယ်လ်ကလက်ဆီကို ပွဲစဉ် အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ကစားခဲ့တဲ့ ပွဲမှာ ကတ်ဆီရဲ့ နောက်ကျ သွင်းဂိုးကြောင့် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး လာလီဂါ အမှတ်ပေးဇယားကို ၁၂ မှတ် ဖြတ်လိုက်နိုင်ပြီ ဖြစ်ပါတယ်။

လာလီဂါက ပွဲစဉ် ၁၂ ပွဲကစားဖို့ ကျန်ရှိနေသေးပေမယ့် လက်ရှိ အနေအထားတွေကြောင့် ဘာစီလိုနာဟာ အမှတ်ပေး ချန်ပီယံဆုကို ၂၀၁၉ နောက်ပိုင်း ပထမဆုံး အကြိမ် ပြန်လည် ရယူနိုင်ဖို့ အခြေအနေ ကောင်းနေခဲ့တာပါ။ ဇာဗီ ကတော့ သူတို့ အနေနဲ့ ဆုဖလား ရယူနိုင်ဖို့ အတွက် သေချာအောင် အလုပ်တွေ ပိုပြီး လုပ်ရဦးမယ်လို့ ပြောခဲ့ပါတယ်။

ဇာဗီက “ ဒါဟာ လိဂ်ကို ဆုံးဖြတ်မှာ မဟုတ်ပေမယ့် ကြီးမားတဲ့ နိုင်ပွဲပါ။ ပွဲက ၁၂ ပွဲ ကျန်သေးပြီး ကျွန်တော်တို့ ချန်ပီယံ ဖြစ်တယ်လို့ မခံစားရသေးပါဘူး။ ကျွန်တော် တို့ဟာ နိုင်ပွဲနဲ့ ပိုပြီး ထိုက်တန်ခဲ့သလို ရီးရဲလ် ထက်လည်း ပိုပြီး ကောင်းပါတယ်။ အခွင့်အရေးတွေလည်း ပိုပြီး ဖန်တီးနိုင်ခဲ့ပါတယ်။ ရှေ့တစ်လှမ်း တိုးနိုင်ခဲ့လို့ ကစားသမားတွေ အတွက် အလွန်ပျော်ရွှင်ပါတယ်” လို့ ဆိုခဲ့ပါတယ်။

အန်ဆယ်လော့တီ ကတော့ သူတို့ဟာ ဒီရလ ဒီအတွက် ဝမ်းနည်းပြီး နာကျင်ရတယ်လို့ ပြောခဲ့တာပါ။ အန်ဆယ်လော့တီက “ ကျွန်တော်တို့ ဝမ်းနည်းပြီး နာကျင်ရပေမယ့် စွမ်းဆောင်ရည် အတွက်တော့ ဂုဏ်ယူပါတယ်။ အခု ပုံစံအတိုင်းသာ ရာသီ အကုန်ထိ ကစားရင် တစ်ခုခုတော့ ရယူနိုင်မှာပါ။ ဒီနေ့ ကျွန်တော်တို့ ရှုံးဖို့ မထိုက်တန်ပါဘူး” လို့ ဆိုခဲ့ပါတယ်။


အဆန်စီယိုရဲ့ ဂိုးကို ခွင့်မပြုခဲ့တာ ရှက်စရာပဲလို့ ကော့တွိုက်စ် ပြောဆို

ရီးရဲလ်မက်ဒရစ် ဂိုးသမား သီဘောက် ကော့တွိုက်စ်က ဘာစီလိုနာနဲ့ ပွဲမှာ အဆန်စီယိုရဲ့ ဂိုးကို ခွင့်မပြုခဲ့တာက ရှက်စရာပဲလို့ ပြောဆိုလိုက်ပါတယ်။ ဒီပွဲ မှာတော့ ရီးရဲလ်ဟာ ၂-၁ နဲ့ အရေးနိမ့်ခဲ့ပြီး စပိန် လာလီဂါမှာ ဘာဆာနဲ့ ၁၂ မှတ် အထိ ကွာဟသွားခဲ့ပြီ ဖြစ်ကာ ချန်ပီယံ မျှော်လင့်ချက် မရှိသလောက် နည်းပါးသွားခဲ့ပြီ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာစီးတီး
လီဗာပူးလ်
1X2 လီဗာပူးလ် @ 4.60
ဂိုးပေါ် 3.00 @ 2.01
ဂိုးပေါင်း 0-1 @ 4.60
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲကစားချိန် ၈၁ မိနစ်မှာ အဆန်စီယိုက ဂိုးသွင်းနိုင်ခဲ့ပြီး ရီးရဲလ်တို့ အနိုင်ရပြီလို့ ထင်မှတ်ခဲ့ရပေမယ့် VAR ကတော့ လူကျွံနေတယ်လို့ သတ်မှတ်ကာ ပယ်ဖျက်ခဲ့ပါတယ်။ ဒီနောက်တော့ နာကျင် အချိန်ပိုမှာ ဖရန့် ကက်ဆီက ဘာစီလိုနာ အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူသွားခဲ့ပြီး ရီးရဲလ်တို့ ကြေကွဲခဲ့ရပါတယ်။

ပွဲအပြီးမှာ ကော်တွိုက်စ်က “ ကျနော်တို့ အဆုံးအထိ တိုက်ပွဲဝင်သွားမှာပါ၊ အရမ်းခက်ခဲနေပြီ ဆိုတာကို သိပေမယ့်လည်း မဖြစ်နိုင်တာ မျိုးတော့ မဟုတ်ပါဘူး၊ ကျနော်တို့ ဒီကို ဖလား တစ်လုံး ရအောင် သေချာပေါက်လာမှာပါ (ကိုပါဒယ်ရေးဆီမီး ဒုတိယအကျော့ကို ရည်ရွယ်ခြင်းဖြစ်) ခြေစွမ်းကောင်း ပြနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပေမယ့် နေရာလွတ် တစ်ခု ကနေ သူတို့ ဂိုးသွင်းသွားခဲ့ပါတယ်၊ အဆန်စီယိုရဲ့ ဂိုးကို မပေးခဲ့တာ ကတော့ ရှက်ဖို့ ကောင်းလွန်းပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။


လာလီဂါ ဖလားအတွက် ပုံစံ မပျက်ကစားဖို့ ဘူးစကွက်စ် တိုက်တွန်း

ဘာစီလိုနာ အသင်းခေါင်းဆောင် ဆာဂျီယို ဘူးစကွက်စ်က လာလီဂါ အမှတ်ပေးဖလား အတွက် အသင်း ပုံစံကို ဆက်ထိန်းထားပြီး တွန်းအားပေး တိုက်ပွဲဝင်ဖို့ အတွက် အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရရှိ အပြီးမှာ ဘူးစကွက်စ်က ပြောဆိုခဲ့တာ ဖြစ်ပြီး ဒီပုံစံကို မလျှော့ချပစ်ဖို့ တောင်းဆိုခဲ့တာပါ။

ဘာစီလိုနာ အသင်းခေါင်းဆောင် ဆာဂျီယို ဘူးစကွက်စ်က လာလီဂါ အမှတ်ပေးဖလား အတွက် အသင်း ပုံစံကို ဆက်ထိန်းထားပြီး တွန်းအားပေး တိုက်ပွဲဝင်ဖို့ အတွက် အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။
ဒီနှစ် ဘောလုံးရာသီ ပြည်တွင်း ဆုဖလား အားလုံး ကိုင်မြှောက်နိုင်ဖို့ အခြေအနေ ကောင်းနေတဲ့ ဘာစီလိုနာ

“ ဒီနိုင်ပွဲက အရမ်း အရေးကြီးတဲ့ အမှတ်တွေပါ၊ ကျနော်တို့ အတွက်၊ ပရိသတ်တွေ အတွက် အပိုဆုပါပဲ၊ ၁၂ ပွဲ ကစားဖို့ ကျန်နေသေးပြီး အခွင့်အရေး ကြီးကြီးမားမား ရထားတယ် ဆိုတာ သိပေမယ့်လည်း ဒီပုံစံ အတိုင်း ဆက်ကစားရမှာပါ၊ အခု နိုင်ငံတကာပွဲတွေ ကစားရတော့မှာပါ၊ လက်ကျန်ရာသီ အတွက် ကျနော်တို့ အားဖြည့်တင်းရပါ့မယ်” လို့ ပြောခဲ့ပါတယ်။

ဘာစီလိုနာဟာ ရီးရဲလ်ကို ၁၂ မှတ် အထိ ဖြတ်တောက်ထားတာဖြစ်ပါတယ်။ ဧပြီလ ၁ရက်နေ့မှာ အယ်လ်ချီနဲ့ ကစားသွားရမှာ ဖြစ်ပြီး အဲဒီနောက် ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ဒုတိယအကျော့ အတွက် ရီးရဲလ်နဲ့ ထပ်မံ ကစားရမှာလည်း ဖြစ်ပါတယ်။ ဘာဆာ ကတော့ စပိန် စူပါဖလားကို ရယူထားပြီး လာလီဂါနဲ့ ကိုပါဒယ်ရေး ကိုပါ ထပ်မံ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်