နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

သူ့နေရာမှာ အစားထိုး ဝင်လာမယ့် နည်းပြကို သတိပေးလိုက်တဲ့ ဇာဗီ | လာလီဂါ

မနေ့ညက ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဆီဗီလာကို အနိုင်ရရှိခဲ့ပြီးနောက် ဘာစီလိုနာ နည်းပြ ဇာဗီဟာ အသင်းနဲ့ လမ်းခွဲသွားခဲ့ပြီ ဖြစ်ပါတယ်။ ဇာဗီဟာ ပွဲအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ သူ့နေရာမှာ ဝင်ရောက်လာမယ့် နည်းပြသစ်ကို အခုလိုပဲ သတိပေးမှု ပြုလုပ်သွားခဲ့ပါတယ်။

ဇာဗီက “ကျွန်တော့် အနေနဲ့ အဆင်သင့် ဖြစ်နေပါစေလို့ပဲ ပြောချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတာ အခုလက်ရှိ အခြေအနေက ခက်ခဲနေလို့ပါ” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဇာဗီဟာ လာလီဂါ ကလပ် ဘာစီလိုနာ အသင်းကို ၂၀၂၁ ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့ပြီးတော့ သူ့လက်ထက်မှာ ကတ်တာလန် ကလပ်က ၁၄၂ ပွဲ ကစားခဲ့ပြီး ပွဲ ၉၀ နိုင်၊ ၂၃ ပွဲ သရေ၊ ၂၉ ပွဲ ရှုံးခဲ့ပါတယ်။ လာလီဂါ ဖလား နဲ့ စပိန်စူပါဖလား တစ်ကြိမ်စီ ကိုင်မြှောက်နိုင်ခဲ့တဲ့ ဇာဗီဟာ ဘာစီလိုနာကို အဆိုးရွားဆုံး အခြေအနေထိ ရောက်စေခဲ့သူတော့ မဟုတ်ပါဘူး။ မှတ်တမ်းတွေ မဆိုးလှပေမယ့် ဘာစီလိုနာ ဥက္ကဌ ယိုအန် လာပေါ်တာ ကတော့ ဘာစီလိုနာဟာ ဇာဗီ လက်ထက်မှာ သူတို့ရဲ့ အဓိက ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို စိန်ခေါ်နိုင်စွမ်း မရှိဘူးလို့ လက်ခံခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကလပ်ရဲ့ ဂန္တဝင် ကစားသမားဟောင်းကို နည်းပြ ရာထူး ကနေ ထုတ်ပယ်ခဲ့ပြီး လက်ရှိမှာတော့ ဟန်ဆီဖလစ်ခ်နဲ့ အစားထိုးခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိ အချိန်ထိတော့ ဘာစီလိုနာ ဘက်က နည်းပြသစ် ဟန်ဆီဖလစ်ခ်နဲ့ စာချုပ်ချုပ်ဆိုရခြင်း မရှိသေးပဲ အကြောင်းအရင်း တချို့ကြောင့် ကြန့်ကြာနေတယ်လို့ သိရပါတယ်။ ဇာဗီ အနေနဲ့ ကလပ် နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံလိုက်ရပေမယ့် သူ့ရဲ့ အသင်းဟောင်းကို မုန်းတီးသွားမှာ မဟုတ်ပဲ တစ်ချိန်ကျရင် နည်းပြ အဖြစ်နဲ့ ပြန်လာခဲ့မှာ ဖြစ်ကြောင်းလည်း ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။

ဇာဗီက “ကျွန်တော် တစ်နေ့မှာ ဘာစီလိုနာကို ပြန်လာချင်ပါတယ်။ ဘာစီလိုနာက ကျွန်တော် တစ်သက်လုံး ချစ်သွားမယ့် ကလပ်ပါ။ ဒီစကားကိုလည်း ကျွန်တာ် အမြဲတမ်း ပြောခဲ့ပါတယ်။ ကျွန်တော် ဘယ်တော့မှ ဘာစီလိုနာကို မေ့ပစ်လိုက်မှာ မဟုတ်သလို တစ်နေ့မှာ အသင်းကို ပြန်လာဖို့ အခွင့်အရေးရခဲ့ရင်လည်း ငြင်းဆန်သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဇာဗီဟာ ကစားသမား ဘဝမှာ ဘာစီလိုနာ အသင်းနဲ့ အတူ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဇာဗီ အနေနဲ့ ၁၉၉၈ ခုနှစ် ကနေ ၂၀၁၅ ခုနှစ် အထိ ဘာစီလိုနာ အတွက် ပွဲပေါင်း ၅၀၀ ကျော် ကစားပေးခဲ့ပြီး လာလီဂါ ဖလား ၈ ကြိမ် အထိ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ကိုပါဒယ်ရေးဖလား ၃ ကြိမ်၊ စူပါဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ် ၄ ကြိမ်၊ ဥရောပ စူပါဖလား ၂ ကြိမ်၊ ကလပ် ကမ္ဘာ့ဖလား ၂ ကြိမ် ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဘဝ မှာတော့ ၂၀၂၁ ကနေ ၂၀၂၄ ခုနှစ် အတွင်း ကတ်တာလန် ကလပ် အတွက် လာလီဂါနဲ့ စပိန် စူပါဖလား ၁ လုံးစီ ရယူပေးနိုင်ခဲ့ပါတယ်။

ဇာဗီဟာ ဘာစီလိုနာမှာ ရှိနေစဉ် အတွင်း ဆုဖလား နှစ်လုံးသာမက လမိုင်းယာမယ်၊ ဂါဗီ၊ ကူဘာဆီ တို့လို အရည်အသွေးမြင့် လူငယ် ကြယ်ပွင့်တွေကို မွေးထုတ်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်