လာလီဂါ ကလပ် ဘာစီလိုနာရဲ့ လူငယ် ကြယ်ပွင့် တောင်ပံ ကစားသမားလေး လမင်း ယာမယ် ကတော့ သူတို့ အသင်းဟာ ဘယ်ပြိုင်ဘက်ကိုမဆို အနိုင်ယူနိုင်တယ် ဆိုတာ သက်သေပြထားပြီး ဖြစ်တယ်လို့ ကြုံးဝါး ပြောဆိုလာခဲ့ပါတယ်။
အခုတစ်ပတ် ဘာနေဗျူးကွင်းမှာ ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ အဲလ်ကလက်ဆီကို ဒါဘီ ပွဲစဉ်မှာ ဘာစီလိုနာက လီဝမ်ဒေါစကီးရဲ့ သွင်းဂိုး ၂ ဂိုး ယာမယ်နဲ့ ရာဖင်ညာ တို့ရဲ့ ဂိုးတွေနဲ့ အဝေးကွင်းမှာ ၀-၄ ဆိုတဲ့ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာ ဘာနေဗျူးမှာ နောက်ထပ် သမိုင်းဝင် လာလီဂါ နိုင်ပွဲ တစ်ပွဲ ရယူနိုင်ခဲ့ခြင်းနဲ့ အတူ ခါးသီး ပြိုင်ဘက် ရီးရဲလ်မက်ဒရစ် ကိုလည်း ၆ မှတ် ဖြတ်တောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ ဘာစီလိုနာရဲ့ ဆယ်ကျော်သက် လူငယ် တောင်ပံ ကြယ်ပွင့်လေးက ဘာစီလိုနာ အတွက် တတိယမြောက် သွင်းဂိုးကို ရယူပးနိုင်ခဲ့ပြီး အဲလ်ကလက်စီကို ပွဲသမိုင်းတလျှောက် အသက် အငယ်ဆုံး ဂိုးသွင်းသူ အဖြစ်နဲ့ပါ စံချိန်သစ် ရေးထိုးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယာမယ်က ကစားသမား ဘဝရဲ့ ပထမဦးဆုံး အဲလ်ကလက်ဆီကို ပွဲစဉ်မှာ သွင်းဂိုးကို စတင် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၁၇ နှစ် အရွယ် စပိန် ညာတောင်ပံ ကစားသမားလေး ယာမယ်က “ကျွန်တော် တို့က လက်ရှိ ကမ္ဘာမှာ အကောင်းဆုံး အသင်းလို့ ယုံကြည်မိပါတယ်။ သူတို့တွေ ကတော့ ကျွန်တော် တို့ဟာ သာမန် အသင်းလေးတွေ ကိုပဲ အနိုင်ယူနေတယ်လို့ ပြောကြပါတယ်။ အခု ကျွန်တော် တို့က ရီးရဲလ်မက်ဒရစ် ကိုတောင် သူတို့ရဲ့ အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ အခု ကတော့ ကျွန်တော်တို့ အသင်းဟာ ဘယ်အသင်းကို မဆို အနိုင်ယူနိုင်တယ် ဆိုတာ သက်သေပြထားနိုင်ပါပြီ။” လို့ ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ယာမယ်က ရီးရဲလ်မက်ဒရစ် ကစားသမားတွေက သူဟာ ဘယ်ခြေတပေါက် တည်း မဟုတ်ပဲ ညာခြေကိုပါ ကောင်းကောင်း အသုံးပြုနိုင်သူ ဆိုတာ မသိထားလောက်တာကြောင့် အခုပွဲမှာ ညာခြေကို အသုံးချသွားခဲ့တာလို့လည်း ပြောဆိုခဲ့ပါသေးတယ်။ ဒီပွဲမှာ အိမ်ရှင် ရီးရဲလ်မက်ဒရစ်ဟာ ဦးဆောင်ဂိုး အရင်ဆုံး ရယူနိုင်ခဲ့ပေမယ့် အမ်ဘာပေ လူကျွံခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရတာ ဖြစ်ပါတယ်။ တစ်ပွဲလုံးမှာ အမ်ဘာပေး အနေနဲ့ ၈ ကြိမ် အထိ လူကျွံနေခဲ့ပြီးတော့ အခွင့်အရေး များစွာ ကိုလည်း ဖြုန်းတီးပစ်ခဲ့သူ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပွဲကစားချိန် ကြာမြင့်လာတာနဲ့ အမျှ ဘာစီလိုနာရဲ့ ကစားကွက်အောက်ကို ရောက်ရှိသွားခဲ့ပြီး နောက်ခံလူတွေရဲ့ အမှားတွေကြောင့်လည်း အိမ်ကွင်းမှာ အရှက်တကွဲ ဂိုးပြတ် ရှုံးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း နည်းပြ ကာလို အန်ဆယ်လော့တီ ကတော့ သူတို့ အသင်း အနေနဲ့ နောက်ဆုံး အကြိမ် ဘာစီလိုနာကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ချိန်တုန်းက လာလီဂါနဲ့ ချန်ပီယံလိဂ် ဖလားတွေ ရရှိခဲ့ကြောင်း တုန့်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အန်ဆယ်လော့တီက သူတို့ အသင်း ရာသီ အကုန်မှာ လာလီဂါ ချန်ပီယံ ဖြစ်မယ်လို့လည်း ယုံကြည်နေကြောင်း ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.