စပိန် မီဒီယာတွေရဲ့ ဖော်ပြချက် အရ ဆိုရင်တော့ ပြင်သစ် လူမျိုး နာမည်ကျော် နည်းပြ ဇနက်ဒင် ဇီဒန်းဟာ အနာဂတ်မှာ ပရီးမီးယားလိဂ်ကို ရောက်ရှိဖို့ အလားအလာ မရှိဘူးလို့ သိရပါတယ်။ ဇီဒန်းဟာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲပြီး ကတည်းက လက်ရှိအထိ အသင်း လက်မဲ့ ဖြစ်နေပြီး အမြဲတမ်းလိုလို ထိပ်သီး ကလပ်တွေနဲ့ သတင်းတွေ ထွက်ပေါ်လေ့ ရှိသူ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အခုအခါ မှာတော့ စပိန် သတင်းစာ မာကာက ရီးရဲလ်မက်ဒရစ် နည်းပြဟောသ်’ ဇီဒန်း အနေနဲ့ ပရီးမီးယားလိဂ်ကို ရောက်ရှိလာဖို့ အလားအလာ လုံးဝ မရှိကြောင်း ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ် ဂန္တဝင် ကွင်းလယ် ကစားသမားဟောင်း ဇနက်ဒင် ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်ကို နှစ်ကြိမ်တိုင်တိုင် ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှု များစွာ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ အတူ လာလီဂါ ၂ ကြိမ်၊ စပိန်စူပါဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ၃ ကြိမ်၊ ဥရောပ စူပါဖလား ၂ ကြိမ်၊ ကလပ် ကမ္ဘာ့ဖလား ၂ ကြိမ် ချန်ပီယံဆုတွေ ရရှိထားခဲ့တာ ဖြစ်ပါတယ်။
သူ့ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပေမယ့်လည်း လက်ခံခဲ့ခြင်း မရှိပါဘူး။ သတင်းတွေရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ ဇီဒန်းဟာ လက်ရှိ ဒီဒီယာ ဒက်ရွှမ့်စ် ကိုင်တွယ်နေတဲ့ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ နည်းပြချုပ် ရာထူးကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ တချို့ ကလည်း ဇီဒန်းဟာ သူရရှိထားတဲ့ အောင်မြင်မှုတွေကို ဆက်လက် ထိန်းသိမ်းထားလိုတာကြောင့် စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့ ကြောက်ရွံ့နေသူလို့ ဝေဖန်မှုတွေ ပြုလုပ်လျက် ရှိပါတယ်။
မာကာ သတင်းစာ ကတော့ ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်ကို တတိယ အကြိမ်မြောက် ပြန်လည် ကိုင်တွယ်ရန် ဒါမှမဟုတ် ပြင်သစ် လက်ရွေးစင် အသင်းကို ကိုင်တွယ်ရန်သာ ဆုံးဖြတ်ထားတယ်လို့ သုံးသပ် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အသက် ၅၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဇနက်ဒင် ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်ကို ၂၀၁၆ ခုနှစ် ကနေ ၂၀၁၈ ခုနှစ် အထိ တစ်ကြိမ်၊ ၂၀၁၉ ခုနှစ် ကနေ ၂၀၂၁ ခုနှစ် အထိ တစ်ကြိမ် ကိုင်တွယ်ခဲ့ဖူးပြီး ဆုဖလား ၁၁ လုံး အထိ ရယူပေးနိုင်ခဲ့ပါတယ်။
ဇီဒန်းဟာ ၂၀၂၁ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲပြီး ကတည်းက ဥရောပ ထိပ်တန်း ကလပ် အများစုနဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့်လည်း ဘယ်အသင်းကိုမှ ကိုင်တွယ်ခဲ့ခြင်းတော့ မရှိသေးပါဘူး။ လက်ရှိမှာ သူ့ရဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ဟာ နည်းပြ ကာလို အန်ဆယ်လော့တီကို စာချုပ် သက်တမ်း ကုန်ဆုံးချိန်မှာ လမ်းခွဲပြီးတော့ နည်းပြသစ် တစ်ဦးနဲ့ အစားထိုး ခန့်အပ်ဖို့ ရှိနေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ နံပါတ် ၁ ပစ်မှတ် နည်းပြ ကတော့ လက်ရှိ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင် နည်းပြ ဇာဘီ အလွန်ဆိုလည်း ဖြစ်ပါတယ်။ အကယ်၍ ဇီဒန်း ကလည်း ရီးရဲလ်မက်ဒရစ် နည်းပြ ရာထူးကို ပြန်လည် စိတ်ဝင်စားလာခဲ့မယ် ဆိုရင်တော့ လာလီဂါ ကလပ် အနေနဲ့ ဘယ်သူ့ကို ရွေးချယ်မလဲ ဆိုတာ စိတ်ဝင်စားစရာတော့ ကောင်းနေခဲ့ပါပြီ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.