နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လူပြန်စုံပြီး ကစားပုံ ကောင်းလာပေမယ့် သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ လိဒ်စ် (ပရီးမီးယားလိဂ် ပွဲပြီး သုံးသပ်ချက်)

လိဒ်စ်ယူနိုက်တက် ၁ – ၁ လက်စတာစီးတီး

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဒ်စ်ယူနိုက်တက်နဲ့ လက်စတာစီးတီးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကတော့ အကြိတ်အနယ် ရှိခဲ့ပြီး တစ်ဖက် ၁ ဂိုးစီ သရေ ရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ လိဒ်စ်ရော လက်စတာပါ လူစုံခဲ့လို့ အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ကြည့်ကောင်းခဲ့ပေမယ့် အဆုံးသတ်ပိုင်း လိုအပ်ချက်တွေကြောင့် နှစ်သင်းလုံး သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
 

ပွဲစဉ်အကျဉ်း

 
ဒီနေ့ပွဲမှာ မာဆယ်လို ဘီရဲယ်ဆာရဲ့ အသင်းက အဓိက ကစားသမားတွေ ပြန်ကစားနိုင်ပြီ ဖြစ်တဲ့ အတွက် ၄-၁-၄-၁ ကစားကွက်ကို ပြန်လည် အသုံးပြုခဲ့ပြီး လက်စတာစီးတီး ကတော့ ၄-၃-၃ ကစားကွက်နဲ့ ကိုမှ ဖိုဖာနာ၊ ဂျက်စတင်၊ အောလ်ဘရိုက်တန် တို့နဲ့ လူစုံခဲ့ပါတယ်။ လိဒ်စ်ယူနိုက်တက်ရဲ့ ထုံးစံအတိုင်း High Pressing ကစားဟန်နဲ့ အတူ ပွဲစကတည်းက ပြိုင်ဘက် အသင်းရဲ့ နောက်တန်းကို ခြိမ်းခြောက်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ တိုက်စစ်ကို လိုက်ပါလွန်းတာကြောင့် လက်စတာစီးတီးရဲ့ တန်ပြန်တိုက်စစ် ကိုလည်း အသည်းအသန် ပြန်လည် ထိန်းချုပ်နေခဲ့ရပြီး ပွဲချိန် ၂၆ မိနစ် မှာတင်ပဲ သွင်းဂိုးတွေ စတင် မြင်တွေ့ခဲ့ရပါတယ်။ ဦးဆောင်ဂိုး ကတော့ လိဒ်စ်ယူနိုက်တက်ပဲ စတင် ရရှိခဲ့တာ ဖြစ်ပြီး ရာဖင်ညာ က အလွတ်တည်ကန်ဘော ကနေ တစ်ဆင့် လှလှပပ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လိဒ်စ်တို့ရဲ့ အပျော်တွေ ကြာရှည် မခံခဲ့ပဲ တန်ပြန် တိုက်စစ် ကနေ ဘူဘာကာရီ ဆူမာရေး မျှောပေးလိုက်တဲ့ ဘောလုံးကို ဟာဗေး ဘန်းစ်က ထောင့်ဖြတ် အလှပဆုံး အဆုံးသတ်‌ ပေးသွားခဲ့လို့ လက်စတာစီးတီးတို့ ချေပဂိုး ရရှိသွားခဲ့ပါတယ်။ အဲ့နောက် ဒုတိယပိုင်း ၆၇ မိနစ်မှာ ရော့ဒ်ဂျားစ်ရဲ့ အသင်းဟာ လွတ်ခ်မန်းရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခွင့်ရဖို့ နီးစပ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင် ဒါရန် အင်္ဂလန်က VAR ပြန်ကြည့်ပြီး လူကျွံဘော အဖြစ်သာ သတ်မှတ်ပေးခဲ့လို့ လက်စတာတို့ နစ်နာခဲ့ရပါတယ်။ ဒါ့အပြင် ရာဖင်ညာရဲ့ ကန်ချက် ဂိုးဘားတန်းပေါ် ကျော်သွားတာတွေ၊ ရှမိုက်ကယ်ရဲ့ ကာကွယ်မှုတွေကြောင့်လည်း အိမ်ရှင် လိဒ်စ်ယူနိုက်တက်တို့ အနိုင် ၃ မှတ်နဲ့ ဝေးခဲ့ရပြီး သရေ ရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒီပွဲရလဒ်ကြောင့် လိဒ်စ်ယူနိုက်တက်တို့ အခုနှစ် ပရီးမီးယားလိဂ် မှာ ၅ ပွဲမြောက် သရေပွဲနဲ့ ကြုံခဲ့ရပြီး အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ လက်စတာစီးတီး ကတော့ ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှုနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

လက်စတာစီးတီး ကတော့ ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှုနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေတဲ့ လက်စတာစီးတီး

ပွင့်ပွင်းလင်းလင်း ပြောရရင် ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းပိုင်း စုတ်ပြတ်သတ်နေခဲ့သမျှ ဒီပွဲမှာတော့ အဓိက ကစားသမားတွေ ပြန်စုံလာမှုနဲ့ အတူ အားရစရာ အနေအထားတစ်ခု ပြန်လည် မြင်တွေ့ခဲ့ရပါတယ်။ ပက်ထရစ် ဘမ်းဖို့ဒ် မပါနိုင်သေးတဲ့ တိုက်စစ်က ဒန်ဂျိမ်းစ်နဲ့ မလုံလောက်ခဲ့ပေမယ့် ရာဖင်ညာရဲ့ ခြေစွမ်းပြမှုက လိဒ်စ်ကို ရမှတ်တွေ ရှာဖွေပေးနေတယ်လို့ပဲ ဆိုရပါမယ်။ ဘရန်ဒန် ရော့ဒ်ဂျားစ်ရဲ့ အသင်း ကတော့ ကစားသမား ကောင်းတွေ ရှိနေပေမယ့် ခြေစွမ်းပိုင်း ကတော့ စိတ်ပျက်စရာ ကောင်းနေဆဲလို့ ပြောလို့ ရပါတယ်။
 

လာမယ့်ပွဲစဉ်များ

လိဒ်စ်ယူနိုက်တက်တို့ လာမယ့် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ တော့တင်ဟမ်ဟော့စပါးနဲ့ ပွဲကြပ် ရင်ဆိုင်ရဖို့ ရှိပြီး လက်စတာစီးတီး ကတော့ ချဲလ်ဆီးနဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်