နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဲလန်ရုတ်ဒ်မှာ ကြီး ၆ ကြီးကို အတည်ဆွဲစားခဲ့တဲ့ ဘီရဲယ်ဆားရဲ့ လိဒ်စ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

လိဒ်စ်ယူနိုက်တက် ၃ – ၁ တော့တင်ဟမ်ဟော့စပါး

မနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လိဒ်စ်ယူနိုက်တက်နဲ့‌ တော့တင်ဟမ်ဟော့စပါးတို့ရဲ့ ပရီးမီးယာလိဂ် ပွဲစဉ် (၃၅) ကတော့ အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ အကြိတ်အနယ်ရှိခဲ့ပြီး ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒီရာသီမှာ မာဆယ်လို ဘီရဲယ်ဆားရဲ့ အသင်းက ထိပ်သီး ၆ သင်းနဲ့ အဲလန်ရုတ်ဒ်မှာ ကစားခဲ့တဲ့  ပရီးမီးယားလိဂ် ပွဲစဉ်တိုင်းကို ရလဒ်ကောင်းအောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီး အခုပွဲရလဒ်ကြောင့် အမှတ်ပေးဇယား အဆင့် ၉ နေရာကိုလည်း တက်လှမ်းနိုင်ခဲ့ပါတယ်။

အိမ်ရှင် လိဒ်စ်ယူနိုက်တက် တို့ကတော့ ထုံးစံအတိုင်း ၄-၁-၄-၁ ကစားကွက်ကိုပဲ အသုံးပြုခဲ့ပြီး ကွင်းလယ်က ကယ်ဗင်ဖီးလစ် နေရာမှာ ရော်ဘင်ကော့ချ် ပါဝင်လာတာက လွဲရင် ပုံမှန်ပွဲထွက်နေကြ ကစားသမားတွေနဲ့ပဲ တော့တင်ဟမ်ဟော့စပါးကို ရင်ဆိုင်ခဲ့ပါတယ်။ စပါးတို့ကလည်း အရင်ပွဲတွေတုန်းက အတိုင်းပဲ ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုခဲ့ပြီး ကိန်း၊ ဆွန်၊ ဘေးလ်၊ အယ်လီ၊ လိုဆယ်ဆို၊ ရက်ဂီလွန်း စတဲ့ ကစားသမားတွေနဲ့ပဲ ပွဲထွက်လာပါတယ်။ ဘီရဲယ်ဆားရဲ့ အသင်းက သူတို့ရဲ့ ထုံးစံအတိုင်း ပွဲအစကနေ အဆုံးထိ တိုက်စစ်ကို ဖွင့်ကစားသွားပြီး ဒီနေ့ပွဲမှာလည်း သူတို့အသင်းရဲ့ တိုက်စစ် ကစားပုံက စပါး နောက်တန်းက ရက်ဂီလွန်၊ အော်ရီယာ၊ ဒိုင်ယာ၊ အန်ဒါဝီရယ်တို့ကို တောက်လျောက် အလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ပွဲချိန် ၁၃ မိနစ်မှာတင် လိဒ်စ်ယူနိုက်တက်တို့ ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်က စတူးဝပ်ဒါးလက်စ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လိဒ်စ်ရဲ့ တောက်လျောက် ဖိအားပေးကစားနေတာ ခံနေရတဲ့ စပါးတို့ ပွဲချိန် ၂၅ မိနစ် မှာတော့ မထင်မှတ်ပဲ ချေပဂိုးရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဒယ်လီအယ်လီ ခင်းပေးရာကနေ ဆွန်ဟောင်မင်က အဆုံးသတ်ပေးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်း ပွဲပြီးခါနီးမှာ အယ်လီယိုစကီး ချိုးပေးတဲ့ ဘောလုံးကို ဘမ်းဖို့ဒ်က စပါးနောက်ခံလူတွေ ကြားကနေ ပိတ်သွင်းပေးသွားခဲ့လို့ လိဒ်စ်ယူနိုက်တက်တို့ ပထမပိုင်းအပြီးမှာ ၂-၁ နဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာလည်း လိဒ်စ်ယူနိုက်တက်တို့ပဲ လျင်လျင်မြန်မြန်နဲ့ စပါး နောက်တန်းကို တောက်လျောက် ဖိအားပေးနိုင်ခဲ့တာ တွေ့ရပါတယ်။ ပွဲချိန် ၈၄ မိနစ် မှာ‌တော့ ဘမ်းဖို့ဒ် နေရာမှာ လူစားဝင်လာတဲ့ ရိုဒရီဂို က ရာဖင်ညာရဲ့ ဖန်တီးပေးပို့မှုကနေ တတိယဂိုး သွင်းယူသွားခဲ့လို့ လိဒ်စ်ယူနိုက်တက်တို့ အဲလန်ရုတ်ဒ်မှာ စပါးကို ၃-၁ နဲ့ ဂိုးပြတ် အနိုင်ယူပြီး ပထမအကျော့ ရှုံးပွဲကို ပြန်လည် ချေပနိုင်ခဲ့ပါတယ်။

စပါးကတော့ အသက် ၂၉ နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ်နည်းပြ ရွိုင်ယန်မေဆန် အနေနဲ့ သူ့ရဲ့ ၃ ပွဲမြောက် ပရီးမီးယားလိဂ် ပွဲစဉ် မှာတင် ရှုံးပွဲ စတွေ့ခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်ထိ သူ့လက်ထက်မှာ ၄ ပွဲကစား၊ ၂ ပွဲနိုင်၊ ၂ ပွဲရှုံးထားလို့ အားရစရာ အနေအထားတော့ မဟုတ်ပါဘူး။
ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ဖို့များသွားတဲ့ တော့တင်ဟမ်ဟော့စပါး

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ မာဆယ်လို ဘီရဲယ်ဆားရဲ့ အသင်းက ပုံမှန်ကစားနေကြ ကစားဟန်အတိုင်း ကစားသွားခဲ့ပြီး ပရီးမီးယားလိဂ် ထိပ်သီး ၆ သင်းထဲက ၁ သင်းဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးကို ထပ်ပြီး ပညာပြသွားခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီမှ တန်းပြန်တက်လာတဲ့ နည်းပြ မာဆယ်လို ဘီရဲယ်ဆားရဲ့ နည်းစနစ်ပိုင်းအပြင် လိဒ်စ်ယူနိုက်တက် ကစားသမားတွေရဲ့ ခြေစွမ်းနဲ့ ကြိုးစား အားထုတ်မှုကိုတော့ မဖြစ်မနေ ချီးကျူးရတော့မှာ ဖြစ်ပါတယ်။ တစ်ချိန်က ပရီးမီးယားလိဂ် မှာ ပြိုင်ဘက်တွေ သတိထား ကစားခဲ့ရတဲ့ လိဒ်စ်ယူနိုက်တက်တို့ရဲ့ ကစားဟန်အတိုင်း လျင်လျင်မြန်မြန်နဲ့ ပြန်လည် တည်ဆောက်ထားနိုင်ပြီ ဖြစ်လို့ လာမယ့် ရာသီတွေမှာ အခုထက် ပိုကောင်းတဲ့ ခြေစွမ်းမျိုးနဲ့ အောင်မြင်မှုတွေ တကျော့ပြန် ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။ စပါးကတော့ အသက် ၂၉ နှစ်အရွယ်သာ ရှိသေးတဲ့ လူငယ်နည်းပြ ရွိုင်ယန်မေဆန် အနေနဲ့ သူ့ရဲ့ ၃ ပွဲမြောက် ပရီးမီးယားလိဂ် ပွဲစဉ် မှာတင် ရှုံးပွဲ စတွေ့ခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်ထိ သူ့လက်ထက်မှာ ၄ ပွဲကစား၊ ၂ ပွဲနိုင်၊ ၂ ပွဲရှုံးထားလို့ အားရစရာ အနေအထားတော့ မဟုတ်ပါဘူး။ လက်ရှိ ခြေစွမ်းနဲ့ ရမှတ် အနေအထားအရ ဆိုရင် စပါးတို့ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ဆိုတာ မဖြစ်နိုင်သလောက် ရှိသွားခဲ့ပါပြီ။
 

လာမယ့်ပွဲစဉ်များ

လိဒ်စ်ယူနိုက်တက်တို့ လာမယ့် တစ်ပတ်မှာတော့ ဘန်လေနဲ့ကစားရမှာ ဖြစ်ပြီး စပါးကတော့ ဝုဗ်နဲ့ တွေ့ဆုံနေလို့ ပွဲကြပ်တစ်ပွဲ ထပ်ပြီးကစားရဦးမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်