နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၁၉၆၉ ခုနှစ်နောက်ပိုင်း အက်ဖ်အေဖလား ဗိုလ်လုပွဲကို ပြန်လည်တက်လှမ်းနို်ငခဲ့တဲ့ လက်စတာစီးတီး

လက်စတာစီးတီး ၁ – ၀ ဆောက်သမ်တန်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်မှာတော့ လက်စတာစီးတီးတို့ ကယ်လက်ချီ အီယန်နာချို ရဲ့တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပါတယ်။ လက်စတာစီးတီးတို့အနေနဲ့ အက်ဖ်အေဖလားမှာ ၅ ကြိမ် မြောက်အဖြစ် ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး ၁၉၆၉ ခုနှစ်က နောက်ဆုံးအကြိမ် အဖြစ် တက်လှမ်းထားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ လက်စတာစီးတီးတို့ ၃-၄-၁-၂ ကစားကွက်ကို အသုံးပြုခဲ့ပြီး တိုက်စစ်မှာ အီယန်နာချိုနဲ့ ဗာဒီကို ထားပြီး ကွင်းလယ်မှာ ပီရက်ဇ်၊ ကွင်းလယ်မှာ တိုင်လီမန့်စ်နဲ့ အန်ဒီဒီ၊ Full Back မှာတော့ ကတ်စတန်နီနဲ့ ပရဲရား၊ နောက်တန်းမှာ ဆွိုင်ယွန်ချူး၊ အီဗန့်စ်၊ ဖိုဖာနာနဲ့ ဂိုးမှာတော့ ကတ်စပါ ရှမိုက်ကယ်ပဲ ပါ၀င်လာခဲ့ပါတယ်။ ဆောက်သမ်တန် ကတော့ ၄-၄-၂ကစားကွက်နဲ့ ပွဲထွက်လာပြီး ဒန်နီအင့်ဂ်၊ ရက်ဒ်မွန်၊ ၀က်ဒ်ပရောက်စ်၊ အမ်းစတောင်း၊ ဒီဂျန်ပို၊ ဗက်စတာဂတ်၊ ဘက်ဒ်နာရက်ခ်၊ ဝေါလ်တာပီတာ့စ်၊ ဒိုင်ယာလို၊ ဘင်ဖော်စတာတို့နဲ့ အတောင့်တင်းဆုံး ပုံစံနဲ့ လက်စတာစီးတီးကို ရင်ဆိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ နှစ်သင်းစလုံးဟာ တစ်သင်းအမှား တစ်သင်းစောင့်ရင်း ကစားခဲ့ကြလို့ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ မမြင်တွေ့ခဲ့ရသလို ဘောလုံးကလည်း မကြာခဏ အပျက်များနေခဲ့ပါတယ်။ နှစ်သင်းစလုံးရဲ့ ခံစစ်ကစားသမားတွေ ဒီနေ့ပွဲမှာ အကောင်းဆုံး ပုံစံပြသနိုင်ခဲ့လို့ တိုက်စစ်မှူးတွေ ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လက်စတာစီးတီးတို့ ပိုကောင်းတဲ့ ကစားဟန်ရခဲ့ပြီး ပွဲချိန် ၅၅ မိနစ်မှာတော့ လက်စတာစီးတီး တိုက်စစ်မှာ ဂိုးမြူးနေတဲ့ အီယန်နာချိုက အခုပွဲအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ လက်စတာစီးတီး တို့ ပွဲကိုထိန်းဖို့ အဲလ်ဘရိုက်တန်၊ မက်ဒီဆင်တို့ကို ထည့်ခဲ့ပြီး ဆောက်သမ်တန် ကတော့ ဝဲလ်ကော့တ်၊ တဲယ်လာ၊ ဆယ်လီဆူတို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ပွဲအဖြေကို ပြောင်းလဲနိုင်ခြင်း မရှိခဲ့လို့ ၁-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

အက်‌ဖ်အေဖလား မှာ ၁၉၇၆ ခုနှစ်က ချန်ပီယံ တစ်ကြိမ် ဖြစ်ထားဖူးတဲ့ ဆောက်သမ်တန် ကတော့ ၅ ကြိမ်မြောက် ဗိုလ်လုပွဲ တက်ခွင့်နဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။
အက်ဖ်အေဖလား ချန်ပီယံ ၁ကြိမ်ဖြစ်ထားတဲ့ ဆောက်သမ်တန်

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ နှစ်သင်းစလုံး ခြေစွမ်းပိုင်း သိပ်မကွာခဲ့ပေမယ့် ပွဲအဖြေထုတ်ပေးနိုင်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ အသင်းက အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ လက်စတာစီးတီးတို့ အခုနိုင်ပွဲကြောင့် အက်ဖ်အေဖလား ဗိုလ်လုပွဲကို နှစ်ပေါင်း ၅၀ ကျော် အကြာမှ ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။ လက်စတာစီးတီးဟာ အက်ဖ်အေဖလား သမိုင်းမှာ ဗိုလ်လုပွဲ ၄ ကြိမ် တက်ရောက်ခဲ့ဖူးပေမယ့် ဆုဖလား အောင်မြင်မှု မရဖူးသေးတဲ့ အသင်းလည်း ဖြစ်ပါတယ်။ အက်‌ဖ်အေဖလား မှာ ၁၉၇၆ ခုနှစ်က ချန်ပီယံ တစ်ကြိမ် ဖြစ်ထားဖူးတဲ့ ဆောက်သမ်တန် ကတော့ ၅ ကြိမ်မြောက် ဗိုလ်လုပွဲ တက်ခွင့်နဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

လက်စတာစီးတီးတို့ လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ ၀က်စ်ဘရွန်းနဲ့ ကစားရမှာ ဖြစ်ပြီး ဆောက်သမ်တန် ကတော့ တော့တင်ဟမ်ဟော့စပါးနဲ့ ကစားရမှာလည်း ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်