နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လက်စတာတို့ နိုင်ပွဲဆက်ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင် ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

လက်စတာစီးတီး ၁ – ၀ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ရဲ့ လက်စတာစီးတီးနဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်တို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် လက်စတာစီးတီးက ဂျင်မီဗာဒီရဲ့ ပင်နယ်တီ သွင်းဂိုး ၁ဂိုးတည်းနဲ့ ဝုဗ်ကို အနိုင်ရရှိပြီး ပြိုင်ပွဲစုံ ၆ ပွဲဆက် နိုင်ပွဲဆက်တဲ့ စံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

 

ပွဲပြီးမှတ်တမ်း

နောက်ပိုင်း ပွဲစဉ်တွေမှာ တောက်လျောက် နိုင်ပွဲတွေ ဆက်နေတဲ့ လက်စတာစီးတီးတို့ အကောင်းပုံစံ ရရှိနေပြီးတော့ ဝုဗ်နဲ့ ကစားတဲ့ အခုလို အရေးကြီးတဲ့ပွဲစဉ်မှာလည်း ဘရန်ဒန်ရော်ဂျာရဲ့ အသင်းက အတတ်နိုင်ဆုံး အနိုင် ၃မှတ် အပြည့်ရအောင် ကစားသွားနိုင်ခဲ့တာ တွေ့ရပါတယ်။ လက်စတာတို့ အသင်းကြီးတွေနဲ့ ကစားတဲ့ ပွဲစဉ်တွေမှာဆိုရင် အသုံးပြုလေ့ရှိတဲ့ ၃-၄-၂-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့တာတွေ့ရပါတယ်။ ထုံးစံအတိုင်း တိုက်စစ်မှာ ဂျင်မီဗာဒီကို အထောင်ထားပြီး ပရက်၊ မက်ဒီဆင်၊ ကွင်းလယ်မှာ ဂျက်စတင်၊ တိုင်လီမန့်စ်၊ မန်ဒီ၊ သောမက်စ်၊ နောက်ခံလူတွေအဖြစ် အီဗန့်စ်၊ ဖိုဖာနာ၊ ဖွတ်ချ်စ်၊ ဂိုးသမား နေရာမှာတော့ ကတ်စပါရှမိုက်ကယ်တို့နဲ့ ပွဲထွက်လာတာ တွေ့ရပါတယ်။ ဧည့်သည် ဝုဗ်ကတော့ တိုက်စစ်မှာ ဂျင်မီနက်ဇ်၊ ပိုဒန့်စ်၊ နီတို၊ ကွင်းလယ်မှာ နော်ရီ၊ ရူဘင်နားဗက်စ်၊ ဒန်ဒွန်ကာ၊ ဆီမန်ဒို၊ နောက်ခံလူတွေ အဖြစ် ကေးလ်မန်း၊ ကိုဒီ၊ ဝီလီဘိုလီနဲ့ ဂိုးနေရာမှာတော့ ရူအီပက်ထရီစီရို တို့ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့ပါတယ်။ တွေ့ဆုံချိန်တိုင်းမှာ ဝုဗ်တို့ အသာရခဲ့တယ် ဆိုပေမယ့် လက်စတာစီးတီး အိမ်ကွင်းမှာ ရုံးကန်ရလေ့ရှိတဲ့ အစဉ်အလာဆိုးကနေ ဝုဗ်တို့ မလွတ်မြောက်နိုင်ခဲ့ပါဘူး။ ဒီပွဲမှာ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်ထိုးဖောက်ပြီး သွင်းဂိုးတွေ ရရှိဖို့ ကြိုးပမ်းခဲ့ကြတယ် ဆိုပေမယ့် ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေတော့ ပြုလုပ်နိုင်ခြင်း မရှိခဲ့တာ တွေ့ရပါတယ်။ ပွဲပြီး မှတ်တမ်းတွေအရ ကြည့်မယ် ဆိုရင်တော့ တစ်ပွဲလုံးမှာမှ အိမ်ရှင် လက်စတာစီးတီးက ဂိုးပေါက်တည့်မှု ၃ ကြိမ်ပဲ ရှိခဲ့သလို ဧည့်သည် ဝုဗ်ကတော့ ၂ကြိမ်ပဲ ဂိုးပေါက် တည့်ခဲ့တာ တွေ့ရပါတယ်။ လက်စတာအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ဂျင်မီဗာဒီက ပွဲချိန် ၁၅ မိနစ်မှာ ပင်နယ်တီကနေတစ်ဆင့် ရယူပေးခဲ့တာ ဖြစ်တယ်။ ပွဲချိန် ၃၉ မိနစ်မှာ လက်စတာတို့ ပင်နယ်တီ ကန်သွင်းခွင့် ထပ်မံရရှိခဲ့ပေမယ့် ဝုဗ်ဂိုးသမား ရူအီပက်ထရီစီရို ပုတ်ထုတ်ကာကွယ်ခဲ့လို့ လက်စတာတို့ ၂ဂိုးပြတ် ဦးဆောင်ခွင့်နဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ လက်ကျန် ပွဲချိန်တွေမှာတော့ လက်စတာစီးတီး ဂိုးသမား ကက်စပါ ရှမိုက်ကယ် ကာကွယ်မှုတွေ ပြုလုပ်ခဲ့လို့ ပွဲအပြီးမှာ ၁-၀ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

 

အဓိကအချက်အလက်များ

လက်ရှိမှာတော့ လက်စတာစီးတီးတို့ နိုင်ပွဲဆက်ပြီး ရမှတ် ၁၈မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်
ပြိုင်ပွဲစုံ ၁၂ပွဲကစားပြီး ၉ ပွဲအနိုင်ရရှိခဲ့တဲ့ လက်စတာစီးတီး

လက်စတာစီးတီးရဲ့ လက်ရှိခြေစွမ်းပိုင်းအရ ကြည့်မယ်ဆိုရင် နည်းပြ ဘရန်ဒန်ရော်ဂျာ အနေနဲ့ နိုင်ပွဲတစ်ပွဲအတွက် မဖြစ်မနေ ဆိုတဲ့ အခြေအနေမှာ အတတ်နိုင်ဆုံး ရမှတ်တွေကို အကောင်းဆုံး ရယူပေးနေတယ်လို့ ဆိုရမှာပါ။ အသက် ၃၃နှစ်အရွယ် တိုက်စစ်မှူး ဂျင်မီဗာဒီရဲ့ လက်ရှိ ပရီးမီးယားလိဂ် မှာ ၆ပွဲကစားပြီး ၈ဂိုးအထိ သွင်းယူထားနိုင်တဲ့ စွမ်းဆောင်ရည်ကိုလည်း မဖြစ်‌မနေ ချီးကျူးရမှာပါ။ နောက်တန်းက ဘန်ချေးလ်ဝဲလ် ထွက်ခွာသွားတဲ့အချိန်မှာ ဖိုဖာနာ၊ ဖွတ်ခ်ျစ်၊ အီဗန့်စ် တို့နဲ့ အကောင်းဆုံး ထိန်းထားနိုင်ပြီး တောင်ပံက ကတ်စတန်ဂီ မပါ၀င်လာနိုင်တဲ့ အချိန်မှာလည်း ဂျိမ်းစ် ဂျက်စတင်ရဲ့ ပုံစံကောင်းတစ်ခုကို မြင်တွေ့ခဲ့ရတာကတော့ လက်စတာစီးတီးအတွက် အားရစရာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ လက်စတာစီးတီးတို့ နိုင်ပွဲဆက်ပြီး ရမှတ် ၁၈မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်

 

လာမယ့်ပွဲစဉ်များ

လာမယ့်ပွဲစဉ်တွေအဖြစ် လက်စတာတို့ စနေနေ့မှာ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လစ်ဗာပူးလ် အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံကစားရဖို့ရှိသလို ဝုဗ်ကတော့ ဆောက်သမ်တန်၊ အာဆင်နယ်၊ လစ်ဗာပူးလ်၊ ဗီလာ၊ ချဲလ်ဆီးတို့ နဲ့ ထိပ်တိုက်တွေ့ဆုံနေခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်