နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘောလုံးကမ္ဘာကိုပုံပြင်ပြောပြီး လာလီဂါမှာ ဆက်ရှိဦးမယ့်မက်ဆီ

ကမ္ဘာဘောလုံးသတင်း လောကတစ်ခုလုံးကို လှုပ်ခတ်စေခဲ့တဲ့ မက်ဆီကတော့ လာလီဂါကလပ် ဘာစီလိုနာရဲ့ လေ့ကျင့်ရေးကွင်းမှာ ရာသီကြိုပြင်ဆင်မှုအနေနဲ့ လေ့ကျင့်ခန်းတွေ ဆင်းနေခဲ့ပါပြီ။ ရက်သတ္တပတ် နှစ်ပတ်အကြာလောက် ဘောလုံးလောကကို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့တဲ့ မက်ဆီဟာ အမှန်တကယ်ပဲ ကတ်တာလန်မြေကို စွန့်ခွာချင်ခဲ့ပါတယ်။ ဘေယန်မြူးနစ်ကို ၈-၂ နဲ့ အရေးနိမ့်ခဲ့ပြီးတဲ့နောက် မက်ဆီရဲ့ အသင်းအပေါ်မှာ စိတ်ပျက်နေတဲ့ပုံစံကို သိသိသာသာမြင်တွေ့ခဲ့ရသလို နည်းပြသစ် ရော်နယ်ကိုးမန်းရဲ့ စီမံခန့်ခွဲမှုကို မကျေနပ်တာကြောင့် လာလီဂါကလပ် ကနေ ထွက်ခွာဖို့အထိ တရားဝင်ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မက်ဆီကို ငွေကြေးချမ်းသာတဲ့ ကလပ်တချို့က ကြိုက်ကြေးပေး အသည်းအသန် ခေါ်ယူဖို့ ပြင်ဆင်ခဲ့ပြီး သတင်းဌာနကြီးတစ်ချို့ရဲ့ဖော်ပြမှုအရဆိုရင် မက်ဆီကို ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီး ဂျာဆီနဲ့အတူ တွေ့ရတော့မလိုတောင် ထင်ခဲ့ရပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ မက်ဆီအတွက် တစ်နှစ်ကိုပေါင်သန်း ၁၀၀ တန်ကြေးရှိတဲ့ စာချုပ်နဲ့ ခေါ်ယူဖို့အထိ ပြင်ဆင်ထားခဲ့ပေမယ့် မက်ဆီကတော့ အချစ်ဟောင်းဆီမှာပဲ ဆက်နေဖို့ ဆုံံးဖြတ်ချက်ချခဲ့ပါတယ်။ မက်ဆီဟာ ဘယ်လိုအခြေအနေမျိုးရောက်ရောက် နှုတ်ဆိတ်နေတတ်သူဆိုတာ အားလုံးသိပါတယ်။ ဒါပေမယ့် သူ့ရဲ့ နှုတ်ကနေ အသင်းကနေထွက်ခွာချင်ပေမယ့် ကလပ်နဲ့စာချုပ်သက်တမ်းကျန်ရှိတဲ့အတိုင်း တစ်ရာသီဆက်နေဖို့ ဆံုံးဖြတ်ခဲ့တယ်လို့ ဆိုခဲ့တာကြောင့် ဘာစီလိုနာဘက်က နည်းလမ်းပေါင်းစုံနဲ့ ထိန်းသိမ်း လိုက်နိုင်တယ်ဆိုတာ သိသာပါတယ်။

မက်ဆီရဲ့စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင်သန်း ၆၃၀ တန်ကြေးရှိပေမယ့် ချန်ပီယံလိဂ်ပွဲစဉ်တွေ မပြီးဆုံးခင်ကတည်းက သက်တမ်းကုန်ဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘာစီလိုနာဘက်က ကိုဗစ်ရောဂါကာလရပ်နားထားခဲ့တဲ့ အချိန်တွေထည့်ပေါင်းပြီး မက်ဆီရဲ့ထွက်ခွာကြေးကိုလျှော့ပေးဖို့ အစီအစဉ်မရှိခဲ့ပါဘူး။ မက်ဆီကို ခေါ်ယူဖို့ ပီအက်စ်ဂျီနဲ့ မန်ချက်စတာစီးတီးတို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုပေမယ့် အမှန်တကယ် အရခေါ်ယူဖို့ အားစိုက်ခဲ့တာ မန်စီးတီးပါ။ နည်းပြ ပပ်ဂွာဒီယိုလာကိုယ်တိုင်က တပည့်ဟောင်း မက်ဆီနဲ့ တကျော့ပြန်လက်တွဲချင်ခဲ့သလို အသင်းကလည်း မက်ဆီကို ခေါ်ယူနိုင်ရင် ချန်ပီယံလိဂ်ဖလား ရရှိနိုင်မယ်ဆိုတဲ့ တစ်ထစ်ချ ကောက်ချက်ဆွဲပြီး မျက်စိမှိတ်ခေါ်ဖို့ ကြိုးပမ်းခဲ့တာပါ။

လာလီဂါကလပ် နဲ့အတူ ၁၆ရာသီအတွင်း ၇၄၂ ပွဲကစားပြီး ၆၄၂ ဂိုးသွင်းယူနိုင်ခဲ့
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ၆ကြိမ်အပါအဝင် ကမ္ဘာနဲ့ ဥရောပအဆင့် တစ်ဦးချင်း အောင်မြင်မှု ၁၀၀ ကျော်လောက် ပိုင်ဆိုင်ခဲ့တဲ့ မက်ဆီ

ဒါပေမယ့် မန်ချက်စတာစီးတီးတို့ရဲ့ မျှော်လင့်ချက်တွေ ပျောက်ဆုံးခဲ့ရပါပြီ။ စက်တင်ဘာ ၂ရက်နေ့ မက်ဆီရဲ့ဖခင် ဂျော့မက်ဆီက ဘာစီလိုနာကို လိုက်လာခဲ့ပြီး စက်တင်ဘာ ၃ ရက်နေ့မှာ ဘာတိုမြူနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ စက်တင်ဘာ ၄ ရက်နေ့မှာ ဂျော့မက်ဆီက စာချုပ်ပါ လျော်ကြေးယူရိုသန်း ၇၀၀ ဆိုတဲ့အချက်က အကျုံးမဝင်ဘူးလို့ တရားဝင်ရေးသားထုတ်ပြန်ခဲ့ပေမယ့်လည်း အဲဒီနေ့နှောင်းပိုင်းမှာပဲ မက်ဆီက သူအနေနဲ့ အသင်းမှာဆက်ရှိနေမှာ ဖြစ်ကြောင်း ဘာတိုမြူနဲ့ဆွေးနွေးပြီးနောက်မှာ တရားဝင်ဖွင့်ဟခဲ့ပါတယ်။

မန်စီးတီးတို့ရဲ့ ရင်ခုန်သံတွေ ရက်ပိုင်းအတွင်းမှာပဲ တိတ်ဆိတ်သွားခဲ့ရတာဖြစ်ပါတယ်။ မက်ဆီနဲ့ ပတ်သတ်ပြီး မျှော်လင့်ချက်ကြီးခဲ့တဲ့ မန်စီးတီးအသင်းဟာ ကစားသမား အသင်းကိုရောက်ရှိလာခဲ့ရင် တခမ်းတနား ကြိုဆိုဖို့တောင် စီစဉ်ထားခဲ့တယ်လို့ သတင်းဌာနတချို့ရဲ့ ဖော်ပြချက်တွေမှာ တွေ့ခဲ့ရပါတယ်။ တစ်ဖက်မှာ ဘာစီလိုနာဘက်ကလည်း မက်ဆီထွက်မသွားဖို့ အရေး သေရေးရှင်ရေးတမျှ အားထုတ်ခဲ့ပြီး ဥက္ကဌ ဘာတိုမြူကိုယ်တိုင်က မက်ဆီအသင်းကနေမထွက်ခွာဖို့ ရာထူးကနေနှုတ်ထွက်ပေးဖို့အတွက် အဆင်သင့်ရှိခဲ့တယ်လို့လည်းသိရပါတယ်။

ပြိုင်ဘက် ရော်နယ်ဒို ရီးရဲမက်ဒရစ်ကနေ ဂျူဗင်တပ်စ်ဆီ မထင်မှတ်ပဲ ပြောင်းရွှေ့သွားတုန်းကတောင် သိပ်ပြီးမကျယ်လောင်ခဲ့ပါဘူး။ မက်ဆီအသင်းပြောင်းမပြောင်းကို တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေ ဘယ်ကြောင့် စိတ်ဝင်စားကြသလဲဆိုတဲ့ မေးခွန်းမေးရင်တော့ အဖြေကတစ်ခုတည်းရှိပါတယ်။ အသင်းတစ်သင်းတည်းမှာ ၁၆နှစ်ကြာ သစ္စာရှိရှိကစားခဲ့လို့ ဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်းခြေစွမ်းရှိတဲ့ ကစားသမားတွေဆိုရင် ဘယ်လိုအသင်းကြီးမဆို ခေါ်ယူဖို့ ကမ်းလှမ်းတတ်ကြပါတယ်။ မက်ဆီလိုကစားသမားကို မလိုချင်ခဲ့တဲ့ အသင်းမရှိသလောက်ရှားခဲ့သလို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့တဲ့ အသင်းတွေလည်း မနည်းမနေပါ။ ဒါပေမယ့် မက်ဆီရဲ့ သစ္စာရှိမှုကတော့ လေးစားစရာကောင်းခဲ့ပြီး ပရိသတ်တွေအတွက် မက်ဆီနဲ့ဘာစီလိုနာ၊ ဘာစီလိုနာနဲ့ မက်ဆီဆိုပြီး ခွဲခြားဖို့ ခက်ခဲစေခဲ့ပါတယ်။

လာလီဂါကလပ် နဲ့အတူ ၁၆ရာသီအတွင်း ၇၄၂ ပွဲကစားပြီး ၆၄၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး မက်ဆီဟာ ချန်ပီယံလိဂ်ဖလား ၄ကြိမ်၊ လာလီဂါဖလား ၁၀ကြိမ်၊ ကိုပါဒယ်ရေးဖလား ၆ကြိမ်၊ စပိန်စူပါဖလား ၇ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၃ ကြိမ်၊ ကမ္ဘာ့ကလပ်ချန်ပီယံ ၃ကြိမ် နဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ၆ကြိမ်အပါအဝင် ကမ္ဘာနဲ့ ဥရောပအဆင့် တစ်ဦးချင်း အောင်မြင်မှု ၁၀၀ ကျော်လောက် ပိုင်ဆိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း မက်ဆီကတော့ ဘာစီလိုနာမှာ အရင်လိုမပျော်ရွှင်တော့ဘူးဆိုတာ သေချာပါတယ်။ လပိုင်းအတွင်းမှာ လှုပ်ခတ်ခဲ့တဲ့ အခြေအနေတွေအရ မက်ဆီ၊ ဘာစီလိုနာ နဲ့ မန်စီးတီးတို့ဟာ ၃ပွင့်ဆိုင် အချစ်ဇာတ်လမ်းတစ်ပုဒ်ရဲ့ အဆုံးသတ်ဖြစ်ခဲ့ပါပြီ။ တစ်ခုရှိတာက မက်ဆီနဲ့ ဘာစီလိုနာ တို့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ဘာစီလိုနာတို့ မက်ဆီကို လာမယ့်ရာသီမှာ ပျော်ရွှင်မှုတွေ ပြန်ပေးမလား။ ဒါမှမဟုတ် စာချုပ်သက်တမ်းပြည့်ချိန်မှာ နှစ်ဦးသဘောတူ လမ်းခွဲသွားကြမှာလားဆိုတာ ကတော့ လာမယ့် ရာသီအကုန်မှပဲ အဖြေပေါ်လာဖို့ရှိနေပါတယ်။

သေချာတာကတော့ မက်ဆီတစ်ယောက် ပရော်ဖက်ရှင်နယ်ပီသစွာနဲ့ပဲ ဂျိုအန်ဂန်ပါ လေ့ကျင့်ရေးကွင်းမှာ အပြုံးအရယ်မပျက်ဘဲ ရာသီကြိုလေ့ကျင့်ခန်းတွေ ပြန်ဆင်းနေခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်