နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

(၈) ကြိမ်မြောက်ဆုနဲ့ ဘယ်လွန်ဒေါ ဆုပေးပွဲကို နှုတ်ဆက်ခဲ့တဲ့ လီယွန်နယ် မက်ဆီ

“ကျွန်တော့်ကို မဲပေးခဲ့ကြသူတွေအားလုံး အထူးသဖြင့် အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်။ ဒီ ဘယ်လွန်ဒေါဆုက အာဂျင်တီးနား တစ်နိုင်ငံလုံး အတွက် ကြီးကျယ် ခမ်းနားတဲ့ လက်ဆောင်ပါ။ ကျွန်တော် ဟာလန်း၊ အမ်ဘာပေး တို့ကိုလည်း မမေ့ချင်ပါဘူး။ သူတို့က ကြီးကျယ် ခမ်းနားတဲ့ ဘောလုံးရာသီ တစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး လာမယ့်နှစ်တွေမှာ ဒီဆုကို ရကြမှာပါ” လို့ မက်ဆီက ဘယ်လွန်ဒေါဆုကို (၈) ကြိမ်မြောက် ဆွတ်ခူးပြီးတဲ့နောက် အခုလိုပဲ ပြောလာပါတယ်။ 

ဒါက သူ့အတွက် နောက်ဆုံးသော ဘယ်လွန်ဒေါဆု ဖြစ်ခဲ့ပါပြီ။ လက်ရှိ ကစားနေတဲ့ အင်တာမိုင်ယာမီရဲ့ အနေအထားအရ လာမယ့်နှစ်တွေမှာ မက်ဆီ တစ်ယောက် ကစားသမား အနေနဲ့ ဘယ်လွန်ဒေါ စင်မြင့်ထက်ကို ပြန်ရောက်လာဖို့ မဖြစ်နိုင်ပါဘူး။ 

ဒါကို သူလည်း သဘောပေါက်ပြီးသားပါ။ သူနဲ့အတူ ဘယ်လွန်ဒေါ စင်မြင့်ကို ဆယ်စုနှစ်တစ်ခု အကြာ သိမ်းပိုက် စိုးမိုးခဲ့တဲ့ ရော်နယ်ဒိုကို ဆိုရင် အခုချိန် ဒီဆုပေးပွဲကြီးမှာ မမြင်ရတော့ပါဘူး။ ဟာလန်း ရသင့်တယ်၊ မက်ဆီ ရသင့်တယ် ဆိုတဲ့ ငြင်းခုန်သံတွေ အကြားမှာ မက်ဆီ ဒီလိုပဲ ရသွားမယ် ဆိုတာ ကိုလည်း ပရိသတ်တွေ သဘောပေါက်ပြီးသားပါ။ 

ဟာလန်းက မန်စီးတီး အတွက် (၅၂) ဂိုး သွင်းပေးထားတယ်၊ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလား တို့ကို ဆွတ်ခူးထားတယ်။ ဒါပေမယ့် မက်ဆီရဲ့ ကမ္ဘာ့ဖလား အောင်မြင်မှုက ဒါတွေကို မှေးမှိန်စေခဲ့ပါတယ်။ အထူးသဖြင့် ဒီနှစ်က မက်ဆီ အတွက် ဘယ်လွန်ဒေါဆုကို ဆွတ်ခူးနိုင်မယ့် နောက်ဆုံးနှစ်၊ နောက်ဆုံး အကြိမ် ဆိုတဲ့ အချက်တွေကပေါ့။ 

ပရီးမီးယားလိဂ်
မန်ချက်စတာစီးတီး
AFC ဘုန်းမောက်
1X2 သရေ (Draw) @ 8.75
ဂိုးပေါ် -2.50@ 1.98
ဂိုးပေါင်း 2-3 @ 2.41
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မက်ဆီ ကတော့ ဟာလန်းကိုရော၊ ဗိုလ်လုပွဲမှာ သူ အနိုင်ယူကျော်ဖြတ်ခဲ့တဲ့ အမ်ဘာပေး ကိုရော မမေ့ခဲ့ပါဘူး။ မက်ဆီ ပြောသလို လာမယ့်နှစ်တွေမှာ သူတို့ နှစ်ယောက်ကပဲ ဘောလုံးလောကကို ဦးဆောင်မယ်၊ ဘယ်လွန်ဒေါ စင်မြင့်ထက်မှာ နေရာယူမယ်။

ဒါပေမယ့် နှစ်ယောက်စလုံးက တည်ငြိမ်တဲ့ ခြေစွမ်း၊ အားကောင်းတဲ့ လုပ်ဆောင်မှု အစရှိတာတွေကို မမြင်ရသေးပါဘူး။ သူတို့ မကောင်းဘူးလို့ ပြောတာ မဟုတ်ပါဘူး။ တကယ် ကောင်းတဲ့ လူငယ် ကြယ်ပွင့်တွေပါ။ တစ်ခုရှိတာက ပရိသတ်တွေရဲ့ စိတ်ထဲမှာ ရော်နယ်ဒို၊ မက်ဆီတို့ စတင် အားပြိုင်ချိန်ကလိုမျိုး ယုံကြည်မှု ဒီကစားသမားတွေ အပေါ်မှာ မရှိတာပါ။ ရော်နယ်ဒို၊ မက်ဆီ တို့က ဒီဘယ်လွန်ဒေါ အတွက် ကမ္ဘာ့ဘောလုံးလောက အတွက် အချိန်ကြာ ဖျော်ဖြေသွားမယ်လို့ ပရိသတ်တွေ ယုံကြည်ခဲ့ဖူးပါတယ်။ 

တကယ်လည်း ဒါမျိုးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒို၊ မက်ဆီတို့ ခေတ်လွန်မှာ မျှော်လင့်ထားတဲ့ နေမာ တစ်ယောက် ထင်သလို မဖြစ်လာတဲ့နောက် အခြား ကစားသမားတွေ ကိုလည်း ပရိသတ်တွေက မျှော်လင့်ချက် သိပ်မထားရဲတော့ပါဘူး။ 

ဘာပဲဖြစ်ဖြစ် တက်လာမယ့် လူငယ်တွေကို ကြိုဆိုရမယ်၊ နေရာပေးရမယ်၊ ရာနှုန်းပြည့် မဟုတ်ရင်တောင် နည်းနည်းလောက် ဖြစ်ဖြစ် ယုံကြည်ပေးရပါမယ်။ ဒါမှလည်း ဒီကစားသမားတွေက ဆက်လက် တောက်ပနိုင်မှာပါ။ရော်နယ်ဒိုနဲ့ မက်ဆီတို့နှစ်ယောက် (၁၀) စုနှစ် တစ်ခုကျော် အကြာ လွှမ်းမိုးခဲ့တဲ့ ဘယ်လွန်ဒေါ ဆုပေးပွဲ စင်မြင့် ကတော့ မက်ဆီရဲ့ (၈) ကြိမ်မြောက် (သို့) နောက်ဆုံးသောဆုနဲ့ နှုတ်ဆက်သွားခဲ့ပါပြီ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်