နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂိုးပြတ် နိုင်ပွဲ ကိုယ်စီနဲ့ နောက်တဆင့် တက်သွားကြတဲ့ လစ်ဗာပူးလ်နဲ့ နယူကာဆယ် | အက်ဖ်အေဖလား 

ညက ကစားခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်တွေ မှာတော့ လစ်ဗာပူးလ်နဲ့ နယူးကာဆယ်တို့ ဂိုးပြတ် နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြပါတယ်။ လစ်ဗာပူးလ်က ဘရိုက်တန်ကို အန်ဖီးလ်မှာ ၃-၀ နဲ့ အပြတ်အသတ် အနိုင်ရခဲ့သလို နယူးကာဆယ် ကတော့ ဗီလာပါ့ခ်မှာ အူနိုင်း အမ်မရီရဲ့ အသင်းကို ၁-၃ နဲ့ အနိုင်ယူပြီး ပဉ္စမအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

 

လစ်ဗာပူးလ် ၃-၀ ဘရိုက်တန်

ပွဲအစမှာ ဘရိုက်တန်က ဖိအားပေးဖို့ ကြိုးစားခဲ့ပေမယ့် ပွ်ချိန် ကြာလာတာနဲ့ အမျှ လစ်ဗာပူးလ်က ပွဲကို ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ ဂတ်ခ်ပိုရဲ့ ခေါင်းတိုက်ဂိုး လူကျွံဘော ဖြစ်ခဲ့သလို၊ ဆာလာနဲ့ ကာကက်ဇ် တို့ရဲ့ ကန်ချက် တွေကိုလည်း ဘရိုက်တန် ဂိုးသမား ဂျေဆန် စတီးလ်က လက်စွမ်းပြ ကာကွယ်ခဲ့ပါတယ်။ ပွဲကစားချိန် ၄၂ မိနစ်မှာ လစ်ဗာပူးလ် အဖွင့်ဂိုး ရရှိခဲ့ပြီး ကာကက်ဇ်ရဲ့ အပိုင် ဖြတ်တင်ဘောကို ကာတစ် ဂျုန်းစ်က ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း ၅၆ မိနစ်မှာ လစ်ဗာပူးလ်တို့ ဒုတိယဂိုးကို အလွန်လှပတဲ့ ပေါင်းစပ်မှုနဲ့ ရရှိခဲ့ပါတယ်။ ကာကက်ဇ်ရဲ့ ပေးပို့မှုကို ဆာလာက တစ်ချက် ထိန်းပြီး ဆိုဘို့ဇ်ဆလိုင်းဆီ ချပေးခဲ့ရာ ဟန်ဂေရီသားက ပြင်းထန်တဲ့ ကန်ချက်နဲ့ ဂိုးအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ၆၈ မိနစ်မှာတော့ မိုဟာမက် ဆာလာ ကိုယ်တိုင် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးကို ပါစကယ် ဂရော့စ်က ဧရိယာအတွင်း ဆွဲလှဲခဲ့တာကြောင့် ရရှိတဲ့ ပင်နယ်တီ ကနေ တဆင့် ဆာလာ အမှားအယွင်းမရှိ ကန်သွင်းခဲ့တာပါ။ ပွဲပြီးခါနီးမှာ အသက် ၁၇ နှစ် အရွယ် လူစားဝင်ကစားသမား ရီယို အဂွန်မိုဟာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ကာတစ် ဂျုန်းစ်ဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက လက်စတာနဲ့ ပွဲမှာ ဂိုးသွင်းပြီးကတည်းက ၅၇ ပွဲ ဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးနေမှုကို ဒီပွဲမှာ အဆုံးသတ်နိုင်ခဲ့ပါတယ်။ မိုဟာမက် ဆာလာ ကတော့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ နောက်ပိုင်း ပထမဆုံး ပြည်တွင်း တစ်ခုမှာ ဂိုးပြန်လည် သွင်းယူနိုင်ခဲ့တာပါ။ ဒါ့အပြင် ဆာလာဟာ သူ့ရဲ့ လစ်ဗာပူးလ် ကစားသမားဘဝ ၄၂၈ ပွဲ အတွင်း တစ်ပွဲတည်းမှာ ဂိုးသွင်း၊ ဂိုးဖန်တီးမှု လုပ်ပြီး ပင်နယ်တီပါ ရရှိခဲ့တဲ့ (တတိယမြောက်) မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ဘရိုက်တန် ဟာ လစ်ဗာပူးလ်ထက် ဂိုးပေါက် ကန်သွင်းမှု ပိုများခဲ့ပေမယ့်လည်း (၁၇ ကြိမ် နဲ့ ၁၃ ကြိမ်) ၊ လစ်ဗာပူးလ်က အဆုံးသတ်ပိုင်း ပိုမိုသေချာခဲ့တာကြောင့် ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

 

အက်စတွန်ဗီလာ ၁-၃ နယူးကာဆယ်

ဗီလာတို့ ပွဲအစ ၁၄ မိနစ်မှာတင် ဘက်ဆစ်တပ်စ် ကနေ ဗီလာဆီ ပြန်လည် ရောက်ရှိလာတဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်က ဒေါက်ဂလပ်စ် လူးဝစ်ရဲ့ ဖန်တီးပေးမှု ကနေ တစ်ဆင့် အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ (ယခုနှစ် အက်ဖ်အေဖလား ပဉ္စမအဆင့် မတိုင်မီ အထိ VAR မသုံးတဲ့ အတွက် အေဘရာဟမ် လူကျွံနေသလို ဖြစ်ခဲ့ပေမယ့် ဂိုးအဖြစ် သတ်မှတ်ခဲ့တာပါ။)

ပထမပိုင်း ပြီးခါနီး အချိန်ပိုမှာ ဗီလာ ဂိုးသမား မာကို ဘီဇော့တ်ဟာ ဧရိယာ အပြင်ဘက် ကိုက် ၄၀ အကွာအထိ ထွက်လာပြီး နယူးကာဆယ် ကစားသမား ဂျက်ကော့ပ် မာဖီကို ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ခဲ့တာကြောင့် တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါဟာ ဗီလာ အတွက် ပွဲအလှည့်အပြောင်း ဖြစ်သွားခဲ့ပါတယ်။

လူစားဝင် ဂိုးသမား အီမီလီယာနို မာတီနက်ဇ် ကတော့ အက်ဖ်အေဖလား နှစ်ပွဲ ဆက်တိုက် ဧရိယာပြင်ပ ကန်ချက်တွေ ကနေ ဂိုးတွေ ခွင့်ပြုပေးခဲ့ရပါတယ်။
အက်ဖ်အေဖလား စတုတ္ထအဆင့် ကနေပဲ ပြုတ်သွားခဲ့တဲ့ ဗီလာ

ဒုတိယပိုင်းမှာ တစ်ယောက်အသာနဲ့ ကစားရတဲ့ နယူးကာဆယ်ဟာ ပိုမို ဖိအားပေး ကစားလာခဲ့ပြီး ၆၃ မိနစ်မှာ တိုနာလီရဲ့ ကန်ချက်က ပြိုင်ဘက်နဲ့ ထိမှန်ပြီး လမ်းကြောင်းပြောင်းကာ ချေပဂိုး ဖြစ်သွားခဲ့ပါတယ်။ ၇၆ မိနစ်မှာတော့ တိုနာလီကပဲ ဧရိယာ ပြင်ပ ကနေ ကန်ချက် ခပ်ပြင်းပြင်းနဲ့ ဒုတိယဂိုး သွင်းယူကာ အသင်းကို ဦးဆောင်စေခဲ့ပါတယ်။ ၈၈ မိနစ်မှာတော့ မွေးနေ့ရှင် နစ်ခ် ဝေါ်တီမိဒ်က ဗီလာ နောက်ခံလူ ပါအူ တောရက်စ်ရဲ့ အမှား ကနေ တစ်ဆင့် တတိယဂိုး သွင်းယူပြီး နယူးကာဆယ် အတွက် အနိုင်သေချာစေခဲ့ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

မာကို ဘီဇော့တ်ဟာ ယခုရာသီ အက်ဖ်အေဖလား ပြိုင်ပွဲမှာ ပထမဆုံး အနီကတ်ပြခံရတဲ့ ဂိုးသမား ဖြစ်လာပါတယ်။ ဆန်ဒရို တိုနာလီဟာ ၂၀၁၆ ခုနှစ် နောက်ပိုင်း နယူးကာဆယ် အတွက် တစ်ပွဲတည်းမှာ ဧရိယာပြင်ပ ကနေ နှစ်ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာပါတယ်။ (နောက်ဆုံး သွင်းယူခဲ့သူက မိုဟာမက် ဒီယာမီ ဖြစ်ပါတယ်။)

ပထမပိုင်းမှာ ဗီလာက မျှော်မှန်းဂိုး (xG) ၀.၇၂ နဲ့ အသာရနေခဲ့ပေမယ့် ပွဲအပြီးမှာတော့ နယူးကာဆယ်က မျှော်မှန်းဂိုး (xG) ၁.၃၁ နဲ့ အပြတ်အသတ် ပြန်လည် အသာစီး ရသွားခဲ့ပါတယ်။ လူစားဝင် ဂိုးသမား အီမီလီယာနို မာတီနက်ဇ် ကတော့ အက်ဖ်အေဖလား နှစ်ပွဲ ဆက်တိုက် ဧရိယာပြင်ပ ကန်ချက်တွေ ကနေ ဂိုးတွေ ခွင့်ပြုပေးခဲ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်