နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပထမဦးဆုံး ပရီးမီးယားလိဂ် ရှုံးပွဲ နဲ့အတူ အဆင့် ၄ နေရာ ရောက်သွားတဲ့ လစ်ဗာပူးလ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ဝက်စ်ဟမ်းယူနိုက်တက် ၃-၂ လစ်ဗာပူးလ်

ဝက်စ်ဟမ်း ယူနိုက်တက်နဲ့ လစ်ဗာပူးလ်တို့ရဲ့ ပရီးမီးယားလိဂ် တွေ့ဆုံမှု ကတော့ အပြင်းထန်ဆုံး ပြိုင်ဆိုင်မှုတွေနဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။ တိုက်စစ်ချင်း အားပြိုင်မှု နဲ့အတူ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ခဲ့ရပြီး မိုဟာမက် ဆာလာ ဂိုးမသွင်းနိုင်ရင် အနိုင်ရဖို့ ရုန်းကန်ရလေ့ ရှိတဲ့ အခြေအနေနဲ့ လစ်ဗာပူးလ်တို့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အိမ်ကွင်း အားသာချက်ရှိတဲ့ ဝက်စ်ဟမ်း ကတော့ လိုအပ်တဲ့ ၃ မှတ် အပြည့် ရယူနိုင်ခဲ့သလို ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာ အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။
 

ပွဲစဉ်အကျဉ်း

အိမ်ကွင်း အားသာချက်ရှိတဲ့ ဝက်စ်ဟမ်း ကတော့ လိုအပ်တဲ့ ၃ မှတ် အပြည့် ရယူနိုင်ခဲ့သလို ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာ အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ရခဲ့တဲ့ ဝက်စ်ဟမ်း

လစ်ဗာပူးလ်တို့ ပထမဦးဆုံး ပရီးမီးယားလိဂ် ရှုံးပွဲ ကြုံတွေ့ခဲ့ရပါပြီ။ ဝက်စ်ဟမ်းရဲ့ အိမ်ကွင်း ပုံစံကောင်းက အသင်းတိုင်းကို အခက်တွေ့အောင် ကစားနိုင်ဆဲလို့ ဆိုရမှာပါ။ လစ်ဗာပူးလ် ကတော့ ကြားရက် ချန်ပီယံလိဂ် ပွဲစဉ်က လူစာရင်း အတိုင်း မာနေးလ်၊ ဂျိုလ်တာ၊ ဆာလက်ဒ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အထနှေးတတ်တဲ့ လစ်ဗာပူးလ်ရဲ့ ကစားပုံကို ၀က်စ်ဟမ်းတို့ အခွင့်ကောင်း ယူနိုင်ခဲ့ပြီး ပွဲအစ ၄ မိနစ် မှာတင် ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ လစ်ဗာပူးလ် ဂိုးသမား ဘက်ခ်ကာနဲ့ ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့တဲ့တာလည်း ဖြစ်ပါတယ်။ ဂိုးပေးလိုက်ရ ပြီးတဲ့နောက် လစ်ဗာပူးလ်တို့ တိုက်စစ်ကို ပိုမို ထိရောက်အောင် အားစိုက် ကစားလာခဲ့ပါတယ်။ တရစပ် တိုက်စစ်ဆင်ရင်း ပွဲချိန် ၄၁ မိနစ်မှာ အာနိုးလ်က အလွတ် တည်ကန်ဘောကနေ တိုက်ရိုက် ကန်သွင်းပြီး လစ်ဗာပူးလ် အတွက် ချေပဂိုး ဖြစ်စေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဝက်စ်ဟမ်းရဲ့ တန်ပြန်တိုက်စစ်က ပိုပြီး အလုပ် ဖြစ်လာခဲ့တယ်လို့ ဆိုရမှာပါ။ လစ်ဗာပူးလ် ကွင်းလယ်ရဲ့ အမှားကို အကောင်းဆုံး အခွင့်အရေး ယူနိုင်ခဲ့တဲ့ ဘိုဝမ်ရဲ့ တစ်ကိုယ်တော် ဖြတ်ကျော်မှုကနေ ရရှိခဲ့တာကို ဖိုနယ်လ်က အဆုံးသတ်နိုင်ခဲ့တဲ့ အတွက် ဝက်စ်ဟမ်းတို့ ပွဲချိန် ၆၇ မိနစ်မှာ တဖန် ပြန်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။ မထင်မှတ်ထားတဲ့ အမှားကနေ ဂိုးပေးလိုက်ရတဲ့ အတွက် လစ်ဗာပူးလ်တို့ ဖိအားဝင်လာခဲ့ပြီး ပွဲချိန် ၇၄ မိနစ်မှာ ထပ်ပြီး ဂိုးပေးလိုက်ရတဲ့ အထိ ခံစစ်ပိုင်း လိုအပ်ချက် မြင့်ခဲ့တာပါ။ ထောင့်ကန်ဘော ကနေ ရရှိလာတာကို ဇူးမားက အမှားအယွင်း မရှိ ခေါင်းတိုက်ပြီး အိမ်ရှင်အသင်းရဲ့ အနိုင်ကို ပြတ်သားစေခဲ့တာပါ။ ဒါပေမဲ့ လူစားဝင် တိုက်စစ်မှူး အိုရီဂီက လစ်ဗာပူးလ် အတွက် ချေပဂိုး တစ်ဂိုး ထပ်ယူပေးခဲ့လို့ လက်ကျန် ပွဲချိန်တွေက ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဖြစ်ခဲ့ပါတယ်။ အခွင့်အရေး ကိုယ်စီ ထပ်ရခဲ့ကြပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်စွမ်း မရှိခဲ့လို့ ပွဲအပြီးမှာ ဝက်စ်ဟမ်းတို့ ၃-၂ ဂိုး ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

 
လစ်ဗာပူးလ်တို့ ယုံကြည်မှု လွန်ကဲခဲ့တယ် ဆိုတာထက် အဝေးကွင်းမှာ ရုန်းကန် ခဲ့ရတယ်လို့ ဆိုရမှာပါ။ ကွင်းလယ်နဲ့ ခံစစ်ပိုင်း အမှားများခဲ့သလို အိမ်ရှင်အသင်းရဲ့ ကစားအားကလည်း တော်တော်လေး ကောင်းခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဓိက အချက်ကတော့ ဆာလက်ဒ် ဂိုးမသွင်းနိုင်ရင် ရုန်းကန်ရလေ့ရှိတဲ့ လစ်ဗာပူးလ်တို့ ရုန်းကန်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဝက်စ်ဟမ်း ကွင်းလယ်က လစ်ဗာပူးလ် ကွင်းလယ်ထက် ပိုပြီး ကောင်းခဲ့တာကလည်း ဒီပွဲရဲ့ အနိုင်ရမယ့် အသင်းကို ရွေးချယ်လိုက် သလိုပါပဲ။ ဝက်စ်ဟမ်းရဲ့ ခံစစ်က ထုံးစံအတိုင်း ဂိုးတွေ ပေးနေရတယ် ဆိုပေမယ့် တိုက်စစ်က ဂိုးရအောင် လုပ်နိုင်ခဲ့တဲ့ အခြေအနေကြောင့် အခုလို နိုင်ပွဲရခဲ့တာပါ။ ရှုံးပွဲ ကြုံတွေ့ခဲ့တဲ့ လစ်ဗာပူးလ်အတွက် ပထမဦးဆုံး ပရီးမီးယားလိဂ် ရှုံးပွဲဖြစ်ခဲ့သလို ချဲလ်ဆီးအသင်း ခြေချော်မှုကိုလည်း အခွင့်ကောင်း မယူနိုင်ခဲ့ပါဘူး။ အဆုံးသတ် မှာတော့ ထိပ်ဆုံး ၃ သင်း အဆင့်ကို ဝက်စ်ဟမ်းတို့ တက်ရောက် လာနိုင်ခဲ့ပေမယ့် လစ်ဗာပူးလ် ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာ ဆင်းပေးခဲ့ရတဲ့အထိ ပေးဆပ်မှု ကြီးမားခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဝက်စ်ဟမ်း အနေနဲ့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝုဗ်ဗာဟမ်တန် ဝမ်းဒါးရားစ် အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး လစ်ဗာပူးလ် ကတော့ အိမ်ကွင်းမှာ အာဆင်နယ်ကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်