နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လူးဝစ္စ ဆွာရက်ဇ် (သို့မဟုတ်) ဘရာဇီးလ်မြေရောက် နှစ်ချို့ဝိုင် | ဘရာဇီးလ် စီးရီးအေ

လူး၀စ္စ ဆွာရက်ဇ်ရဲ့ ခြေစွမ်း ကလည်း တကယ်ဆိုရင် အရမ်းကို အထင်ကြီးစရာ ကောင်းပါတယ်။ ဒီနေ့ မနက်ကစားခဲ့တဲ့ ဘရာဇီးလ် စီးရီးအေ ပွဲမှာ သူ ဟက်ထရစ်သွင်းပြီး ခြေစွမ်းပြခဲ့ပါတယ်။ ဘိုတာဖိုဂိုနဲ့ ကစားခဲ့တဲ့ပွဲ ဖြစ်ပြီး ၃-၁ နဲ့ အရေးနိမ့်နေချိန်မှာ သူက ၁၄ မိနစ် အတွင်းမှာပဲ ဟက်ထရစ် သွင်းပြီး အသင်းကို ၄-၃ နဲ့တောင် ပြန်လည် အနိုင်ရအောင် လုပ်ပေးခဲ့တာပါ။ သူ့ရဲ့ အသက်က ၃၇ နှစ် ပြည့်ပါတော့မယ်။ ဒါပေမယ့်လည်း ထိပ်တန်း အဆင့် ခြေစွမ်းမျိုးရှိနေတုန်းပါပဲ။ 

လစ်ဗာပူးလ်၊ ဘာစီလိုနာ တို့မှာ ထိပ်တန်း တိုက်စစ်မှူး ဖြစ်ခဲ့တဲ့ ဥရုဂွေးသားကြီးက ဘရာဇီးလ် စီးရီးအေ မှာလည်း ခြေစွမ်းကောင်းတွေ ပြနေတုန်းပဲ။ ဒီမနက်ပိုင်း သွင်းခဲ့တဲ့ ဂိုးတွေထဲမှာ ဆိုရင် ကောက်စားဂိုး လုံး၀မပါပါဘူး။ သူကိုယ်တိုင် ထဲထဲဝင်ဝင်ကို ကစားကွက်ထဲ လိုက်ပါခဲ့ပြီး ခံစစ်သမားတွေ ကြားထဲ ထိုးဖောက် ကန်သွင်းခဲ့တဲ့ ဂိုးတွေပါ။ အသက်အရွယ်နဲ့ မလိုက်ဖက်အောင်ကို လျင်မြန်နေသေးပြီး ဂိုးသွင်းတိကျပုံ ကတော့ အရင်က အတိုင်း ရှိနေဆဲပါ။ 

ပရီးမီးယားလိဂ်
အာဆင်နယ်
ဘန်လေ
1X2 သရေ (Draw) @ 6.00
ဂိုးပေါ် 3.25 @ 2.04
ဂိုးပေါင်း 2-3 @ 2.19
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကစားသမားဘ၀မှာ အငြင်းပွားဖွယ်ရာတွေကို လုပ်ခဲ့လို့သာ ဆွာရက်ဇ်က လူမုန်းများခဲ့တာပါ။ တကယ်တမ်းမှာ သူ့ခြေစွမ်းက ကမ္ဘာ့အဆင့်မှာ ရှိခဲ့တယ်။ ဧရိယာထဲမှာ သိပ်ကြောက်ဖို့ ကောင်းတဲ့ ကစားသမား ဖြစ်ပြီး သူ ဘောလုံးရပြီး ဆွဲလာပြီ ဆိုရင် ပြိုင်ဘက် နောက်ခံလူတွေ တော်တော်လေးကို သတိထားခဲ့ရပါတယ်။ ဒါက အားလုံး သိပြီးသားပါ။ ဒီအသက်အရွယ် အထိ အဲဒီအတိုင်း သူ လုပ်ပြနေတာ ကိုပဲ တကယ်ချီးကျူးမိပါတယ်။ 

လာမယ့်နှစ်ကျရင် သူက အင်တာမိုင်ယာမီကို ပြောင်းတော့မှာပါ။ အဲဒီမှာ လီယွန်နယ် မက်ဆီ၊ ဘက်ကွက်စ်၊ အယ်လ်ဘာ တို့နဲ့ အတူ ကစားမှာ ဖြစ်ပြီး ဘာဆာ ကစားသမားဟောင်းတွေ စုပြီး ပွဲကြမ်းပါလိမ့်မယ်။ အင်တာမိုင်ယာမီ အတွက်တော့ စိတ်လှုပ်ရှားစရာပါပဲ။ ဆွာရက်ဇ် အနေနဲ့ ဥရောပမှာ ဆက်ကစားနိုင်တဲ့ အစွမ်းအစရှိပေမယ့် သူ့ရဲ့ အမူအကျင့်၊ လုပ်ခလစာမြင့်မားလို့ အသင်းတိုင်းက လက်ရှောင်ခဲ့တာပါ။ သူကလည်း ငယ်ဘ၀ကလပ် ဥရုဂွေးက အင်တာနယ်စီယွန်နယ်ကို ရွေးချယ်ခဲ့ပြီး အဲဒီကနေမှ ဘရာဇီးလ် စီးရီးအေ ကလပ် ဂရီမီယိုကို ထပ်ပြောင်းခဲ့တာပါ။ အခု ဘရာဇီးလ် စီးရီးအေမှာ သူက ထိပ်တန်း ဂိုးသွင်းရှင်တွေထဲ ပါဝင်နေပြီး ဂရီမီယို မှာတော့ ဂိုးအများဆုံး သွင်းပေးထားသူ ဖြစ်နေပါတယ်။ အသက် ၃၇ နှစ် ပြည့်တော့မယ့် ကစားသမား တစ်ဦးက ဒီလိုတွေလုပ်ပြနေတာဟာ ပြောမယ်ဆိုရင် ရော်နယ်ဒိုနဲ့ အတူတူတောင် ချီးကျူးရမယ့် အနေအထားပါ။ ရော်နယ်ဒိုက ပုံရိပ် ပိုကြီးမားလို့သာ ဆွာရက်ဇ်က နာမည် သိပ်မထွက်ခဲ့တာပါ။ တကယ်တမ်းတော့ သူ့ခြေစွမ်း ကလည်း နှစ်ချို့ဝိုင်တွေလိုပါပဲ။ သက်တမ်းရင့်လေ ပိုကောင်းလေ၊ တန်ဖိုးပိုကြီးလေပါပဲ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်