နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ် ပရိသတ်တွေ အနေနဲ့ ဖလား ၄ လုံး အောင်မြင်မှုကို အပြည့်အဝ မျှော်လင့်ခွင့် ရှိတယ် ဆိုတဲ့ မာဒူအေခေ | အက်ဖ်အေဖလား

ညက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်မှာ အာဆင်နယ်က ဝီဂန်ကို သက်တောင့်သက်သာ အနိုင်ယူပြီးနောက် ဖလား ၄ လုံး အောင်မြင်မှုကို မျှော်လင့်နိုင်ဆဲ ဖြစ်ပါတယ်။

ဒါကြောင့် နိုနီ မာဒူအေခေ ကတော့ ဝီဂန်ကို ၄-၀ နဲ့ အနိုင်ရပြီးနောက် ဖလား ၄ လုံး မျှော်လင့်ချက်ကို ဆက်လက် ရှင်သန်စေခဲ့တဲ့ အတွက် အာဆင်နယ် ပရိသတ်တွေ အနေနဲ့ ဒီရာသီမှာ စိတ်လှုပ်ရှား ရင်ခုန်ပိုင်ခွင့် အပြည့်အဝ ရှိတယ်လို့ ခံစားနေရပါတယ်။ ဒီပွဲမှာ အာဆင်နယ်က ပွဲစပြီး ၂၇ မိနစ် အတွင်း မှာတင် ၄ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အက်ဖ်အေဖလား သမိုင်းတစ်လျှောက် ပထမဆုံး မိနစ် ၃၀ အတွင်း ၄ ဂိုး သွင်းယူနိုင်တဲ့ ပရီးမီးယားလိဂ် အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီပွဲမှာ မာဒူအေခေက အီဘာရီချီ အက်ဇေးရဲ့ ဖန်တီးပေးမှု ကနေ အဖွင့်ဂိုးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ နောက်မှာတော့ ဂါဘရီယယ် မာတင်နယ်လီ၊ ဂါဘရီယယ် ဂျေဇုစ် တို့က ဂိုးတွေ ထပ်မံ သွင်းယူခဲ့သလို ဝီဂန် နောက်ခံလူ ဂျက်ဟန့် ကလည်း ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ပါတယ်။ မာဒူအေခေ ကတော့ နောက်ဆုံး ကစားခဲ့တဲ့ အက်ဖ်အေဖလား ၇ ပွဲမှာ ၂ ဂိုး သွင်း၊ ၃ ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။

၎င်းရဲ့ နောက်ဆုံး သွင်းဂိုး ၉ ဂိုးထဲက ၇ ဂိုးဟာ ရှုံးထွက်ဖလား ပြိုင်ပွဲတွေမှာ သွင်းယူခဲ့တာ ဖြစ်ပြီး (ချန်ပီယံလိဂ် ၃ ဂိုး၊ ကွန်ဖရင့်လိဂ် ၃ ဂိုးနဲ့ အက်ဖ်အေဖလား ၁ ဂိုး) တို့ ဖြစ်ပါတယ်။

၎င်းရဲ့ နောက်ဆုံး သွင်းဂိုး ၉ ဂိုးထဲက ၇ ဂိုးဟာ ရှုံးထွက်ဖလား ပြိုင်ပွဲတွေမှာ သွင်းယူခဲ့တာ ဖြစ်ပြီး (ချန်ပီယံလိဂ် ၃ ဂိုး၊ ကွန်ဖရင့်လိဂ် ၃ ဂိုးနဲ့ အက်ဖ်အေဖလား ၁ ဂိုး) တို့ ဖြစ်ပါတယ်။
အက်ဖ်အေဖလား အပါအဝင် ရှုံးထွက် ပြိုင်ပွဲတွေမှာ ခြေစွမ်းပိုပြနိုင်နေတဲ့ နိုနီ မာဒူအေခေ

မီခဲလ် အာတေးတားရဲ့ အာဆင်နယ် အသင်းက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ ရနိုင်သမျှ အဓိက ဆုဖလား ၄ လုံးစလုံးကို ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေဆဲပါ။ TNT Sports နဲ့ အင်တာဗျူးမှာ ပရိသတ်တွေ အနေနဲ့ ဒီအခြေအနေ အပေါ် စိတ်လှုပ်ရှားသင့်သလား ဆိုတဲ့ မေးခွန်းကို မာဒူအေခေက အခုလိုပဲ ဖြေကြားခဲ့ပါတယ်။

“ပရိသတ်တွေမှာ စိတ်လှုပ်ရှားပိုင်ခွင့် အပြည့်အဝ ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားနေပါတယ်။ အခုချိန်မှာ အဲ့ဒါကပဲ ကျွန်တော် တို့ရဲ့ အဓိက အာရုံစိုက်မှုပါပဲ။ အခြေအနေတွေက တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းပေမယ့် ကျွန်တော်တို့ နေ့တိုင်း မှန်ကန်တဲ့ အရာတွေကို ဆက်လုပ်သွားဖို့ လိုအပ်ပါတယ်။” လို့ အင်္ဂလန်သားက ဆိုပါတယ်။

မာဒူအေခေရဲ့ အင်္ဂလန် အသင်းဖော် အက်ဇေးဟာ ဒီပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ်က ဟက်တာ ဘယ်လာရင် ပြီးရင် အမ်းမရိတ်စ်ကွင်း အတွင်း အက်ဖ်အေဖလား ပွဲစဉ်မှာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်တဲ့ ပထမဆုံး အာဆင်နယ် ကစားသမား ဖြစ်လာခဲ့ပါတယ်။ အရင်ပွဲတွေက ခြေစွမ်းကြောင့် ဝေဖန်ခံခဲ့ရတဲ့ အက်ဇေးနဲ့ ပတ်သက်ပြီးတော့လည်း မာဒူအေခေက “ဒီနေ့ သူတကယ်ကို မယုံနိုင်စရာ ကောင်းပါတယ်။ ကွင်းလယ် ကနေ ကြိုးကိုင် ကစားသွားသလို ဂိုးအားလုံး မှာလည်း သူပါဝင် ပတ်သက်ခဲ့တယ်။ သူ့အတွက် ကျွန်တော် တကယ် ဝမ်းသာပါတယ်။” လို့ ချီးကျူးခဲ့ပါတယ်။

တစ်ဖက် မှာတော့ ဝီဂန်က ပြီးခဲ့တဲ့ တပတ်က နည်းပြ ရိုင်ယန် လိုးဝ်ကို ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ် ရှာဖွေနေဆဲဖြစ်ကာ လိဂ်ဝမ်း ကနေ တန်းမဆင်းရရေး ကိုသာ ပြန်လည် အာရုံစိုက်ရတော့မှာပါ။ ယာယီ နည်းပြ ဂရေဟမ် ဘားရိုး ကတော့ ဒုတိယပိုင်းမှာ အာဆင်နယ်ရဲ့ တိုက်စစ်ကို ဟန့်တားနိုင်ခဲ့တဲ့ သူ့ကစားသမားတွေရဲ့ စိတ်ဓာတ်ကို ကျေနပ်မိကြောင်း ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်