နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကစားသမားဘဝက အနားယူပြီးရင် နည်းပြ မလုပ်ချင်ကြောင်း ဖွင့်ဟလာတဲ့ မက်ဆီ | မေဂျာလိဂ်

မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီနဲ့ အာဂျင်တီးနား လက်ရွေးစင် အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ ကတော့ အနားယူပြီးနောက်ပိုင်း နည်းပြ အဖြစ် လုပ်ကိုင်လိုခြင်း မရှိဘူးလို့ ပြောဆိုလာခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီက သူ့ အနေနဲ့ နည်းပြ မလုပ်ချင်ပေမယ့်လည်း အနာဂတ်မှာ ဘာလုပ်ရမလဲ ဆိုတာတော့ မသိသေးကြောင်း နာမည်ကျော် အားကစား သတင်းထောက် ဖာဘရီဇီယို ရိုမာနိုနဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မက်ဆီနဲ့ ဖာဘရီဇီယို ရိုမာနို တို့ဟာ 433 ဘောလုံး အက်ပလီကေးရှင်း အတွက် အင်တာဗျူး ပြုလုပ်ခဲ့တာ ဖြစ်ပြီး အနာဂတ် အစီအစဉ်၊ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားခြင်း ရှိ၊ မရှိနဲ့ ကစားသမား ဘဝ အောင်မြင်မှု မှတ်တမ်းတွေ အကြောင်းကို ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီလို အင်တာဗျူးမှာ မက်ဆီက “ကျွန်တော် နည်းပြ မဖြစ်ချင်ပါဘူး။ ဒါပေမယ့် အနာဂတ်မှာတော့ ဘာလုပ်ဖြစ်မလဲ ဆိုတာ ကျွန်တော် တကယ် မသိသေးတာပါ။ ကျွန်တော့်ရဲ့ နေ့စဉ် လုပ်နေကျအရာ အားလုံးကို အရင်ကထက် အများကြီး တန်ဖိုးထားပါတယ်။ ဒါကြောင့် ဘောလုံးကစားဖို့၊ လေ့ကျင့်ဖိုနဲ့ ပျော်ရွှင်ဖို့ အကြောင်းပဲ ကျွန်တော် တွေးထားပါတယ်” လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ ပတ်သက် ပြီးတော့လည်း မက်ဆီက “အမှန်တော့ ကျွန်တော် မသိသေးပါဘူး။ အဲဒီ အကြောင်းကို ကျွန်တော် အကြိမ်ကြိမ် မေးခံရဖူးပါတယ်။ အထူးသဖြင့် အာဂျင်တီးနား အတွက်ပေါ့။ ကျွန်တော်က ရာသီတစ်ခုကို ကောင်းမွန်စွာ အဆုံးသတ် နိုင်ဖို့၊ ပြီးသွားရင် ကောင်းမွန်တဲ့ ရာသီကြို ကာလ ရရှိစေဖို မျှော်လင့်ထားပါတယ်။ ဘောလုံးမှာ အမြဲတမ်း ဖြစ်နေတဲ့ အကြောင်းအရာတွေက အများကြီးပါပဲ။ သွားရမယ့် လမ်းက အဝေးကြီး ဖြစ်လို့ အဲဒီအကြောင်း ကျွန်တော် အများကြီး မတွေးထားပါဘူး။ အနာဂတ်ကို အများကြီး မတွေးဘဲနဲ့ တစ်နေ့ချင်းစီ ရှင်သန်ဖို့ပဲ လုပ်ဆောင်နေပါတယ်” လို့ ဆက်လက် ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ လက်ရှိ အချိန်ထိ မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီ အတွက် ၃၈ ပွဲ ကစားပြီး ၃၃ ဂိုး သွင်းယူပေးထားပါတယ်။
လက်ရှိ အချိန်ထိ ခြေစွမ်းပြနေဆဲ ဖြစ်တဲ့ မက်ဆီ

မက်ဆီဟာ ပြီးခဲ့တဲ့ ဇွန်လက အသက် ၃၇ နှစ် ပြည့်ခဲ့သောကြောင့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပမယ့် အချိန်မှာ အသက် အရွယ် အားဖြင့် ၃၉ နှစ် ရှိနေမှာလည်း ဖြစ်ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားနဲ့ အတူ ၂၀၂၂ ကမ္ဘာ့ဖလား၊ ၂၀၂၁ နှင့် ၂၀၂၄ ကိုပါအမေရိကဖလား၊ ၂၀၂၂ Finalissima (တောင်အမေရိက – ဥရောပ ချန်ပီယံဖလား) ချန်ပီယံဆုတွေ ဆွတ်ခူးထားခဲ့ပါတယ်။ အာဂျင်တီးနား လက်ရွေးစင် အသင်း ကတော့ ၂၀၂၆ ကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲ အဆင့်မှာ ၁၀ ပွဲ ကစား၊ ရမှတ် ၂၂ မှတ်နဲ့ ဇယားထိပ်ဆုံးမှာ ဦးဆောင်နေခဲ့ပါတယ်။

ဒါ့အပြင် မက်ဆီဟာ မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီ အသင်းနဲ့ အတူလည်း Supporter Shield ကို ရယူထားနိုင်ခဲ့ပါတယ်။ ဒါဟာ အင်တာမိုင်ယာမီ အတွက် ကလပ် သမိုင်းတလျှောက် ပထမဦးဆုံး ချန်ပီယံဆုလည်း ဖြစ်ပါတယ်။ မက်ဆီဟာ လက်ရှိ အချိန်ထိ မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီ အတွက် ၃၈ ပွဲ ကစားပြီး ၃၃ ဂိုး သွင်းယူပေးထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်