နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကွာတားဖိုင်နယ် ကျိန်စာဆိုးကနေ ရုန်းထွက်ပြခဲ့တဲ့ မန်ချက်စတာစီးတီး – ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

ဒေါ့မန် ၁ – ၂ မန်ချက်စတာစီးတီး

(နှစ်ကျော့ပေါင်းရလဒ် ၂ – ၄) 

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ် ဒုတိယအကျော့ နောက်ဆုံးပွဲစဉ် တစ်ပွဲမှာတော့ ဒေါ့မန်နဲ့ မန်ချက်စတာစီးတီးတို့ ယှဉ်ပြိုင်ကစားခဲကြပါတယ်။ ဒီပွဲမှာတော့ မန်ချက်စတာစီးတီးတို့ ပထမအကျော့ ရလဒ်အတိုင်း ဒေါ့မန်ကို ထပ်မံ အနိုင်ယူပြီး နှစ်ကျော့ပေါင်း ရလဒ် ၂-၄ နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကို တက်လှမ်းသွားခဲ့ပါတယ်။
 

 
နှစ်သင်းစလုံးဟာ ပထမအကျော့တုန်းက လူစာရင်းအတိုင်းပဲ ပွဲထွက်လာခဲ့ပြီး မန်စီးတီးဘက်က ကန်ဆယ်လိုရဲ့ နေရာမှာ ဇင်ချန်ကို တစ်ဦးပဲ အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အနိုင်ရဖို့ လိုအပ်နေတဲ့ ဒေါ့မန်တို့ ပွဲချိန်၁၆ မိနစ်မှာတင် ဦးဆောင်ဂိုး စတင် သွင်းယူနိုင်ခဲ့ပါတယ်။ အာလင်း ဟာလန်း ဖန်တီးပေးရာကနေ ဒါဟော့ဒ် ရဲ့ ပိတ်သွင်းမှုကို မန်စီးတီး နောက်တန်းက ကာကွယ်ခဲ့ပေမယ့် အသင့်ရှိနေတဲ့ ဘယ်လင်ဂမ်ရဲ့ ထပ်ဆင့်ကန်သွင်းမှု ကိုတော့ မတားဆီးနိုင်ခဲ့လို့ ဂိုးပေးလိုက်ရတာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးတို့ ဂိုးပေးလိုက်ရပြီး နောက်ပိုင်း ပြိုင်ဘက်ကို အသာစီးပြန်ရလာခဲ့ပေမယ့် ပထမပိုင်းအပြီး အထိတော့ ဒေါ့မန်တို့ ၁-၀ ရလဒ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ စီးတီးတို့ ဒေါ့မန် ဘက်ကို ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပိုမိုပြုလုပ်လာနိုင်ခဲ့ပြီး ပွဲချိန် ၅၂ မိနစ် အရောက်မှာ အန်မရီချန် ဂိုးဧရိယာအတွင်း ခေါင်းတိုက် ရှင်းထုတ်ရာကနေ လက်ထိခဲ့လို့ ကွင်းလယ်ဒိုင်က မန်ချက်စတာစီးတီး ဘက်ကို ပင်နယ်တီ ကန်ခွင့်ပြုခဲ့ပါတယ်။ ပင်နယ်တီ ကိုတော့ မားဟက်ဇ်က အမှားအယွင်းမရှိ ကန်သွင်းပေးခဲ့ပါတယ်။ ပွဲချိန် ၇၅ မိနစ် မှာတော့ မန်ချက်စတာစီးတီးတို့ အနိုင်သေချာစေမယ့် ဂိုးရခဲ့ပြီး ဘာနာဒို ဆေးလ်ဗားရဲ့ ပေးပို့မှုကနေ ဖေးလ်ဖိုဒန်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ၁-၂ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့တာကြောင့် မန်ချက်စတာစီးတီးတို့ နှစ်ကျော့ပေါင်း ရလဒ် ၂-၄ နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း မန်စီးတီးရဲ့ တိုက်စစ်ကစားပုံကို မလှန်နိုင်ခဲ့တာကြောင့် ဂိုးတွေ ထပ်ပေးခဲ့ရပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့လည်း လွဲချော်ဖွယ်ရှိနေတဲ့ ဒေါ့မန်

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ဒေါ့မန်တို့ ဦးဆောင်ဂိုး စတင်ရခဲ့ပြီး ပွဲပြီးတဲ့အထိသာ ထိန်းထားနိုင်ခဲ့မယ်ဆိုရင် နောက်တစ်ဆင့် တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးရဲ့ တိုက်စစ်ကစားပုံကို မလှန်နိုင်ခဲ့တာကြောင့် ဂိုးတွေ ထပ်ပေးခဲ့ရပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ပထမအကျော့ရော ဒုတိယအကျော့မှာပါ မန်ချက်စတာစီးတီး အတွက် ၁ ဂိုးစီ သွင်းပေးခဲ့တဲ့ ဖေးလ်ဖိုဒန် ကတော့ အခုပွဲရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် ဒေါ့မန် ဘက်က ဂိုးသွင်းခဲ့တဲ့ ဂျူ့ဒ် ဘယ်လင်ဂမ် ဟာလည်း ဖိုဒန်လိုနဲ့ အသက် မကွာတာကြောင့် ၂၀၁၇ ခုနှစ် ဧပြီလ နောက်ပိုင်း ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်တွေမှာ အသက် ၂၁ နှစ်အောက် ကစားသမား ၂ ယောက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးပွဲလည်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ၁၇ နှစ်သားလေး ဘယ်လင်ဂမ်ဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ဘာစီလိုနာ ကစားသမားဟောင်း ဘိုဂျန်ကာကစ် ပြီးရင် အသက်အငယ်ဆုံး ဂိုးသွင်းသူ ဖြစ်လာပါတယ်။ ပပ်ဂွာဒီယိုလာ အနေနဲ့လည်း ချန်ပီယံလိဂ် မှာ ၈ ကြိမ် အထိ ဆီမီးဖိုင်နယ် ရောက်ထားတဲ့ ဂျိုဆေးမော်ရင်ဟိုရဲ့ အောင်မြင်မှုကိုလည်း လိုက်မှီခဲ့သလို မန်ချက်စတာစီးတီးကို ချန်ပီယံလိဂ် ကွားတားဖိုင်နယ် ကျိန်စာဆိုး ကနေလည်း လွတ်မြောက်စေခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ကျိန်စာဆိုးကနေ လွတ်မြောက်ခဲ့တဲ့ ဂွာဒီယိုလာရဲ့ အသင်းက လာမယ့် ဆီမီးဖိုင်နယ်မှာ ပီအက်စ်ဂျီနဲ့ ကစားရမှာ ဖြစ်လို့ ထင်သလောက် မလွယ်ကူနိုင်တော့တာ သေချာပါတယ်။ ဒေါ့မန် ကတော့ ချန်ပီယံလိဂ် ကနေ နှုတ်ဆက်ခဲ့ရပြီ ဖြစ်လို့ လာမယ့်ရာသီ ဥရောပဝင်ခွင့် တစ်နေရာအတွက် ဘွန်ဒက်စ်လီဂါမှာ ဆက်ပြီး တိုက်ပွဲဝင်ရဦးမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်