နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၂၀၁၈ နောက်ပိုင်း ပထမဦးဆုံး လိဂ်ဖလား ရှုံးပွဲနဲ့ အတူ ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတဲ့ မန်စီးတီး (လိဂ်ဖလား ပွဲပြီးသုံးသပ်ချက်)

ဝက်စ်ဟမ်းယူနိုက်တက် ဝ-၀ မန်ချက်စတာစီးတီး

(ပင်နယ်တီ အဆုံးအဖြတ် ၅-၃ ရလဒ်နဲ့ ဝက်စ်ဟမ်း အနိုင်ရ)

လိဂ်ဖလား ပြိုင်ပွဲမှာ ၄ နှစ် ဆက်တိုက် ချန်ပီယံဆု ရထားတဲ့ မန်စီးတီးတို့ ၅ နှစ်ဆက် ချန်ပီယံ ဖြစ်နိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်သွားခဲ့ရပါတယ်။ ဝက်စ်ဟမ်း ဂိုးသမား  အာရီယိုလာရဲ့ လက်စွမ်းပြမှုတွေကြောင့် မန်စီးတီးတို့ အခက်တွေ့ ခဲ့ရတယ်လို့လည်း ယူဆနိုင်ပါတယ်။ အနိုင်ရခဲ့တဲ့ ဝက်စ်ဟမ်း အသင်း အတွက်တော့ ဒီနှစ် လိဂ်ဖလားမှာ မန်ချက်စတာ အခြေစိုက် နှစ်သင်းလုံးကို အနိုင်ရခဲ့တဲ့ အသင်းအဖြစ် မှတ်တမ်းဝင် သွားခဲ့ပြီလို့ပဲ ဆိုရမှာပါ။

 

ပွဲစဉ်အကျဉ်း

ခံစစ် အသားပေး ပုံစံလို့ ပြောနိုင်တဲ့ ၄-၂-၃-၁ နဲ့ ပွဲထွက်လာတဲ့ ဝက်စ်ဟမ်းရဲ့ လူစာရင်းမှာ ဂိုးသမား အာရီယိုလာ နိုဘယ်လ်၊ လန်ဇီနီ၊ ယာမိုလန်ကို၊ ဆိုဆက်ခ် တို့နဲ့ လူစုံခဲ့ ပါတယ်။ ကစားသမား အင်အား တောင့်တင်းတဲ့  မန်စီးတီး ကတော့ တိုက်စစ် နေရာမှာ လူငယ် ကစားသမား ပယ်လ်မာ တစ်ဦးသာ ဂျူနီယာ ကစားသမား တစ်ဦးအဖြစ် ပါဝင်လာခဲ့တာပါ။ စတာလင်း၊ မာရက်ဇ်၊ ဖာနန်ဒင်ဟို၊ ဒီဘရိုင်း၊ ဝေါလ်ကာ၊ ဂန်ဒိုဂန် ဆိုတဲ့ ကစားသမား အစုကို မန်စီးတီး နည်းပြ ဂွါဒီယိုလာ အသုံးပြုခဲ့တာပါ။ တိုက်စစ် ကစားပုံအရ မန်စီးတီးတို့ အသာရခဲ့တယ် ဆိုပေမယ့် တကယ်တမ်း မှာတော့ ထင်သလောက် အလုပ် မဖြစ်ခဲ့ပါဘူး။ ဘောလုံး ပိုင်ဆိုင်မှု ၃၆-၆၄ ရာခိုင်နှုန်း၊ ဂိုးကန်သွင်းမှု ၂၅ ကြိမ် ဆိုတာတွေက မန်စီးတီးကို နောက်တစ်ဆင့် တက်ရောက်ဖို့ အတွက် မခေါ်ဆောင် နိုင်ခဲ့ပါဘူး။ အဓိက အချက်ကတော့ မန်စီးတီး အသင်းရဲ့ တိုက်စစ်ဆင်မှု အားလုံးကို ဝက်စ်ဟမ်း နောက်တန်းနဲ့  ဂိုးသမား  အာရီယိုလာ တို့ အမှားအယွင်းမရှိ ကာကွယ်နိုင်ခဲ့တယ် လို့ပဲဆိုရမှာပါ။ တကယ်တမ်းမှာလည်း ဇီချန်ကိုရဲ့ ဖြတ်တင်ဘော၊ မာရက်ဇ်၊ ဒီဘရိုင်း တို့ရဲ့ အဝေးကန်ချက်၊ လူငယ် တိုက်စစ်မှူး ပယ်လ်မာရဲ့ သေချာပေါက် ဂိုးကန်သွင်းမှုတွေကို ကာကွယ်ခဲ့တာက အမြင့်မားဆုံး စွမ်းဆောင်မှု ဖြစ်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၉၀ ပြည့်တဲ့ အထိ မန်စီးတီးရဲ့ တိုက်စစ်ကိုသာ ခံစစ်နဲ့ ရင်ဆိုင် ကစားခဲ့ပြီး တန်ပြန် တိုက်စစ်နဲ့သာ တုံ့ပြန်ခဲ့တဲ့ ဝက်စ်ဟမ်းတို့ တစ်ပွဲလုံးမှာ ဂိုးကန်သွင်းမှု ၇ ကြိမ်သာ ရရှိခဲ့တာပါ။ ဝက်စ်ဟမ်း ဘက်က နိုဘယ်လ်၊ ဘိုဝမ်၊ ဒေါ်ဆန်၊ ခရက်စ်ဝဲလ်၊ ဘရာဟီမာတို့ အားလုံး အမှားအယွင်း မရှိ ပင်နယ်တီဝင်ခဲ့ပြီး မန်စီးတီး ကတော့ ကန်ဆယ်လို၊ ဂါဘရီရယ် ဂျီဆက်၊ ဂရယ်လစ်ချ် တို့ ဂိုးဝင်ခဲ့ပေမယ့် ဦးဆုံး ကန်ခွင့်ရခဲ့တဲ့ ဖိုလ်ဒန်ရဲ့ လွဲချော်မှုကြောင့် ၅-၃ ရလဒ်နဲ့ အတူ ဝက်စ်ဟမ်းတို့ နိုင်ပွဲ ရရှိ သွားခဲ့တာလည်း ဖြစ်ပါတယ်။

ဖိုလ်ဒန် ကတော့ အဓိက အဆုံးအဖြတ် ပင်နယ်တီ လွဲချော်ခဲ့တဲ့ အတွက် ဒီပွဲရဲ့ ဗီလိန် တစ်ဦး ဖြစ်သွားခဲ့တယ် လို့ပဲ ဆိုရမှာ ဖြစ်ပြီး မန်စီးတီး တို့လည်း ၅ နှစ်ဆက် လိဂ်ဖလား ကွာတားဖိုင်နယ် တက်ခွင့်နဲ့ လွဲချော်သွားခဲ့ပါတယ်။
လိဂ်ဖလား ချန်ပီယံဆု ကာကွယ်ခွင့်ကို စွန့်လွှတ်ခဲ့ရတဲ့ မန်စီးတီး

ပွဲပြီးသုံးသပ်ချက်

နည်းပြ နှစ်ဦးရဲ့ ဗျူဟာပိုင်း အားပြိုင်ခဲ့တဲ့ ပွဲလို့ ပြောရမှာပါ။ ဂွါဒီယိုလာရဲ့ တိုက်စစ် ဗျူဟာကို ဇုန်အလိုက် ခံစစ် ပြင်ဆင်ခဲ့တဲ့ မိုရက်စ်ရဲ့ ကစားကွက်က အလုပ်ဖြစ်ခဲ့ပါတယ်။ တောင်ပံနှစ်ဖက် ဖြစ်တဲ့ စတာလင်နဲ့ မာရက်စ် တို့ နှစ်ဦးကို ခရက်စ်ဝဲလ်၊ ဂျွန်ဆင် တို့နဲ့ တားဆီးခဲ့သလို ကွင်းလယ် အဖျက် ဆိုဆက်ခ်နဲ့ နိုဘယ်လ် တို့ကြောင့် မန်စီးတီး တို့ အခက်တွေ့ခဲ့တာပါ။ ၅ နှစ် ဆက်တိုက် ချန်ပီယံ မျှော်လင့်ချက် အတွက် တိုက်စစ်ပိုင်းကို လဲလှယ် အသုံးပြုခဲ့ပေမယ့်  တကယ်တမ်း မှာတော့ ဂွါဒီယိုလာ တစ်ယောက် အချိန်မမီခဲ့ပါဘူး။ ဒီနေ့ပွဲရဲ့ အဓိကအဖြေ ဖြစ်ခဲ့တဲ့ သူတွေက မန်စီးတီး ဘက်က လူငယ်ကစားသမား ဖိုလ်ဒန်နဲ့ ဝက်စ်ဟမ်း ဂိုးသမား  အာရီယိုလာ လို့ပဲ ပြောရမှာပါ။ မန်စီးတီး အသင်းရဲ့ ဂိုးရလုနီးပါး အခြေအနေတွေကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့တဲ့ အာရီယိုလာရဲ့ စွမ်းဆောင်မှုက တစ်ပွဲလုံးရဲ့ အကောင်းဆုံး အဖြစ် သတ်မှတ်ခံရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ ဖိုလ်ဒန် ကတော့ အဓိက အဆုံးအဖြတ် ပင်နယ်တီ လွဲချော်ခဲ့တဲ့ အတွက် ဒီပွဲရဲ့ ဗီလိန် တစ်ဦး ဖြစ်သွားခဲ့တယ် လို့ပဲ ဆိုရမှာ ဖြစ်ပြီး မန်စီးတီး တို့လည်း ၅ နှစ်ဆက် လိဂ်ဖလား ကွာတားဖိုင်နယ် တက်ခွင့်နဲ့ လွဲချော်သွားခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

လာမယ့် အောက်တိုဘာ ၃၀ ရက်နေ့မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီးက ခရစ္စတယ်ပဲလေ့စ်ကို ရင်ဆိုင် ကစားရဖို့ ရှိနေပြီး ဝက်စ်ဟမ်း ကတော့ အောက်တိုဘာ ၃၁ ရက်နေ့မှာ အက်စတွန်ဗီလာ အသင်းနဲ့ ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်