နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်ချက်စတာစီးတီး – လစ်ဗာပူးလ် | အက်ဖ်အေဖလား ဆီမီးဖိုင်နယ် (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး – လစ်ဗာပူးလ်

အခုတစ်ပတ် စနေ၊ တနင်္ဂနွေ မှာတော့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး မန်ချက်စတာစီးတီးနဲ့ လစ်ဗာပူးလ်တို့ ကစားမယ့် ပွဲကတော့ ပရိသတ်အကြိုက် ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာပါ။ တစ်ပတ် အတွင်း နှစ်ကြိမ်မြောက် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပြီး အဓိက ဆုဖလား တစ်လုံး မျှော်လင့်ချက် အတွက် ကစားကြမယ့် ပွဲဖြစ်တာကြောင့်လည်း ကျိန်းသေပေါက် အကြိတ်အနယ် ရှိလာဦးမှာ သေချာပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေက ပရီးမီးယားလိဂ် ပွဲစဉ်မှာ လစ်ဗာပူးလ်ကို ခြေစွမ်းအသာနဲ့ သရေကစားပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ဦးဆောင်နိုင်ခဲ့တဲ့ မန်ချက်စတာစီးတီးတို့ အက်ဖ်အေဖလား မှာလည်း လစ်ဗာပူးလ်ကို ထပ်မံ ကျော်ဖြတ်နိုင်ဖို့ အားစိုက်လာဦးမှာပါ။ အက်တလက်တီကိုမက်ဒရစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ကစားထားရလို့ ပွဲပန်းနေတယ် ဆိုပေမယ့် အရန်အင်အား တောင့်တင်းလွန်းတာကြောင့် ပပ် ဂွာဒီယိုလာ အနေနဲ့ စိတ်ပူစရာတော့ မရှိပါဘူး။ တစ်ချက်ရှိတာက မန်စီးတီးဟာ ပပ်ဂွာဒီယိုလာ စတင် ကိုင်တွယ်ချိန်ကစလို့ ပရီးမီးယားလိဂ်၊ ခရာဘောင်ဖလားတွေကို အကြိမ်ကြိမ် သိမ်းပိုက်နိုင်ခဲ့ပေမယ့် အက်ဖ်အေဖလား မှာတော့ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာပဲ ချန်ပီယံ ၁ ကြိမ်ပဲ ဖြစ်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်ဆက် အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အဆင့် ကနေပဲ ထွက်ခွာထားခဲ့ရတဲ့ မန်စီးတီး တို့ ဒီနှစ်မှာလည်း အခန့်မသင့်ရင် ဒီအဆင့်နဲ့ပဲ ကျေနပ်သွားရနိုင်ချေ ရှိနေပါတယ်။ မန်စီးတီးတို့ အခုပွဲ မှာလည်း လစ်ဗာပူးလ်ကို ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ပွဲချိန်ပြည့် ဖိအားပေး ကစားဖို့ ရည်ရွယ်လာဦးမှာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ပွဲတုန်းကလို လစ်ဗာပူးလ် တိုက်စစ်ကို အခွင့်အရေးတွေ မပေးမိဖို့တော့ လိုအပ်ပါလိမ့်မယ်။ တီကိုနဲ့ ပွဲတုန်းက ဒဏ်ရာ ရခဲ့တဲ့ ကီဗင်ဒီဘရိုင်းနားနဲ့ ကိုင်လ် ဝေါလ်ကာ တို့ကတော့ အခုပွဲကို ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

လစ်ဗာပူးလ် ကတော့ မန်စီးတီးကို ပရီးမီးယားလိဂ်မှာ ကျော်နိုင်ဖို့ထက် အက်ဖ်အေဖလားမှာ ကျော်ဖြတ်နိုင်ဖို့က ပိုပြီး ဖြစ်နိုင်ချေ များနေလို့ မျှော်လင့်ထားတာထက် ပိုပြီး အားစိုက်လာနိုင်ပါတယ်။
၂၀၀၆ ခုနှစ်က နောက်ဆုံး အကြိမ် အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ထားတဲ့ လစ်ဗာပူးလ်

ဖြစ်နိုင်ဖွယ် လူစာရင်း – အီဒါဆင်၊ လာပေါ့တ်၊ စတုန်းစ်၊ ကန်ဆယ်လို၊ အာခီ၊ ဆေးလ်ဗား၊ ရိုဒရီ၊ ဂွန်ဒိုအန်၊ ဂျီဆုစ်၊ စတာလင်၊ ဂရီးလစ်ရှ်

လစ်ဗာပူးလ် ကတော့ မန်စီးတီးကို ပရီးမီးယားလိဂ်မှာ ကျော်နိုင်ဖို့ထက် အက်ဖ်အေဖလားမှာ ကျော်ဖြတ်နိုင်ဖို့က ပိုပြီး ဖြစ်နိုင်ချေ များနေလို့ မျှော်လင့်ထားတာထက် ပိုပြီး အားစိုက်လာနိုင်ပါတယ်။ ၂၀၀၆ ခုနှစ်က နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ထားပြီး ၂၀၁၂ ခုနှစ်က နောက်ဆုံး အကြိမ် ဗိုလ်လုပွဲ တက်ထားခဲ့တဲ့ လစ်ဗာပူးလ်တို့ မန်စီးတီးလိုပဲ အက်ဖ်အေဖလား အောင်မြင်မှုနဲ့ ဝေးကွာနေတာ ကြာပါပြီ။ လက်ရှိရာသီ အဓိက ဆုဖလား အားလုံး လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ ဂျာဂျင် ကလော့ပ်ရဲ့ အသင်းက အင်္ဂလိပ် ကလပ် တွေရဲ့ သမိုင်းမှာ ပထမဦးဆုံး အကြိမ် အဖြစ် တစ်ရာသီ အတွင်း ဆုဖလား ၄ လုံး ကိုင်မြှောက်နိုင်ဖို့ ရည်ရွယ်နေပါတယ်။ ပြီးခဲ့တဲ့ မန်စီးတီးနဲ့ တွေ့ဆုံမှုမှာ သရေ ရလဒ် ရရှိအောင် ကစားနိုင်ခဲ့ပေမယ့် ခြေစွမ်းပိုင်းအရတော့ ပပ်ရဲ့ အသင်းကို လစ်ဗာပူးလ်တို့ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ကလော့ပ် အနေနဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲ တချို့ ပြုလုပ်လာဖွယ် ရှိနေပြီး လူစာရင်း အရတော့ အကောင်းဆုံး ဖြစ်နိုင်မယ့် ပြီးခဲ့တဲ့ ပွဲက လူစာရင်း အတိုင်းပဲ ပွဲထွက်လာဖို့ များပါတယ်။ လက်တလော အသင်းမှာ ဒဏ်ရာရ၊ ပွဲပယ် ကစားသမား မရှိတာက ကလော့ပ် အတွက်တော့ ဝမ်းသာစရာ ဖြစ်ပြီး အခုပွဲမှာလည်း မာနေး၊ ဆာလာ၊ ဂျိုတာ တို့ပါဝင်တဲ့ အတောင့်တင်းဆုံး လူစာရင်းနဲ့ပဲ ရင်ဆိုင်သွားဖွယ် ရှိနေပါတယ်။

ဖြစ်နိုင်ဖွယ် လူစာရင်း – အလီဆွန်၊ အာနိုးလ်၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ရော်ဘတ်ဆန်၊ ဟန်ဒါဆင်၊ ဖာဘင်ဟို၊ သီယာဂို၊ မာနေး၊ ဆာလာ၊ ဂျိုတာ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ အရပ်ရပ် နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၅ ကြိမ်မှာ မန်ချက်စတာစီးတီးတို့ လစ်ဗာပူးလ်ကို လုံးဝ ရှုံးနိမ့်ထားခြင်း မရှိသလို ၂ ပွဲနိုင်၊ ၃ ပွဲသရေကျထားပါတယ်။ မန်စီးတီးတို့ နောက်ဆုံး ၁၀ ပွဲဆက် ရှုံးပွဲ မရှိထားသလို လစ်ဗာပူးလ် ကလည်း ၇ ပွဲဆက် ရှုံးပွဲ မရှိခဲ့ပါဘူး။ ဒါ့အပြင် လစ်ဗာပူးလ်တို့ အဝေးကွင်း နောက်ဆုံး ၁၁ ပွဲဆက် မရှုံးထားပဲ မန်စီးတီး အိမ်ကွင်းမှာလည်း ၂ ပွဲဆက် သရေ ကစားထားနိုင်ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ မန်ချက်စတာစီးတီး အတွက် ၂.၄၅ ဆ၊ လစ်ဗာပူးလ် အတွက် ၂.၇၄ ဆ၊ သရေ အတွက် ၃.၂၅ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ မန်စီးတီးတို့ လစ်ဗာပူးလ်ကို အဘက်ဘက်က အသာရခဲ့ပေမယ့် အခုပွဲမှာတော့ ဒီဘရိုင်းနား မပါတဲ့ ကွင်းလယ်ကြောင့် လစ်ဗာပူးလ်ကို ယှဉ်ဖို့ ခက်ခဲနိုင်ပါတယ်။ နောက်ပြီး မန်စီးတီးတို့ အက်တလက်တီကိုနဲ့ ပွဲမှာ လူစုံထုတ်ပြီး အားစိုက်ကစားခဲ့ရလို့ ပွဲပန်းနေနိုင်ပေမယ့်် လစ်ဗာပူးလ် ကတော့ ဘင်ဖီကာကို အရန်တွေနဲ့ ရင်ဆိုင်ခဲ့လို့ အခုပွဲကို အားအင်အပြည့်နဲ့ ကစားနိုင်ဖို့ ရှိနေပါတယ်။ ဒီအချက်တွေကြောင့်ပဲ အခုပွဲ မှာတော့ ကလော့ပ်ရဲ့ အသင်းပဲ ရသွားဖို့ များပါတယ်။ ထုံးစံ အတိုင်း အပြန်အလှန် သွင်းဂိုးတွေလည်း မြင်တွေ့ရဖွယ် ရှိပါတယ်။

ခန့်မှန်းရလဒ် (၁-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်