ဘန်လေ – မန်ချက်စတာစီးတီး
လာမယ့်ကြာဿပတေးနေ့ မနက်အစောပိုင်းမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ဆက်လက် ကစားဖို့ ရှိနေပြီးတော့ ဘန်လေနဲ့ မန်စီးတီးတို့ ပွဲစဉ်လည်း ပါဝင်နေပါတယ်။ လက်တလော ဘန်လေတို့ ရလဒ်တွေ ပြန်ကောင်းနေပေမယ့် မန်ချက်စတာစီးတီးနဲ့ တွေ့ဆုံချိန်တိုင်း ဘယ်လိုမှ မယှဉ်နိုင်ခဲ့လို့ အခုပွဲမှာလည်း ဧည့်သည်တို့ ဂိုးပြတ်အနိုင်ရသွားနိုင်ချေ ရှိနေပါတယ်။
ဘန်လေတို့ ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ပရီးမီးယားလိဂ် ပွဲစဉ်မှာ ၂ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲ နိုင်ပွဲ ဆက်မှု ရပ်တန့်ခဲ့ပါတယ်။ ဘန်လေတို့ ရာသီအစကနဲ့ မတူပဲ နောက်ပိုင်းပွဲစဉ်တွေမှာ ခံစစ်ပိုင်း လုံခြုံမှုနဲ့အတူ ခြေစွမ်းပြန်လည် ကောင်းမွန်လာတာတွေ့ရပါတယ်။ ဒါပေမယ့် လက်ရှိ အချိန်ထိ ပရီးမီးယားလိဂ် မှာ ပွဲ ၂၀ ကစား ၆ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၁၀ ပွဲအထိ ရှုံးနိမ့်ထားလို့ အခုနှစ်အတွက် အမှတ်ပေးပြိုင်ပွဲ ရှုံးပွဲ အများဆုံး အသင်းတွေထဲမှာ ပါဝင်နေပါတယ်။နောက်ဆုံး ၃ ပွဲမှာ လစ်ဗာပူးလ်၊ အက်စတွန်ဗီလာတို့လို အသင်းတွေကို အနိုင်ရခဲ့ပြီး ချဲလ်ဆီးကိုတော့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ လက်တလော အက်ရှ်လေဘန်းစ်၊ တေလာ၊ ခရစ်ဝုဒ်၊ ဘရောင်းဟေးလ် တို့ ဒဏ်ရာ ရရှိနေလို့ အခုပွဲမှာ ပါဝင်လာနိုင်မှာ မဟုတ်ပါဘူး။ဘန်လေတို့ အနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ၁၀ ပွဲမှာ သရေကျခဲ့တဲ့ ပွဲမရှိပဲ ၆ ပွဲနိုင်၊ ၄ ပွဲရှုံးနိမ့်ခဲ့ပါတယ်။ အိမ်ကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၄ ပွဲရှုံးနိမ့်ထားပါတယ်။
မန်ချက်စတာစီးတီး ကတော့ အကောင်းဆုံး ပုံစံမှာ ရှိနေပြီးတော့ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၂ ပွဲ ဆက်တိုက် နိုင်ပွဲရရှိထားပါတယ်။ ပပ်ဂွာဒီယိုလာရဲ့ အသင်းက ပရီးမီးယားလိဂ်မှာလည်း နောက်ဆုံး ၈ ပွဲဆက်တိုက် နိုင်ပွဲရရှိထားပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှာလည်း ရပ်တည်နေသလို ဒုတိယနေရာက မန်ချက်စတာယူနိုက်တက် ထက်လည်း ၁ ပွဲလျော့ကစားပြီး ၃ မှတ်ဖြတ် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မန်ချက်စတာစီးတီးတို့ရဲ့ နိုင်ပွဲတွေ က တစ်ပွဲနဲ့တစ်ပွဲ ပုံစံ မတူပဲ ဂိုးပြတ် အနိုင်ရတဲ့ပွဲ ရှိသလို တိုက်စစ်က ဂိုးသွင်းဖို့ ရုန်းကန်ရတဲ့ ပွဲတွေ မှာဆို ၁-၀ လောက်နဲ့ပဲ အနိုင်ရခဲ့တာ တွေ့ရပါတယ်။ လက်ရှိမှာ အသင်းအတွက် ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနေတဲ့ ကီဗင် ဒီဘရိုင်းနား ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပဲ နောက်တန်းက နေသန်အေခီ၊ တိုက်စစ်က ကန်အဂွဲရိုးလည်း ကစားနိုင်မှာ မဟုတ်သေးပါဘူး။ မန်ချက်စတာစီးတီးတို့ ဒီရာသီ အဝေးကွင်းစွမ်းဆောင်ရည်ကတော့ ၅ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၁ ပွဲ ရှုံးနိမ့်ထားပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း
ဘန်လေနဲ့ မန်ချက်စတာစီးတီးတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ၁၇ ကြိမ်မှာ မန်ချက်စတာစီးတီးတို့က ၁၂ ပွဲနိုင်ပြီး ၁ ပွဲရှုံးကာ ၁ ပွဲသရေကျထားပါတယ်။ဒီရာသီ ပထမအကျော့ တွေ့ဆုံမှုမှာတော့ မန်ချက်စတာစီးတီးက ၅ ဂိုးပြတ်ရလဒ်နဲ့ အနိုင်ရထားပါတယ်။ နောက်တစ်ချက်က မန်ချက်စတာစီးတီးတို့ ဘန်လေနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၄ ကြိမ်မှာ အနိမ့်ဆုံး ၃ ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
ဘန်လေ – မန်ချက်စတာစီးတီး | 1X2 မန်ချက်စတာစီးတီး @ ၁.၂၀ဆ | |
ဖေဖော်ဝါရီလ ၄ရက်, ည၁၂:၃၀ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက်၁၃.၀၀ ဆနဲ့ဧည့်သည်အသင်းအတွက်၁.၂၀ ဆကြေးဖွင့်ပြီးသရေအတွက်၇.၀၀ ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။ဘန်လေတို့ လက်ရှိမှာ ခံစစ်ကစားပုံ ကောင်းနေပေမယ့် မန်ချက်စတာစီးတီးကိုတော့ ယှဉ်ကစားဖို့ မဖြစ်နိုင်ပါဘူး။ မန်ချက်စတာစီးတီးတို့ ဂိုးပြတ်မပြတ်ပဲ တစ်ချက် စောင့်ကြည့်ရမှာပါ။ အနိုင်ကတော့သေချာပါတယ်။ ဆတင်ထိုးဖို့လည်း မမေ့ပါနဲ့။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.