နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လက်စတာစီးတီးကို ဂိုးပြတ်ရှုံးပြီး ကွာတားဖိုင်နယ်ကနေ လှည့်ပြန်ရတဲ့ မန်ချက်စတာယူနိုက်တက် – အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲပြီးသုံးသပ်ချက်

လက်စတာစီးတီး ၃ – ၁ မန်ချက်စတာယူနိုက်တက်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ကွာတားနယ်ပွဲစဉ် တစ်ပွဲမှာတော့ အိမ်ရှင် လက်စတာစီးတီးတို့ မန်ချက်စတာယူနိုက်တက်ကို ၃-၁ နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ ဆီမီးမန်ယူ လို့တောင် နာမည်ကြီးနေတဲ့ မန်ချက်စတာယူနိုက်တက်ဟာ မနှစ်က အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကနေ ထွက်ခွာခဲ့ရပြီး ဒီရာသီ ခရာဘောင်ဖလား မှာလည်း ဆီမီးဖိုင်နယ်ကနေ ထွက်ခွာထားခဲ့ရပေမယ့် လက်ရှိမှာတော့ ကွာတားဖိုင်နယ် အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဆီမီးမန်ယူ လို့တောင် နာမည်ကြီးနေတဲ့ မန်ချက်စတာယူနိုက်တက်ဟာ မနှစ်က အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကနေ ထွက်ခွာခဲ့ရပြီး ဒီရာသီ ခရာဘောင်ဖလား မှာလည်း ဆီမီးဖိုင်နယ်ကနေ ထွက်ခွာထားခဲ့ရပေမယ့် လက်ရှိမှာတော့ ကွာတားဖိုင်နယ် အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
လက်စတာစီးတီးနဲ့ နောက်ဆုံး တွေ့ဆုံမှု ၁၅ ကြိမ်မှာ ၂ ကြိမ်မြောက် ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

ဒီနေ့ပွဲမှာ မန်ချက်စတာယူနိုက်တက် နည်းပြ အိုလီဂန်နာဆိုးလ်ရှား အနေနဲ့ ကစားကွက် အခင်းအကျင်းကို အနည်းငယ် အပြောင်းအလဲ ပြုလုပ်လာခဲ့ပြီး တိုက်စစ်မှာ မာစီရယ်နဲ့ ဂရင်းဝုဒ်နှစ်ဦးကို တွဲဖက်ပေးခဲ့ပြီး ကွင်းလယ်မှာ ပေါလ်ပေါ့ဘာ၊ ဖရက်ဒ်၊ မားတစ်၊ ဗန်ဒီဘိခ်၊ နောက်တန်းမှာ မက်ဂွိုင်းယား၊ လင်ဒီအော့ဖ်၊ ဝမ်ဘစ်ဆာခါ၊ အဲလက်စ်တဲလက်စ်၊ ဂိုးမှာ ဒင်းန်ဟန်ဒါဆင်တို့နဲ့ ပွဲထွက်လာပါတယ်။ လက်စတာစီးတီး ဘက်မှာတော့ တိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ အီရန်နာချို၊ ဂျေမီဗာဒီ၊ နောက်မှာ အရိုးဇီပီရက်ဇ်၊ ကွင်းလယ်မှာ ကတ်စတန်နီ၊ တိုင်လီမန့်စ်၊ အန်ဒီဒီ၊ အဲလ်ဘရိုက်တန်၊ နောက်တန်းမှာ ဆွိုင်ရွန်ချူ၊ ဂျွန်နီအီဗန့်စ်၊ ဖိုဖာနာ၊ ဂိုးသမားနေရာမှာတော့ ကတ်စပါ ရှမိုင်ကယ်တို့ ပါဝင်လာခဲ့ပါတယ်။ ပွဲအစပိုင်းမှာ နှစ်သင်းစလုံး အထနှေးနေခဲ့ပေမယ့် ၂၄ မိနစ်မှာတော့ လက်စတာစီးတီးတို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတော့တယ်။ ဒီဂိုးကိုတော့ ဖရက်ဒ် ဂိုးသမား ဒင်းန်ဟန်ဒါဆင်ဆီ ပြန်ပေးချိန်မှာ ကလက်ချီ အီရန် နာချိုက ကြားဖြတ်ရယူပြီး တစ်ချက်လိမ်ကာ သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၃၈ မိနစ်မှာတော့ ပေါလ်ပေါ့ဘာရဲ့ အနိမ့်ချိုးပေးတဲ့ ဘောလုံးကို ဗန်ဒီဘိခ် လွှတ်ပေးခဲ့ပြီး အသင့်စောင့်နေတဲ့ ဂရင်းဝုဒ်က အဆုံးသတ်ပေးခဲ့လို့ ပထမပိုင်းအပြီးမှာ တစ်ဖက်တစ်ဂိုးစီ သရေဖြစ်နေခဲ့ပါတယ်။ ဒုတိယပို်ငးပွဲစချိန်မှာ လက်စတာစီးတီးတို့ ဒုတိယဂိုး ထပ်မံရရှိခဲ့ပြီး အီရန်နာချို ထိုးပေးတဲ့ဘောလုံးကို ကွင်းလယ်လူ တိုင်လီမန့်စ်က တစ်ကိုယ်တော် ဖောက်ထွက်ပြီး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ယူနိုက်တက်တို့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေရဖို့ တိုက်စစ်အတွက် ကစားသမားအပြောင်းအလဲ ၄ ဦးအထိ ပြုလုပ်ခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်၊ မက်တော်မီနေး၊ လုခ်ရှော၊ ကာဗာနီ တို့ဝင်လာခဲ့ပေမယ့်လည်း ခဏတာပဲ ထိရောက်ခဲ့ပြီး ကစားအား ပြန်ကျသွားခဲ့လို့ ယူနိုက်တက်တို့ရဲ့ ကြိုးပမ်းမှု အရာမထင်ခဲ့ပါဘူး။ အဲ့နောက် ၇၈ မိနစ်မှာတော့ ယူနိုက်တက်အတွက် အရှုံးသေချာစေမယ့် ဂိုးကို လက်စတာတိုက်စစ်မှူး အီရန်နာချိုကပဲ ထပ်မံသွင်းယူပေးခဲ့လို့ ပွဲအပြီး ၃-၁ ရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။
 

 

ပွဲပြီးသုံးသပ်ချက်

အခုပွဲမှာ မန်ချက်စတာယူနိုက်တက် တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်ဟာ ပုံမှန်အောက်‌ ရောက်ရှိနေခဲ့ပြီး အရှုံးရလဒ်နဲ့ လုံးဝကို ထိုက်တန်ခဲ့ပါတယ်။ လက်စတာတိုက်စစ်က အီရန်နာချို၊ ဗာဒီ၊ အရိုးဇီပီရက်ဇ် တို့ ယူနိုက်တက် နောက်တန်းကို ထိရောက်တဲ့ မွှေနှောက် ထိုးဖောက်မှုကို လုပ်နိုင်ခဲ့ပေမယ့် မာစီရယ်၊ ဂရင်းဝုဒ်တို့ ဦးဆောင်တဲ့ တိုက်စစ်ကတော့ အဆိပ်လုံးဝ မရှိခဲ့ပါဘူး။ နောက်ပြီး ဟယ်ရီမက်ဂွိုင်းယားရဲ့ စွမ်းဆောင်ရည်နဲ့ မေးခွန်းထုတ်စရာ ရှိလာခဲ့ပြီး လင်ဒီအော့ဖ်နဲ့ တွဲကစားဖို့ အတွက် အဆင်မပြေတာတွေ့ရပါတယ်။ ပထမဦးဆုံး ဂိုးဟာလည်း ဂိုးသမား ဒင်းန်ဟန်ဒါဆင်ရဲ့ ပယောဂ မကင်းတာတွေ့ရသလို နောက်ထပ်ပေးရတဲ့ ဂိုးတွေကလည်း ယူနိုက်တက်နောက်ခံလူတွေနဲ့ ဂိုးသမားကြောင့် ခွင့်ပြုပေးခဲ့ရတာပါ။ လက်စတာစီးတီးကတော့ နောက်ပိုင်းပွဲစဉ်တွေမှာ မန်ချက်စတာယူနိုက်တက် ကို အသာမရခဲ့တဲ့ မှတ်တမ်းဆိုးကို ချေဖျက်နိုင်ခဲ့တဲ့ အပြင် အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆီမီးဖိုင်နယ် အဆင့်မှာ တွေ့ဆုံရမယ့် အသက်းဟာလည်း ဆောက်သမ်တန် အသင်း ဖြစ်နေလို့ ဖိုင်နယ်အဆင့်ထိ အလွယ်တကူ တက်ရောက်သွားနိုင်မယ့် အလားအလာရှိနေပါတယ်။
 

လာမယ့်ပွဲစဉ်များ

လက်စတာစီးတီးတို့ လာမယ့် ဧပြီလ ၃ ရက်နေ့မှာ မန်ချက်စတာစီးတီး အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိနေပြီး မန်ချက်စတာယူနိုက်တက် ဟာလည်း ဘရိုက်တန် နဲ့ ကစားရဖို့ ရှိနေပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်