နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မာတီနက်ဇ်ရဲ့ နောက်ကျဂိုးနဲ့ ၃ နှစ်ဆက် ချန်ပီယံ ဖြစ်ခဲ့တဲ့ အင်တာမီလန် | အီတလီ စူပါဖလား (ပွဲပြီးသုံးသပ်ချက်)

ဒီကနေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ အီတလီ စူပါဖလား ဗိုလ်လုပွဲ မှာတော့ အင်တာမီလန်က နာပိုလီကို လော်တာရို မာတီနက်ဇ်ရဲ့ နာကျင် အချိန်ပို သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါကြောင့် အင်တာမီလန်တို့ အီတလီ စူပါဖလားမှာ ၃ နှစ်ဆက် ချန်ပီယံ ဖြစ်ခဲ့ပြီး သမိုင်းတစ်လျှောက် ၈ ကြိမ်မြောက် အဖြစ် ကိုင်မြှောက် သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာရကစားသမား ကင်းရှင်းနေတဲ့ နှစ်သင်းစလုံး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြတာပါ။ နာပိုလီ ဘက်မှာ ဂိုလီနီ၊ ရာမန်နီ၊ ဒီလော်ရန်ဇို၊ ဂျေဇုစ်၊ လိုဘွတ်ကာ၊ ကာဂျု့စ်၊ မက်ဇော့ချီ၊ ဇာဘင်၊ ပိုလီတာနို၊ ကာဗရာစခီလီယာနဲ့ ဆီမြွန်နီတို့ ပါဝင်လာခဲ့ပါတယ်။ အင်တာမီလန် ကတော့ ဆွမ်မား၊ အကာဘီ၊ ဒီဗရစ်ဂျ်၊ ပါဗက်၊ ချလနောဂလူ၊ ဘာရယ်လာ၊ မက်ခီတာရန်၊ ဒါမီရန်၊ ဒီမာကို၊ သူရမ်၊ မာတီနက်ဇ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ 

နာပိုလီဟာ လက်တလော စီးရီးအေ မှာလည်း ရုန်းကန်နေရပြီး အီတလီ စူပါဖလား မှာလည်း အင်တာမီလန်ကို ခြေစွမ်း အပြတ်အသတ် ကွာဟပြီး ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။
နည်းပြသစ် လက်အောက်မှာ ရလဒ်တွေ ဆိုးနေတဲ့ နာပိုလီ

ဒီပွဲမှာ အင်တာမီလန်ဟာ ပိုကောင်းတဲ့ အသင်း ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပြီး နာပိုလီကို ပွဲချိန် တစ်လျှောက်လုံး ဖိကစားသွားနိုင်ခဲ့ပါတယ်။ အင်တာတို့ ဂိုးပေါက် ကန်ချက် ၂၂ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့တဲ့ အထိ နာပိုလီ ဂိုးသမားကို အလုပ်ရှုပ်စေနိုင်ခဲ့တာ ဖြစ်ပါတယ်။ နာပိုလီ ကတော့ အင်တာမီလန်ရဲ့ ပုံစံကောင်းရနေမှု အောက်မှ အသည်းအသန် ရုန်းကန်ခဲ့ရပြီး မိနစ် ၆၀ မှာ တိုက်စစ်မှူး ဆီမြွန်နီ ထုတ်ပယ်ခံခဲ့ရတာကြောင့် ပိုပြီး အားနည်းခဲ့ပါတယ်။ တစ်ယောက် လျော့သွားခဲ့တဲ့နောက် နာပိုလီတို့ ခံစစ်ကို ပိုမို အားပြုခဲ့တာကြောင့်လည်း အင်တာမီလန်တို့ အနိုင်ဂိုးရဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင် အချိန်ပို ၁ မိနစ် မှာတော့ နောက်ပိုင်း ပွဲတွေမှာ တောက်လျောက် ခြေစွမ်းပြနေတဲ့ လော်တာရို မာတီနက်ဇ်က သွင်းယူပေးခဲ့လို့ အင်တာမီလန်တို့ နိုင်ပွဲနဲ့ အတူ ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ 

လော်တာရို မာတီနက်ဇ် ကတော့ ဒီရာသီ အင်တာမီလန် အတွက် အကောင်းဆုံး ခြေစွမ်းပြနေပြီး ၂၇ ပွဲ ကစား၊ ၂၁ ဂိုးသွင်းထားပါတယ်။ အာဂျင်တီးနားသားဟာ အသက်အရွယ် ရလာတာနဲ့ အမျှ ကစားပုံ ရင့်ကျက် ပါးနပ်လာပြီး ဂိုးသွင်း မုဆိုး တစ်ဦး ဖြစ်ကြောင်း သက်သေပြနေခဲ့တာ ဖြစ်ပါတယ်။

စီးရီးအေ
ဂျူဗင်တပ်စ်
အမ်ပိုလီ
1X2 အမ်ပိုလီ @ 8.50
ဂျူဗင်တပ်စ် အာရှ ဟန်းဒီးကပ် -1.50 @ 1.99
ဂိုးပေါ် 2.50 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

စပယ်လက်တီကို ထုတ်ပယ်ပြီးနောက် နာပိုလီရဲ့ ကျဆင်းသွားပုံက အံ့အားသင့်စရာ ကောင်းပါတယ်။ နည်းပြ မက်ဇာရီလည်း ရာထူး ကနေ ထပ်မံ အထုတ်ပယ်ခံရဖို့ များသွားခဲ့ပါပြီ။ နာပိုလီဟာ လက်တလော စီးရီးအေ မှာလည်း ရုန်းကန်နေရပြီး အီတလီ စူပါဖလား မှာလည်း အင်တာမီလန်ကို ခြေစွမ်း အပြတ်အသတ် ကွာဟပြီး ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ နာပိုလီတို့ အလျင်အမြန် ရုန်းမထနိုင်ရင်တော့ ဒီရာသီ ချန်ပီယံလိဂ် ဝင်ခွင့်တောင် ရဖို့ မသေချာတဲ့ အခြေအနေပါ။   

နာပိုလီဟာ လာမယ့် ဇန်နဝါရီ ၂၈ ရက်နေ့မှာ လာဇီယိုနဲ့ စီးရီအေ ပွဲစဉ် ဆက်လက် ကစားဖို့ ရှိပြီး အင်တာမီလန် ကတော့ ၂၉ ရက်နေ့မှာ ဖီအိုရင်တီးနားနဲ့ ကစားရမှာ ဖြစ်ပါတယ်။ 


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်