နယူးကာဆယ် – ချဲလ်ဆီး
ခရာဘောင်ဖလား စတုတ္တအဆင့်ရဲ့ နောက်ထပ် စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ အဖြစ် နယူးကာဆယ်နဲ့ ချဲလ်ဆီးတို့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ဒီနှစ်သင်းက ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကပဲ ပူပူနွေနွေး တွေ့ဆုံထားခဲ့ပြီးတော့ ချဲလ်ဆီးက ၂-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
နယူးကာဆယ် ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ၂ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့ပြီးတော့ ဘရိုက်တန်နဲ့ ချဲလ်ဆီးကို ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ၆ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့ပြီးတော့ ခြေစွမ်းပိုင်း ကတော့ တော်တော်လေး ယိမ်းယိုင်နေတာ ဖြစ်ပါတယ်။ တိုက်စစ်ပိုင်းက ဂိုးရဖို့ ခက်ခဲနေခဲ့သလို ခံစစ် ကလည်း မလိုအပ်ပဲ ဂိုးတွေ ပေးနေရတာက နယူးကာဆယ်ရဲ့ ရလဒ်ပိုင်းကို ထိခိုက်နေစေတာ ဖြစ်ပါတယ်။ ငှက်ကြားတွေဟာ ခရာဘောင်ဖလား ဒုတိယ အဆင့် မှာတော့ နော့တင်ဟမ်ဖောရက်စ်ကို ပင်နယ်တီနဲ့ ကျော်ဖြတ်ခဲ့ပြီးတော့ တတိယ အဆင့် မှာတော့ ဝင်ဘယ်ဒန်ကို ၁-၀ ရလဒ်နဲ့ ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ချဲလ်ဆီး ကတော့ ပရီးမီးယားလိဂ် တွေ့ဆုံမှုမှာ နယူးကာဆယ်ကို အသာရခဲ့ပြီးတော့ ခရာဘောင်ဖလား ရှုံးထွက်မှာလည်း ထပ်ပြီး ကျော်ဖြတ်နိုင်ဖို့ ကြိုးစားရမှာပါ။ ချဲလ်ဆီး ကတော့ အန်ဇို မာရက်စ်ကာ လက်ထက်မှာ မထင်မှတ်ထားပဲ ခြေစွမ်းကောင်းမွန်နေပြီး လိုအပ်နေတဲ့ နိုင်ပွဲတွေလည်း ရှာတွေ့နေခဲ့ပါတယ်။ ချဲလ်ဆီးဟာ နောက်ဆုံး ကစားခဲ့တဲ့ ၁၀ ပွဲမှာ လစ်ဗာပူးလ် တစ်သင်းတည်းကို ရှုံးနိမ့်ထားပြီး ကျန်ပွဲတွေမှာတော့ ရလဒ်ကောင်းတွေ ရရှိထားပါတယ်။ ပြောရရင် အန်ဇို မာရက်စ်ကာရဲ့ အသင်းဟာ တစ်ပွဲထက် တစ်ပွဲ ပါးပါးနပ်နပ်နဲ့ ကစားတတ်လာပြီး ပွဲကြို ချဉ်းကပ်မှု ကလည်း တော်တော်လေး ကောင်းမွန်နေတာ တွေ့ရပါတယ်။
နှစ်ဖက်အသင်း သတင်းများ
ချဲလ်ဆီး ဘယ်နောက်ခံလူ ဘန်ချေးဝဲလ် ကတော့ အဖျား ရှိနေတာကြောင့် ပါဝင်ကစားဖို့ မသေချာသေးဘူးလို့ သိရပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
နယူးကာဆယ် – ဗလာချိုဒီမော့စ်၊ လစ်ဗရာမန်တို၊ ခရက်ဖ်၊ ရှား၊ ကယ်လီ၊ လောင်းစတက်ဖ်၊ ဝေးလ်လော့ခ်၊ တိုနာလီ၊ မာဖီ၊ အိုဆူလာ၊ အိဆက်ခ်
ချဲလ်ဆီး – ဂျော်ဂျန်ဆန်၊ ဒီယာဆီ၊ ဘာဒီယာရှီးလ်၊ အဒါယာဘိုင်ယို၊ ကူကာရယ်လာ၊ ဖာနန်ဒက်ဇ်၊ ဒူးစ်ဘာရီဟောလ်၊ ဆန်ချို၊ ဖီးလစ်၊ မူဒရစ်ခ်၊ အန်ကွန်ကူ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၃၁ ကြိမ် တွေ့ဆုံခဲ့ရာမှာတော့ နယူးကာဆယ်က ၉ ကြိမ် အနိုင်ရထားပြီး ချဲလ်ဆီး ကတော့ ၁၆ ကြိမ် အနိုင်ရထားကာ ၆ ကြိမ် သရေကျထားပါတယ်။ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာတော့ ချဲလ်ဆီးက ၁ ပွဲသာ အနိုင်ရထားပြီးတော့ နယူးကာဆယ်က ၂ ပွဲဆက် အနိုင်ရထားပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲစီကို ပြန်ကြည့်ရင်တော့ နယူးကာဆယ်က ၁ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲ ရှုံးထားပြီး ချဲလ်ဆီး ကတော့ ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ နယူးကာဆယ် နိုင်ရင် ၂.၄၄ ဆ နီးပါး ရမှာ ဖြစ်ပြီး ချဲလ်ဆီး နိုင်ရင်တော့ ၂.၄၅ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၂၉ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း နယူးကာဆယ်က ဒဲ့ကြေး၊ သရေ တစ်ဝက်ရှုံးကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ နယူးကာဆယ်တို့ ချဲလ်ဆီးကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ လက်စားချေဖို့ ကြိုးစားမှာပါ။ ဒါပေမယ့် နယူးကာဆယ်က လက်ရှိမှာ ခြေစွမ်းပိုင်းက အကျပိုင်းကို ရောက်နေပြီး ချဲလ်ဆီး ကတော့ ပုံမှန် ခြေစွမ်းတစ်ခုကို ထိန်းထားနိုင်တာ တွေ့ရပါတယ်။ ဒါကြောင့် အခုပွဲမှာလည်း ချဲလ်ဆီး ကိုပဲ ယုံကြည်ထားချင်ပါတယ်။ ဂိုးတေ့ ပြတ်မှာ မဟုတ်ပါဘူး။
ခန့်မှန်းရလဒ်
နယူးကာဆယ် ၁-၂ ချဲလ်ဆီး
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.