နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နှစ်ပေါင်း ၇၀ ကြာပြည်တွင်းဆုဖလားလက်မဲ့ ဖြစ်နေမှုကိုအဆုံးသတ်နိုင်ခဲ့တဲ့ နယူးကာဆယ် | ခရာဘောင်ဖလား

ညကယှဉ်ပြိုင်ကစားခဲ့တဲ့ခရာဘောင်ဖလားဗိုလ်လုပွဲမှာတော့နယူးကာဆယ်ကလစ်ဗာပူးလ်ကို၂-၁ရလဒ်နဲ့အနိုင်ယူပြီး၅၆နှစ်ကြာဆုဖလားခေါင်မှုကိုအဆုံးသတ်လိုက်နိုင်ပြီလည်းဖြစ်ပါတယ်။ငှက်ကြားတွေဟာလက်ရှိချန်ပီယံကြိုးကြာနီတွေကိုအကောင်းဆုံးရင်ဆိုင်သွားခဲ့ပြီးတော့အသင်းသမိုင်းတလျှောက်ပထမဦးဆုံးအကြိမ်ခရာဘောင်ဖလားကိုဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။

အာနေးဆလော့တ်ကလည်းလစ်ဗာပူးလ်နဲ့ပွဲဦးထွက်ရာသီမှာသေချာပေါက်ရနိုင်ချေရှိနေတဲ့ဆုဖလားတစ်လုံးအတွက်အတောင့်တင်းဆုံးလူစာရင်းနဲ့ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ဂျိုတာ၊ဆာလာ၊ဒီးယက်ဇ်၊ဆိုဘို့ဇ်လိုင်း၊ဂရာဗန်ဘက်ချ်၊မာ့ခ်အယ်လစ္စတာ၊ကိုနာတေး၊ဗန်ဒိုက်ခ်၊ကွမ်ဆာ၊ရော်ဘတ်ဆန်၊ခါလာဟာတို့ပါဝင်ခဲ့ပါတယ်။နယူးကာဆယ်ကတော့၄-၃-၃အခင်းအကျင်းနဲ့အတူပုပ်၊လစ်ဗာရာမန်တို၊ဒန်ဘန်း၊ရှား၊ထရစ်ပီယာ၊တိုနာလီ၊ဂျိုးလင်တန်၊ဂီမာရေးစ်၊ဘန်းစ်၊မာဖီ၊အိဆက်ခ်တို့နဲ့ပွဲထွက်လာခဲ့ပါတယ်။
ပြောရမယ်ဆိုရင်ပထမပိုင်းမှာ၁၀မိနစ်ကနေမိနစ်၂၀ဝန်းကျင်လောက်အထိသာလစ်ဗာပူးလ်ရဲ့အချိန်ကာလဖြစ်ခဲ့ပြီးကျန်မိနစ်တွေမှာနယူးကာဆယ်ကတောက်လျောက်ဖိဖိစီးစီးကစားနိုင်ခဲ့ပါတယ်။ပထမပိုင်းတစ်ပိုင်းလုံးမှာလစ်ဗာပူးလ်ကဂိုးပေါက်ကန်ချက်၁ကြိမ်သာရရှိခဲ့ပြီးဒါတောင်ဂျိုတာရဲ့ကန်ချက်ကဂိုးပေါက်မတည့်ခဲ့ပါဘူး။နယူးကဆယ်ကတော့ပထမပိုင်းတစ်ပိုင်းထဲမှာတင်လစ်ဗာပူးလ်ဂိုးပေါက်ကို၉ကြိမ်အထိခြိမ်းခြောက်နိုင်ခဲ့ပြီး၃ကြိမ်ဂိုးပေါက်တည့်ကာသွင်းဂိုး၁ဂိုးရခဲ့ပါတယ်။

ဖလား၃လုံးလမ်းကြောင်းပေါ်မှာရှိခဲ့တဲ့လစ်ဗာပူးလ်ကတော့တစ်ပတ်အတွင်းမှာပဲချန်ပီယံလိဂ်နဲ့ခရာဘောင်ဖလားတို့ကိုစွန့်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။
တစ်ပတ် အတွင်းအဓိကဆုဖလား ၂ လုံးဆုံးရှုံးခဲ့ရတဲ့ လစ်ဗာပူးလ်

နယူးကာဆယ်အတွက်ပထမဂိုးကိုတော့ထရစ်ပီယာရဲ့ထောင့်ကန်ဘောကန်တင်ပေးပို့မှုကနေဒန်ဘန်းကခေါင်းတိုက်အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်လစ်ဗာပူးလ်ကကစားသမား၅ဦးအထိဆက်တိုက်အပြောင်းအလဲလုပ်ခဲ့ပြီးလေးလံနေတဲ့ကစားပုံကိုပြင်ဆင်ဖို့ကြိုးပမ်းခဲ့ပါတယ်။ကာတစ်ဂျုံးစ်၊နူညက်ဇ်၊ဂက်ခ်ပို၊ခီယေဇာ၊အဲလီယော့တ်တို့ဝင်ရောက်လာခဲ့ပေမယ့်လည်းနယူးကာဆယ်ရဲ့ရာနှုန်းပြည့်ပေးဆပ်ကစားပုံကြောင့်လစ်ဗာပူးလ်တို့ရုန်းကန်ခဲ့ရပါတယ်။ဒုတိယပိုင်းပွဲပြန်စပြီးသိပ်မကြာခင်မှာနယူးကာဆယ်တို့ဦးဆောင်ဂိုးထပ်ရခဲ့ပေမယ့်အိဆက်ခ်လူကျွံနေတယ်ဆိုပြီးပယ်ဖျက်ခံခဲ့ရပါတယ်။ဒါပေမယ့်လည်း၅၂မိနစ်အရောက်မှာတော့အိဆက်ခ်ကနယူးကာဆယ်အတွက်ဒုတိယဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။အဲဒီနောက်လစ်ဗာပူးလ်တို့ပွဲကိုပြန်လည်အာရုံစိုက်ကစားခဲ့ပေမယ့်နာကျင်အချိန်ပို၄မိနစ်အရောက်မှခီယေဇာကချေပဂိုးသွင်းယူနိုင်ခဲ့တာကြောင့်၂-၁ရလဒ်နဲ့ပဲပွဲပြီးဆုံးခဲ့ပါတယ်။

ဒီနေ့ပွဲမှာလစ်ဗာပူးလ်တစ်သင်းလုံးထူးထူးခြားခြားခြေစွမ်းမပြနိုင်ခဲ့ပဲဂိုးသမားခယ်လာဟာကာကွယ်ခဲ့လို့သာဒီထက်ပေးဂိုးမများခဲ့တာဖြစ်ပါတယ်။နယူးကာဆယ်ရဲ့မစုတ်မနစ်ကြိုးစားအားထုတ်မှုကိုချီးကျူးရမှာဖြစ်ပြီးပွဲမတိုင်ခင်သူတို့ပြောခဲ့သလိုပဲကမ္ဘာ့ဖလားလိုကစားခဲ့တာကြောင့်ထိုက်တန်တဲ့နိုင်ပွဲနဲ့ဆုဖလားရရှိသွားခဲ့တာဖြစ်ပါတယ်။
အက်ဒီဟောင်းဝ်ရဲ့အသင်းကပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာဦးဆောင်နေပြီးအကောင်းဆုံးပုံစံရနေတဲ့လစ်ဗာပူးလ်အတွက်အံ့အားသင့်စေနိုင်ခဲ့ပြီးဝင်ဘလေမှာသမိုင်းမှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။နယူးကာဆယ်ဟာ၁၉၆၉ခုနှစ် Inter-Cities Fairs Cup (ယခုဖျက်သိမ်းသွား) နောက်ပိုင်းပထမဆုံးအကြိမ်အဓိကဆုဖလားကိုရရှိခဲ့ပါတယ်။ဒါ့အပြင်၁၉၅၅အက်ဖ်အေဖလားနောက်ပိုင်း၇၀နှစ်ကြာမှပထမဆုံးအကြိမ်အဖြစ်ပြည်တွင်းဆုဖလားကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဖလား၃လုံးလမ်းကြောင်းပေါ်မှာရှိခဲ့တဲ့လစ်ဗာပူးလ်ကတော့တစ်ပတ်အတွင်းမှာပဲချန်ပီယံလိဂ်နဲ့ခရာဘောင်ဖလားတို့ကိုစွန့်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။ဒါကြောင့်အာနေးဆလော့တ်ရဲ့အသင်းကသူတို့၁၂မှတ်ဖြတ်ဦးဆောင်ထားနိုင်တဲ့ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုကိုပဲသိမ်းပိုက်နိုင်ဖို့များသွားခဲ့ပြီဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်