နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

On Fire ဖြစ်နေတဲ့ အာဆင်နယ် ကိုပဲ ယုံကြည်ထားတာ မမှားနိုင်ဘူး | အာဆင်နယ် – လစ်ဗာပူးလ် (ခရာဘောင်ဖလား ပွဲကြိုသုံးသပ်ချက်)

အာဆင်နယ် – လစ်ဗာပူးလ်

ပရီးမီးယားလိဂ် ဇယားထိပ်က အာဆင်နယ်နဲ့ လစ်ဗာပူးလ်တို့ တွေ့ဆုံနေတဲ့ ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယနေ့ ပွဲစဉ် ကလည်း ကျိန်းသေပေါက် အကြိတ်အနယ် ရှိလာဦးမှာ သေချာပါတယ်။ လက်တလော အကောင်းဆုံး ပုံစံ ရနေတဲ့ အာဆင်နယ်တို့ နောက်ပိုင်း ပွဲတွေမှာ အနည်းငယ် ခြေပြန်ကျနေပြီး ကိုဗစ် ပြသနာ အလူးအလဲ ခံနေရတဲ့ လစ်ဗာပူးလ်ကို အန်းမရိတ်စ်မှာ အနိုင်ယူသွားနိုင်မလား စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

အာဆင်နယ် ကတော့ သူတို့ ပြန်လာပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့ မန်ချက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အတိုင်းအတာ တစ်ခု အထိ သက်သေပြထားခဲ့ပြီး ဖြစ်ပါတယ်။ မန်စီးတီးလို အမှတ်ပေးဇယား ထိပ်ကနေ အမှတ်ဖြတ် ဦးဆောင်နေတဲ့ အသင်းကို ခြေစွမ်းအသာနဲ့ ကစားပြီး ကွင်းလယ်ဒိုင်နဲ့ ကံကြမ္မာရဲ့ မျက်နှာသာ မပေးမှုကြောင့်သာ ရှုံးနိမ့်ခဲ့ရတဲ့ ဂန်းနားတွေရဲ့ ခြေစွမ်းကို အားလုံးက လက်ခံထားပြီး ဖြစ်ပါတယ်။ ဂိုးသမား ရမ်းစ်ဒေးလ်နဲ့ ခံစစ်ရဲ့ တည်ငြိမ်မှု၊ ကွင်းလယ်က ပါတေး၊ ချာကာ၊ အိုဒီဂတ် တို့ရဲ့ ဖန်တီးနိုင်မှု၊ တောင်ပံ နှစ်ဖက်က မာတင်နယ်လီနဲ့ ဘူကာယို ဆာကာ တို့ရဲ့ လျင်မြန်မှုနဲ့ အဆုံးသတ် ကောင်းမွန်မှု၊ အတွေ့အကြုံရင့် တိုက်စစ်မှူး လာကာဇက်ရဲ့ ပါးနပ်မှုတွေက အာဆင်နယ်ကို ပုံစံကောင်း တစ်ခုမှာ ရှိနေစေတာ ဖြစ်ပါတယ်။ မန်စီးတီးကို ရှုံးနိမ့်ပြီး အိမ်ကွင်း စံချိန်ကောင်း တစ်ခု ရပ်တန့်သွားရတယ် ဆိုပေမယ့် စိတ်ဓာတ်ရော၊ ခြေစွမ်းပိုင်းမှာပါ အမြင့်ဆုံး ရောက်နေတဲ့ အာဆင်နယ်တို့ ဒီပွဲမှာ ရလဒ်ကောင်း တစ်ခု ပြန်လည် ရှာဖွေဖို့ ကြိုးပမ်းလာမှာ သေချာပါတယ်။ အာဆင်နယ်ရဲ့ ခရာဘောင်ဖလား ဖြတ်သန်းမှုကို ပြန်ကြည့်မယ် ဆိုရင် ဝက်စ်ဘရွန်း၊ ဝင်ဘယ်လ်ဒန်၊ လိဒ်စ်ယူနိုက်တက်၊ ဆန်းဒါးလန်းတို့နဲ့ ကစားရခဲ့လို့ ဆက်တိုက် ပွဲချောင်ခဲ့တယ်လို့ ဆိုနိုင်ပြီး ဒီပွဲကစလို့ နှစ်ဆ ပိုအားစိုက်ရတော့မှာလည်း ဖြစ်ပါတယ်။ အသင်းရဲ့ လက်ရှိ အနေအထားအရ အမှတ်ပေးပြိုင်ပွဲထက် ရှုံးထွက် ပွဲစဉ်တွေမှာ အားစိုက်ရင် စိုက်သလောက် ဆုဖလား ရဖို့ အထိ မျှော်လင့်နိုင်တဲ့ အခြေအနေမှာ ရှိနေလို့ မီခယ် အာတေးတားရဲ့ အသင်းက ကျိန်းသေပေါက် အာရုံစိုက်လာဖို့တော့ ရှိနေပါတယ်။ နောက်ဆုံး သတင်းတွေအရ နီကိုလပ်စ် ပေပေ၊ သောမက်စ်ပါတေး၊ မိုဟာမက် အဲလ်နီနီ၊ ပျဲအမ်းမရစ်ခ် အော်ဘာမီယန်းတို့ အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲဝင် သက်ဆိုင်ရာ နိုင်ငံ အသင်းတွေနဲ့ သွားရောက် ပူးပေါင်းဖို့ ရှိနေလို့ အခုပွဲကို လွဲချော်မှာ ဖြစ်ပြီး ကိုဗစ် ၁၉ ကူးစက်ခံထားရတဲ့ နည်းပြ မီခယ် အာတေးတား ကိုလည်း ကွင်းထဲမှာ ပြန်လည် မြင်တွေ့ရဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

ဒါပေမယ့် လက်ရှိ အချိန်ထိတော့ အာဆင်နယ်နဲ့ လစ်ဗာပူးလ်တို့ရဲ့ ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ပွဲစဉ် ပွဲရွှေ့/မရွှေ့ ဆိုတာ အတည်ပြုချက် ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ ပွဲစဉ်မှာ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ လစ်ဗာပူးလ်

လစ်ဗာပူးလ် ကတော့ ကိုဗစ် ၁၉ ရောဂါ ကူးစက်မှု ဒဏ်ကို အလူးအလဲ ခံစားနေရတာကြောင့် ပွဲရွှေ့ပေးဖို့ တောင်းဆိုထားတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ အချိန်ထိတော့ အာဆင်နယ်နဲ့ လစ်ဗာပူးလ်တို့ရဲ့ ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ပွဲစဉ် ပွဲရွှေ့/မရွှေ့ ဆိုတာ အတည်ပြုချက် ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။ အာဆင်နယ်လိုပဲ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားတဲ့ လစ်ဗာပူးလ်တို့ ခြေစွမ်း အနည်းငယ် ပြန်ကျနေပေမယ့် ပြိုင်ဘက်တိုင်းကိုတော့ အလဲထိုးနိုင်တဲ့ အခြေအနေမှာ ရှိနေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ အဓိက မိုဟာမက် ဆာလာ၊ ဆာဒီယို မာနေး၊ နာဘီကေတာတို့ အာဖရိက နိုင်ငံများ ဖလား သွားရောက် ကစားဖို့ ရှိနေသလို အလီဆွန်ဘက်ကာ၊ ဂျိုဝဲလ်မက်တစ်ပ်၊ ရော်ဘတ်တို ဖေမီနို တို့ကတော့ ကိုဗစ် ၁၉ ကူးစက်ခံထားရလို့ လွဲချော်ဖို့ ရှိနေပြီး အရန်ကစားသမား အများစုနဲ့ပဲ ပွဲထွက်လာဖို့ များနေပါတယ်။

စီးရီးအေ
အတ္တလန်တာ
တိုရီနို
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို ပြန်ကြည့်မယ် ဆိုရင် နောက်ဆုံး ၂၇ ကြိမ်မှာ အာဆင်နယ်က ၈ ကြိမ်နိုင်၊ လစ်ဗာပူးလ်က ၁၁ ကြိမ်နိုင်ပြီး ၈ ကြိမ် ကတော့ သရေ ရလဒ် ထွက်ပေါ်ထားခဲ့တာ တွေ့ရပါတယ်။ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာ လစ်ဗာပူးလ်က ၃ ကြိမ် နိုင်ပြီး အာဆင်နယ်က ၂ ကြိမ် အနိုင်ရထားခဲ့တယ် ဆိုပေမယ့် မနှစ်က ခရာဘောင်ဖလား စတုတ္ထအဆင့် ပွဲစဉ်မှာတော့ အာဆင်နယ်က ပင်နယ်တီမှာ ၄-၅ ရလဒ်နဲ့ အနိုင်ယူ ကျော်ဖြတ်ထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
အာဆင်နယ် – လစ်ဗာပူးလ် အချိန်ပြည့် 1X2 အိမ်ရှင် @ ၁.၇၁ ဆ
ဇန်နဝါရီလ ၇ ရက်၊ ည ၂:၁၅ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 မှာတော့ အိမ်ရှင် အတွက် ၁.၇၁ ဆ၊ ဧည့်သည် အတွက် ၄.၄၀ ဆ၊ သရေ အတွက် ၃.၇၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ အာဆင်နယ်ဟာ ယုံကြည်လို့ ရနေသလို အဓိက ကစားသမား အများစု လွဲချော်ဖို့ ရှိနေတဲ့ လစ်ဗာပူးလ်ရဲ့ အခြေအနေကြောင့်လည်း အိမ်ရှင် အသင်းကို ရွေးချယ်တာကပဲ အသင့်လျော်ဆုံး ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မယ်။ ပေါက်ကြေး အရလည်း ၁.၇၀ ဆ ဆိုတာ မဆိုးလှတဲ့ ကြေးဖွင့်မှု ဖြစ်လို့ အာဆင်နယ် ဘက်မှာပဲ ရဲရဲတင်းတင်း ရပ်တည်ဖို့ ဦးတည်နေစေတာပါ။ နှစ်သင်းပေါင်း ဂိုးပေါင်း အောက်ကိုလည်း သဘောကျနေပါတယ်။

ခန့်မှန်းရလဒ်(၁-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်