နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပေါ်တူဂီ ဘက်မှာ ရပ်တည်တာ ပိုပြီး စိတ်ချရပါလိမ့်မယ် – ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပွဲကြိုသုံးသပ်ချက်

ပေါ်တူဂီ vs ပြင်သစ်

လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့၊ မနက်အစောပိုင်းမှာ ပေါ်တူဂီနဲ့ ပြင်သစ်တို့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။ထုံးစံအတိုင်း အသင်းကြီးနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှု ဖြစ်တာနဲ့ အညီ SBOTOP ပရိသတ်တွေ အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာပါ။ ပထမအကျော့ ပြင်သစ် အိမ်ကွင်းမှာ ကစားခဲ့ပြီး ဂိုးမရှိသရေ ရလဒ် ထွက်ပေါ် ထားခဲ့ပေမယ့် အခု ပေါ်တူဂီ အိမ်ကွင်းမှာ ကစားတဲ့ ပွဲစဉ်မှာ လက်ရှိ နေးရှင်းလိဂ် ချန်ပီယံပဲ အနိုင်ရသွား မလား။ ဒါမှမဟုတ် ကမ္ဘာ့ချန်ပီယံတို့ပဲ နိုင်ပွဲရသွားမလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေခဲ့တာ အမှန်ပါပဲ။

 
ပေါ်တူဂီတို့ နောက်ဆုံးကစားခဲ့တဲ့ ၈ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပဲ ၆ ပွဲနိုင်ပြီး ၂ ပွဲသရေကျထားပါတယ်။နောက်ဆုံး ၃ ပွဲမှာတော့ သွင်းဂိုး ၁၀ ဂိုးအထိ ရရှိထားပြီး ရော်နယ်ဒို၊ ဂျာအိုဖီးလစ်၊ နီတိုနဲ့ ဘရာနာဒို ဆေးလ်ဗားတို့ အပြင်  ဒီယိုဂို ဂျော့တာ တို့ကလည်း ခြေစွမ်းပြနေတာ တွေ့ရပါတယ်။ အခုနှစ် ယူအီးအက်ဖ်အေ နေးရှင်းလိဂ် အုပ်စု A မှာ ၄ ပွဲကစား ၃ ပွဲနိုင် ၁ ပွဲ သရေကျပြီး ရမှတ် ၁၀ မှတ် ဂိုးကွာခြားချက် +၈ နဲ့ အုပ်စု ပထမနေရာမှာ ရပ်တည်နေခဲ့ပါတယ်။ အုပ်စု အဖွင့်ပွဲစဉ်မှာ ခရိုအေးရှားကို ၄-၁ နဲ့ အနိုင်ရပြီး ဒုတိယပွဲစဉ်မှာတော့ ဆွီဒင်ကို ၀-၂ နဲ့ ထပ်ပြီး အနိုင်ရခဲ့ပါတယ်။ ပွဲစဉ် ၃ မှာ ပြင်သစ်မြေမှာ သွားကစားပြီး ဂိုးမရှိသရေ ကစားနိုင်ခဲ့ပါတယ်။ အဲ့နောက် ဆွီဒင် နဲ့ ကစားခဲ့တဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ လူငယ်ကြယ်ပွင့် ဒီယိုဂိုဂျော့တာ ရဲ့ ခြေစွမ်းပြမှုနဲ့ ၃-၀ နဲ့ထပ်ပြီး အနိုင်ရခဲ့တဲ့ အတွက် လက်ရှိခြေစွမ်းအရ ပေါ်တူဂီတို့ရဲ့ ခြေစွမ်းပိုင်းက တော်တော်လေးကို အားရစရာ ကောင်းနေတယ်လို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ ကြားရက်မှာ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာတော့ ကမ္ဘာ့အဆင့် ၁၄၅ ရှိတဲ့ အန်ဒိုရာ အသင်းကို ၇ ဂိုးပြတ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ အဲ့ဒီပွဲမှာ သွင်းဂိုး ၁ ဂိုး ထပ်မံသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ပေါ်တူဂီ လက်ရွေးစင်အသင်းနဲ့ နိုင်ငံတကာ သွင်းဂိုး ၁၀၂ ဂိုး ထိရရှိသွားခဲ့ပြီး သွင်းဂိုး စုစုပေါင်းကတော့ ၇၄၆ ဂိုးအထိလည်း ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ ဂန္တဝင် တိုက်စစ်မှူးကြီး ပီလီတင်ထားခဲ့တဲ့ စံချိန်ကို ကျော်လွန်နိုင်ဖို့ နီးစပ်နေခဲ့တာ ဖြစ်လို့ လာမယ့် ပွဲစဉ်တွေမှာလည်း ရော်နယ်ဒို ရဲ့ အသက်နဲ့ မလိုက်တဲ့ စွမ်းဆောင်ရည်တွေကိုလည်း မြင်တွေ့ရဖို့ သေချာနေပါတယ်။

အခုနှစ် ယူအီးအက်ဖ်အေ နေးရှင်းလိဂ် အုပ်စု A မှာ ၄ ပွဲကစား ၃ ပွဲနိုင် ၁ ပွဲ သရေကျပြီး
အခုနှစ် နေးရှင်းလိဂ် A မှာ ၄ပွဲကစား ၃ ပွဲနိုင် ၁ပွဲသရေကျထားတဲ့ ပြင်သစ်

ပြိုင်ဘက် ပြင်သစ်ကတော့ လက်ရှိ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် A အုပ်စု ၃ မှာ ပေါ်တူဂီလိုပဲ ၃ ပွဲနိုင်၊ ၁ပွဲ သရေကျပြီး ရမှတ် ၁၀ မှတ် ဂိုးကွာခြားချက် +၄ နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ နောက်ဆုံး ၅ ပွဲကစားရာမှာ ၃ ပွဲ နိုင်၊ ၁ပွဲသရေ၊ ၁ပွဲရှုံး ထားပြီး ပြီးခဲ့တဲ့ ရက်က ဖင်လန်နဲ့ ကစားခဲ့တဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲမှာတော့ ၂ဂိုး ပြတ်နဲ့ အရေးနိမ့်ခဲ့တာ တွေ့ရပါတယ်။ ကမ္ဘာ့ချန်ပီယံ ပြင်သစ်တို့ရဲ့ လက်ရှိ ခြေစွမ်းပိုင်းကို ကြည့်မယ်ဆိုရင်တော့ မဆိုးလှဘူးဆိုပေမယ့် ထုံးစံအတိုင်း အန်ဘာပေး မပါနိုင်ရင် တိုက်စစ်က အသက်မပါသလို ဖြစ်နေတာတွေ့ရပါတယ်။ လက်တလော ပေါ်တူဂီနဲ့ အဝေးကွင်း ပွဲစဉ်မှာ ရာဘီရော့တ်၊ ကင်စလေကိုမန်း၊ ပါဗက်၊ ကင်ဘမ်ပေးတို့ ပါဝင်လာနိုင်ခြင်း မရှိလို့ ကျိန်းသေပေါက် ရုံးကန်ရနိုင်ပေမယ့် အန်ဘာပေး ပြန်ပါလာဖို့ ရှိလို့ ပေါ်တူဂီ ခံစစ်ကို ဘယ်လောက်အထိ ထိုးဖောက်နိုင်မလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပါ။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

ပေါ်တူဂီနဲ့ ပြင်သစ်တို့ သမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှု ၂၆ ကြိမ် ရှိခဲ့ပြီးတော့ ပြင်သစ်က ၁၈ ကြိမ် အနိုင်ရပြီး ပေါ်တူဂီက ၆ ကြိမ်ပဲ ပြန်ပြီး အနိုင်ရထားခဲ့ပါတယ်။ ဒီနှစ်သင်းကြားမှာ သရေပွဲ ၂ ပွဲသာ ရှိခဲ့ပြီးတော့ နောက်ဆုံးတွေ့ဆုံမှု ၃ ကြိမ်မှာတော့ တစ်ကြိမ်စီ အနိုင်ရပြီး သရေ ၁ ပွဲ ကျထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ပေါ်တူဂီ vs ပြင်သစ် အချိန်ပြည့် 1X2 အိမ်ရှင်  @ ၂.၃၈ဆ
နိုဝင်ဘာလ ၁၅ရက်, မနက် ၂:၁၅နာရီ (GMT + ၆:၃၀)

1×2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၃၈ ဆ၊ ဧည့်သည်ဘက်က ၃.၀၀ ဆနဲ့ သရေအတွက် ၃.၀၅ ဆ ကြေးဖွင့်ထားပါတယ်။ လက်တလော ခြေစွမ်းပိုင်းအရ ပြင်သစ်ထက် ပေါ်တူဂီက ပိုပြီး တည်ငြိမ်နေသလို နိုင်ပွဲဆက်နေတာ တွေ့ရပါတယ်။ တိုက်စစ်မှူးကြီး ရော်နယ်ဒို ရဲ့ ဦးဆောင်မှု နောက်မှာ ရွှေရောင်မျိုးဆက် လူငယ်ကြယ်ပွင့်တွေရဲ့ ခြေစွမ်းထက်မြက်မှုတွေ အပြင် ပထမအကျော့ ပြင်သစ် အိမ်ကွင်းမှာလည်း အကောင်းဆုံးပုံစံ ပြသထားနိုင်တာကြောင့် ဒီပွဲလည်း အိမ်ရှင် ပေါ်တူဂီကိုပဲ ပိုပြီးသဘောကျနေပါတယ်။ ပေါ်တူဂီပဲ ၂-၁ လောက်နဲ့ အနိုင်ရသွားဖို့များပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်