နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပိုချက်တီနို အတွက် အသင့်ကြိုနေတဲ့ ပွဲဦးထွက်ဖလား – ပြင်သစ်စူပါဖလား ပွဲကြိုသုံးသပ်ချက်

ပီအက်စ်ဂျီ vs မာဆေးလ်

Trophee Des Champions လို့ခေါ်တဲ့ ပြင်သစ်စူပါဖလား ဗိုလ်လု ပွဲစဉ်ကိုတော့ လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၂ နာရီခွဲအချိန် လန်းစ်အသင်းရဲ့ အိမ်ကွင်းမှာ ကျင်းပသွားဖို့ရှိနေပြီး နာမည်ကြီး ပီအက်စ်ဂျီနဲ့ မာဆေးလ်တို့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ပီအက်စ်ဂျီတို့ မနှစ်က အမှတ်ပေးပြိုင်ပွဲမှာရော ပြင်သစ်ဖလား မှာပါ ချန်ပီယံဖြစ်ခဲ့လို့ လီဂူးဝမ်းမှာ အဆင့် ၂ နေရာရခဲ့တဲ့ မာဆေးလ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီတို့ ပြင်သစ်စူပါဖလား မှာ ၂၀၁၃ ခုနှစ်ကနေ ၂၀၂၀ အထိ ၇ နှစ်ဆက်တိုက် ချန်ပီယံဖြစ်ထားပြီး ပြိုင်ပွဲ သမိုင်းတစ်လျှောက် ချန်ပီယံဆု ၉ ကြိမ်အထိ ရရှိထားခဲ့တဲ့ အအောင်မြင်ဆုံး အသင်းဖြစ်ပါတယ်။ နည်းပြသစ် ပိုချက်တီနို လက်အောက်မှာ တတိယမြောက်ကစားရမယ့် ပွဲစဉ် ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ လီဂူးဝမ်း ပွဲစဉ် ၂ ပွဲမှာတော့ စိန့်အက်တီယန်နဲ့ သရေကျပြီး ဘရတ်စ်ကိုတော့ ၃ ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။ ပိုချက်တီနိုတို့အတွက် ပီအက်စ်ဂျီနဲ့ ၃ ပွဲမြောက်မှာတင် ဆုဖလား ကိုင်မြှောက်ခွင့်ရမယ့် အခွင့်အရေးရှိနေပြီးတော့ တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း သူ့ရဲ့ အရည်အချင်းနဲ့ ပတ်သတ်လို့ ပထမဆုံး အစမ်းသပ်ခံရမယ့် ပွဲစဉ်လို့ဆိုရင်လည်း မမှားပါဘူး။ လီဂူးဝမ်း အမှတ်ပေးဇယား အဆင့် ၁ နေရာက လိုင်ယွန်နဲ့ ၁ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ ပီအက်စ်ဂျီတို့ သောမက်စ်တူဟယ်ကို ထုတ်ပယ်ပြီး ပိုချက်တီနိုနဲ့ အစားထိုးခဲ့ပေမယ့် အသင်းပုံစံကတော့ သိပ်အပြောင်းအလဲ မရှိပါဘူး။ တိုက်စစ်မှာ နေမာ ဒဏ်ရာရနေလို့ မွိုက်စ်ကိန်း-ကိုင်လီယန်အန်ဘာပေး-ဒီမာရီယာ အတွဲကို အသုံးပြုလာဖို့ရှိနေပြီး ကွင်းလယ်မှာ ပယ်ရီဒက်စ်၊ ဂူရီ၊ ဗရာတီ၊ နောက်တန်းမှာ ဖလော်ရန်ဇီ၊ မာကွင်ဟိုစ်၊ ကင်ပမ်ဘီ၊ ကူဇာဝါ၊ ဂိုးမှာ နားဗက်စ်တို့နဲ့ ပွဲထွက်လာဖို့ရှိနေပါတယ်။

မာဆေးလ်တို့ကတော့ ပြင်သစ်စူပါဖလား မှာ ၂၀၁၀-၁၁နဲ့ ၂၀၁၁-၂၀၁၂ တို့မှာ ၂ ကြိမ်သာ ဗိုလ်စွဲထားခဲ့ပါတယ်။
လက်ရှိပြင်သစ်လီဂူးဝမ်းမှာ ရလဒ်ကောင်းဖို့ ရုန်းကန်နေရတဲ့ မာဆေးလ်

မာဆေးလ်တို့ကတော့ ပြင်သစ်စူပါဖလား မှာ ၂၀၁၀-၁၁နဲ့ ၂၀၁၁-၂၀၁၂ တို့မှာ ၂ ကြိမ်သာ ဗိုလ်စွဲထားခဲ့ပါတယ်။ လက်ရှိ လီဂူးဝမ်းမှာ ၁၇ ပွဲကစားပြီး ၉ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၃ ပွဲရှုံးပြီး ရမှတ် ၃၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပြီး ၂ ပွဲသရေ၊ ၂ ပွဲရှုံးထားပါတယ်။ မာဆေးလ်တို့ လက်ရှိမှာ ခြေစွမ်းကျဆင်းနေသလို ကစားသမားတွေလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ယုံကြည်ချက်တွေ ပျောက်ဆုံးနေခဲ့လို့ ရလဒ်တွေ ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ တန်းဆင်းဇုန်ထဲက ဒီဂျွန် အသင်းကိုတောင် သရေကျထားခဲ့ပါတယ်။ လက်ရှိမှာ အမာဗီ၊ ဟန်းနရစ်ခ်၊ ဆန်ဆွန်၊ လီရိုလာတို့ ဒဏ်ရာရနေလို့ တိုက်စစ်မှာ ဘန်နက်ဒက်တို၊ ပါရက်၊ ကူဆန့်စ်၊ သော်ဗင်၊ နာဂါတိုမို၊ ကယ်လက်တာကား၊ ဂွန်ဇာလက်ဇ်၊ ဆာကိုင်း၊ မန်ဒန်ဒါတို့နဲ့ ပွဲထွက်လာဖို့ရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပီအက်စ်ဂျီနဲ့ မာဆေးလ်တို့ရဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၅၁ ကြိမ်မှာ ပီအက်စ်ဂျီတို့ ၂၉ ကြိမ် အနိုင်ရပြီး မာဆေးလ်ကတော့ ၁၂ ကြိမ် အနိုင်ရထားပါတယ်။ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာတော့ ပီအက်စ်ဂျီတို့က ၅ ကြိမ်စလုံးမှာ အနိုင်ရထားပြီး အနည်းဆုံး ၂ ဂိုးပြတ်လောက်နဲ့ အနိုင်ရထားတာ တွေ့ရပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ပဲရစ် စိန့် ဂျာမိန်း vs မာဆယ်လီ 1X2 ပဲရစ် စိန့် ဂျာမိန် း@ 1.38
ဇန်နဝါရီလ ၁၄ ရက်, ည ၂:၃၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၃၈ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၇.၅၀ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၇၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ပိုချက်တီနိုအတွက် ပွဲဦးထွက် မျက်နှာပန်းလှမယ့်ပွဲဖြစ်လို့ အမှားခံမယ်မထင်ပါဘူး။ နေမာ မပါနိုင်ပေမယ့် ပီအက်စ်ဂျီတို့ အကောင်းဆုံး ကစားနိုင်ဖို့ ရှိနေပြီး မာဆေးလ်ကလည်း လက်တလော အသင်းလိုက်ကစားပုံ ပျက်နေလို့ ပီအက်စ်ဂျီကို မိနစ် ၉၀ အတွင်းတောင် ခံကန်နိုင်မယ့် အခြေအနေ မရှိပါဘူး။ ပီအက်စ်ဂျီတို့ ၃-၁ လောက်နဲ့ အနိုင်ရသွားပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်