နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆောက်သမ်တန်ကို ဂိုးပြတ်အနိုင်ယူပြီး အက်ဖ်အေဖလား ရှုံးကြွေးဆပ်ခဲ့တဲ့ အာဆင်နယ် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ဆောက်သမ်တန် ၁ – ၃ အာဆင်နယ်

ယနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ အာဆင်နယ်တို့ ဆောက်သမ်တန်ရဲ့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ သက်တောင့်သက်သာ ကစားပြီး ၁-၃ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ အာဆင်နယ်တစ်သင်းလုံး ဒီနေ့မှာတော့ အမှားအယွင်းနည်းနည်းနဲ့ အကောင်းဆုံး ကစားသွားပြီး ပြီးခဲ့တဲ့ အက်ဖ်အေဖလား ရှုံးပွဲကို ချက်ချင်း ပြန်ဆပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်တို့ ဒီပွဲမတိုင်ခင်က အက်ဖ်အေဖလားမှာ ဆောက်သမ်တန်နဲ့ ရင်ဆိုင်ခဲ့ပြီး အဲ့ဒီပွဲစဉ်တုန်းက လူစာရင်းကို အပြောင်းအလဲ ၅ နေရာအထိ ပြုလုပ်ပြီး အသင်းခေါင်းဆောင် အော်ဘာမီယန်းအနေနဲ့ မိသားစု အကြောင်းကိစ္စကြောင့် ကိစ္စရှိပါဝင်လာခြင်း မရှိပေမယ့် တိုက်စစ်မှာ လာကာဇက် ဦးဆောင်ပြီး၊ ပေပေ၊ စမစ်ရိုးဝ်၊ ဆာကာ၊ ပါတေး၊ ဒါးဗစ်လူးဝဇ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဆောက်သမ်တန်ဘက်မှာတော့ ထုံးစံအတိုင်း ဒန်နီအင့်ဂ်၊ ချေးအက်ဒမ်၊ ဝက်ဒ်ပရောက်စ်၊ အမ်းစတောင်း၊ ဒိုင်ရယ်လို၊ ဝဲလ်ကော့တ် တို့လို ကစားသမားကောင်းတွေ ပါဝင်ခဲ့ပြီး အာဆင်နယ်ကို နောက်ထပ်တစ်ကြိမ် အသာရဖို့ ပြင်ဆင်လာခဲ့တာတွေ့ရပါတယ်။ ပွဲအစ ၃ မိနစ်မှာတင် ဂျိမ်းစ် ဝက်ဒ်ပရောက်စ် ကန်တင်ပေးတဲ့ ဒေါင့်ကန်ဘောကနေ တစ်ဆင့် အမ်းစတောင်းက အပြင်းကန်သွင်းပြီး ဆောင်သမ်တန်အတွက် ဦးဆောင်ဂိုး စတင်ရယူပေးခဲ့ပါတယ်။ ဒါပေမယ့် ဆောက်သမ်တန်တို့ရဲ့ ပျော်ရွှင်မှုက အချိန်မကြာလိုက်ပဲ နောက်ထပ် ၅ မိနစ်မှာ ရှာကာ ထိုးပေးတဲ့ ဘောလုံးကို တောင်ပံက နီကိုလာပေပေက အကောင်းဆုံး အဆုံးသတ်ပေးခဲ့လို့ အာဆင်နယ်တို့ ချေပဂိုး ရသွားပါတယ်။ အဲ့နောက် ဆောက်သမ်တန်တို့ ချေပဂိုး ရဖို့ အားထုတ်ခဲ့ပေမယ့် တကယ်တမ်း ဒုတိယဂိုး ထပ်မံ ရရှိသွားခဲ့တာကတော့ အာဆင်နယ် အသင်းဖြစ်ပြီး လာကာဇက် ဖန်တီးပေးတဲ့ ဘောလုံးကို ဆာကာက ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ လှည့်စားပြီး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း အပြီးမှာတော့ အာဆင်နယ်တို့ ၁-၂ နဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဆောက်သမ်တန်တို့ အာဆင်နယ်ဘက်ကို ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူ ကစားလာခဲ့ပြီး ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ဟိုးဒင်း၊ ဒါးဗစ်လူးဝဇ်နဲ့ ဘန်လန်နိုတို့ကို မကျော်ဖြတ်နိုင်ခဲ့တာကြောင့် ချေပဂိုးနဲ့ ဝေးခဲ့ရပါတယ်။ ၇၂ မိနစ်မှာတော့ ဆာကာရဲ့ ပြန်လည် ဖန်တီးပေးမှုကနေ အာဆင်နယ်တို့ လာကာဇက်က တတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာတော့ တစ်ဖက်နဲ့တစ်ဖက် ထိုးဖောက်ကစားခဲ့ကြပေမယ့် သွင်းဂိုးတွေ ထပ်မရခဲ့တာကြောင့် ၁-၃ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဆောက်သမ်တန်ကတော့ ပရီးမီးယားလိဂ် မှာ ရှုံးပွဲတွေ ဆက်ခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၁၁ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေတဲ့ ဆောက်သမ်တန်

ဒီပွဲမှာ အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်ခဲ့တာကလည်း လာကာဇက်၊ ရှာကာနဲ့ လူငယ်ကစားသမား နှစ်ဦးဖြစ်တဲ့ စမစ်ရိုးဝ်၊ ဘူကာယို ဆာကာတို့ပဲ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ ထူးထူးခြားခြားပဲ တောင်ပံက နီကိုလာပေပေ စွမ်းဆောင်ရည်ထွက်ခဲ့ပြီး သွင်းဂိုး ၁ ဂိုးလည်း ရယူပေးနိုင်ခဲ့ပါတယ်။ တိုက်စစ်က လာကာဇက် ပထမပိုင်းမှာ အကောင်းဆုံး အခွင့်အရေးတစ်ခုကို ဖြုန်းတီးပစ်ခဲ့ပေမယ့် တစ်ဂိုးဖန်တီးပြီး တစ်ဂိုးသွင်းပေးခဲ့တာကြောင့် ဝေဖန်သံတွေကို ရပ်တန့်နိုင်ခဲ့ပါတယ်။ သောမက်စ် ပါတေး၊ စမစ်ရိုးဝ်တို့ အကောင်းဆုံး ပုံစံကို ပြသခဲ့ပေမယ့် ဒဏ်ရာရရှိခဲ့လို့ အာဆင်နယ်အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။ ဆာကာ ကတော့ ပြောစရာမလိုအောင် စွမ်းဆောင်ရည် ပြသနိုင်ဆဲ ဖြစ်ပြီး အခုပွဲအတွက် အကောင်းဆုံး ကစားသမား အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ ဆောက်သမ်တန် တို့ကတော့ အာဆင်နယ်ကို အကောင်းဆုံး ပုံစံနဲ့ ရင်ဆိုင်ခဲ့ပေမယ့် တကယ်တမ်း အာဆင်နယ်တို့ ဖိဖိစီးစီး ကစားလာချိန်မှာတော့ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ အာဆင်နယ်တို့ အခုပွဲရလဒ်ကြောင့် ပရီးမီးယားလိဂ်မှာ အဆင့် ၈ နေရာအထိ တက်လှမ်းလာခဲ့ပြီး အမှတ်ပေးဇယား ထိပ်က အသင်းတွေနဲ့ ရမှတ်ကွာဟချက် တော်တော်လေး ကျဉ်းမြောင်းလာခဲ့တာ တွေ့ရပါတယ်။ ဆောက်သမ်တန်ကတော့ ပရီးမီးယားလိဂ် မှာ ရှုံးပွဲတွေ ဆက်ခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၁၁ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဆောက်သမ်တန်တို့ လာမယ့် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် အက်စတွန်ဗီလာကို အိမ်ကွင်းမှာ လက်ခံကစားရဖို့ရှိပြီး အာဆင်နယ်ကတော့ မန်ချက်စတာယူနိုက်တက်ကို အန်းမရိတ်စ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်