နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချေပဂိုးတွေ လိုက်သွင်းပြီး ဝက်စ်ဟမ်းဆီက တစ်မှတ် ပြန်ခွဲယူတဲ့ အာဆင်နယ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ဝက်စ်ဟမ်း ၃ – ၃ အာဆင်နယ်

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ မှာ အာဆင်နယ်နဲ့ ဝက်စ်ဟမ်း တို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး တစ်ဖက် ၃ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ပထမပိုင်း ၃၂ မိနစ် အထိ ဒေးဗစ်မွိုက်စ်ရဲ့ ဝက်စ်ဟမ်းတို့ ၃ ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ပေမယ့် ချေပဂိုးတွေ တောက်လျောက် ပြန်ပေးခဲ့ရတာကြောင့် အနိုင် ၃ မှတ် အပြည့်ရမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဝက်စ်ဟမ်းတို့ တိုက်စစ်မှာ အန်တိုနီယိုကို ဦးဆောင်စေပြီး ဘိုဝင်၊ လင်ဂတ်၊ ဘန်ရာမာတို့နဲ့ ဝန်းရံ ကစားစေခဲ့သလို ကွင်းလယ်မှာ ဆိုဆက်ခ်၊ ဒီကလန်ရိုက်စ်၊ နောက်တန်းမှာ ကော်ဖဲလ်၊ ဒေါ်ဆန်၊ ဒီယော့ပ်၊ ခရက်စ်ဝဲလ်၊ ဂိုးမှာ ဖေဘီယန်စကီးတို့နဲ့ ပွဲထွက်လာပါတယ်။ အာဆင်နယ်ကတော့ ၄-၂-၃-၁ ကစားပုံကို အသုံးပြုခဲ့ပြီး တိုက်စစ်မှာ အလက်ဇန္တား လာကာဇက် တစ်ဦးတည်းကို အထောင်ထားပြီး နောက်မှာတော့ ဘူကာယိုဆာကာ၊ အိုဒီဂတ်၊ အော်ဘာမီယန်း၊ ကွင်းလယ်မှာ ရှာကာ၊ သောမက်ပါတေး၊ နောက်တန်းမှာ တီယာနီ၊ ပါဘလို မာရီ၊ ဒါးဗစ်လူးဝစ်ဇ်၊ ချိန်ဘာစ်၊ ဘန်လန်နိုတို့ ပါဝင်လာပါတယ်။ ပွဲအစ ၁၅ မိနစ်မှာတင် ဝက်စ်ဟမ်းတို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး အန်တိုနီနီယိုရဲ့ ပေးပို့မှုကနေ ဂျက်ဆီလင်ဂတ်က ဧရိယာ ထိပ်ကနေ လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ၂ မိနစ် အကြာမှာလည်း အာဆင်နယ်နောက်ခံလူတွေ ပေါ့လျော့မှုကြောင့် အလွတ်တည်ကန်ဘောကနေ ဂျက်ဆီလင်ဂတ်ရဲ့ မြန်မြန်ဆန်ဆန်ပေးပို့မှုကို ဂျရော့တ်ဘိုဝင်က အဆုံးသတ်ပြီး ဝက်စ်ဟမ်းတို့ ဒုတိယဂိုး ထပ်မံရရှိခဲ့ပါတယ်။ အဲ့နောက် ၃၂ မိနစ်မှာ မစ်ချယ် အန်တိုနီယိုရဲ့ ပေးပို့မှုကနေပဲ သောမက်စ် ဆိုဆက်ခ်က တတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၃၈ မိနစ်မှာတော့ အာဆင်နယ်တို့ ချေပဂိုး စတင်ရရှိခဲ့ပြီး ဝက်စ်ဟမ်း အတွက် တတိယဂိုး သွင်းယူပေးခဲ့တဲ့ သောမက်စ်ဆိုဆက်ခ်က ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းအပြီးထိ ဝက်စ်ဟမ်းတို့ ၃-၁ နဲ့ ဦးဆောင်နိုင်ခဲ့တယ်ဆိုပေမယ့် ဒုတိယပိုင်းပြန်စချိန်မှာတော့ ချေပဂိုးရဖို့ အသည်းအသန် ကြိုးပမ်းလာခဲ့တဲ့ အာဆင်နယ်ရဲ့  ဖိအားပေးမှု ဒဏ်ကြောင့် ခံစစ်က အမှားအယွင်းယွင်း ဖြစ်လာပြီး ခရိတ်ဂျ်ဒေါ်ဆင်က ကိုယ့်ဂိုးကိုယ် ထပ်မံသွင်းယူမိခဲ့ပြန်ပါတယ်။ ၃-၂ ဖြစ်ပြီးနောက်ပိုင်း အားပိုတက်လာတဲ့ အာဆင်နယ်တို့ ဝက်စ်ဟမ်းကို တစ်ဖက်သတ် ဖိအားပေးနေခဲ့ပြီး ပွဲကစားချိန် ၈၂ မိနစ်မှာတော့ တိုက်စစ်မှူး လာကာဇက်က အာဆင်နယ် အတွက် တတိယဂိုး ထပ်မံသွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ တစ်ဖက် ၃ ဂိုးစီ သရေ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ဝက်စ်ဟမ်းကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့လို့ ရမှတ် ၄၉ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ဆက်လက်ရပ်တည်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ ဝက်စ်ဟမ်း

ပွဲပြီးသုံးသပ်ချက်

ဝက်စ်ဟမ်းတို့ အစောပိုင်းပွဲကစားချိန်တွေမှာ ပုံစံကောင်းတစ်ခု ရရှိခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့ အမျှ အာဆင်နယ်ရဲ့ ညှစ်အားကို မခံနိုင်တော့ပဲ ချေပဂိုးတွေ တောက်လျောက် ပြန်ပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ဝက်စ်ဟမ်း ဘက်က တိုက်စစ်မှူး အန်တိုနီယို ခြေစွမ်းပြခဲ့သလို အာဆင်နယ် ဘက်မှာလည်း တိုက်စစ်က လာကာဇက်နဲ့ မာတင်အိုဒီဂတ်တို့ရဲ့ ထိုးဖောက်မှုတွေက တော်တော်လေး ထိရောက်ခဲ့တာတွေ့ရပါတယ်။ အာဆင်နယ်တို့ အခုပွဲမှာ ရမှတ် ၁ မှတ်ရရှိခဲ့လို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့လို့ ရမှတ် ၄၉ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ဆက်လက်ရပ်တည်ခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဝက်စ်ဟမ်းတို့ လာမယ့် ဧပြီလ ၆ ရက်နေ့မှာ ဝုဗ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိနေပြီး အာဆင်နယ်ကတော့ လစ်ဗာပူးလ်နဲ့ ပွဲကြပ်ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်