နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တူဟယ် လက်ထက် အကောင်ဆုံး ရလဒ်နဲ့ အဆင့် ၄ နေရာ ပြန်ရောက်လာတဲ့ ချဲလ်ဆီး – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ခရစ္စတယ်ပဲလေ့စ် ၁ – ၄ ချဲလ်ဆီး

မနေ့ညက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ ချဲလ်ဆီးတို့ တိုက်စစ် ခြေစွမ်းပြပြီး ခရစ္စတယ်ပဲလေ့စ် ကို အဝေးကွင်းမှာ ၁-၄ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ နည်းပြ သောမက်စ် တူဟယ် လက်ထက် ပထမဦးဆုံး အကြိမ်ရတဲ့ ဂိုးပြတ်ရလဒ် ဖြစ်ပြီး ဒီနိုင်ပွဲကြောင့်ပဲ ချဲလ်ဆီးတို့ ထိပ်ဆုံး ၄ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ ပါတယ်။

ဒီနေ့ပွဲမှာ သောမက်စတူဟယ် အနေနဲ့ ၃-၄-၂-၁ ကစားကွက်နဲ့ အိမ်ရှင် အသင်းကို ရင်ဆိုင်ခဲ့ပြီး တိုက်စစ်မှာ ကိုင်ဟာဗက်ဇ်၊ မေဆင်မောင့်၊ ခရစ္စတီယန် ပူလီဆစ်ချ် တို့ကို ပွဲထွက်ကစားစေပြီး တောင်ပံနှစ်ဖက်မှာ ချေးလ်ဝဲလ်နဲ့ အိုဒွိုင်းလ်၊ ကွင်းလယ် အထိုင်မှာ ကိုဗာချစ်နဲ့ ဂျော်ဂျင်ဟို၊ နောက်တန်းမှာ အက်ဇ်ပီလီကျူအာတာ၊ ဇူးမား၊ ရူဒီဂါနဲ့ ဂိုးမှာတော့ မန်ဒီ ပါဝင်လာပါတယ်။ ခရစ္စတယ်ပဲလေ့စ် ဘက်မှာလည်း ဇာဟာ၊ ဘန်တီကီ၊ အီးဇီး၊ မီလီဗိုဂျီဗစ်၊ ကာဟေးလ်၊ ကိုယာတေး တို့လို အမာခံကစားသမားတွေ ပွဲထွက်လာပါတယ်။ အရင်ပွဲတွေတုန်းက ခြေစွမ်းမပြနိုင်ခဲ့တဲ့ တီမိုဗာနာ၊ ဂျီရူးတို့ကို အနားပေးခဲ့တာ တူဟယ်အတွက် အမှန်ကန်ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ချဲလ်ဆီးတို့ ပွဲချိန် ၈ မိနစ်မှာ ကတည်းက ဦးဆောင်ဂိုး စရခဲ့ပြီး အိုဒွိုင်းလ်ရဲ့ ပံ့ပိုးပေးမှုကနေ ကိုင်ဟာဗက်ဇ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ၂ မိနစ်အကြာမှာလည်း ပူလီဆစ်က ဟာဗက်ဇ်ရဲ့ ပေးပို့မှုကနေ ဒုတိယ ဂိုးသွင်းခဲ့ပါတယ်။ ပွဲချိန် မိနစ် ၃၀ မှာတော့ နောက်ခံလူ ဇူမားက တတိယဂိုးသွင်းပေးခဲ့လို့ ပထမပိုင်းအပြီးမှာတင် ချဲလ်ဆီးတို့ ၀-၃ ရလဒ်နဲ့ ဦးဆောင်ထား နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဘန်တီကီ က ခရစ္စတယ်ပဲလေ့စ် အတွက် ချေပဂိုး ၁ ဂိုး ပြန်သွင်းပေးခဲ့ပါတယ်။ ပွဲချိန် ၇၈ မိနစ်မှာ မေဆင်မောင့် ပံ့ပိုးပေးရာကနေ ပူလီဆစ်ချ် ကပဲ စတုတ္ထမြောက်ဂိုးကို သွင်းပေးသွားလို့ ပွဲအပြီးမှာ ချဲလ်ဆီး တို့ ၁-၄ ရလဒ်နဲ့ ပရီးမီးယားလိဂ် နိုင်ပွဲ ပြန်ရှာတွေ့ခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဒီရာသီအတွက် ၁၃ ပွဲမြောက် ရှုံးပွဲတွေ့ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်တို့ အခုပွဲအပြီးမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာကို ကျဆင်းသွားခဲ့ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ ပလေ့စ်ကို ၂ ကျော့စလုံး ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချဲလ်ဆီး

ဒီနေ့ပွဲမှာ ကိုင်ဟာဗက်ဇ်၊ မေဆင်မောင့်၊ ပူလီဆစ်ချ် တို့ ၃ ယောက်ကို တိုက်စစ်မှာ တွဲဖက်ပေးခဲ့တာ မှန်ကန်သွားခဲ့ပြီး ကစားသမားတွေ ကလည်း အပြန်အလှန် အတွဲအဖက် မိခဲ့သလို ဂိုးတွေလည်း သွင်းယူနိုင်ခဲ့ ကြပါတယ်။ ချဲလ်ဆီးတို့ ဒီနေ့ပွဲမှာ ပွဲချိန် မိနစ် ၃၀ အတွင်း ၃ ဂိုးအထိ ရရှိခဲ့တာက အိမ်ရှင်တို့ကို ဘယ်လိုမှ နလံမထူအောင် လုပ်လိုက်သလိုပါပဲ။ ပွဲပြီးအချက်အလက်တွေကို ပြန်ကြည့်ရင် ချဲလ်ဆီးတို့ တစ်ပွဲလုံး ဘောလုံးပိုင်ဆိုင်မှု ၆၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှု ၂၃ ကြိမ်မှာ ၁၀ ကြိမ်ကတော့ ဂိုးပေါက်တည့်ခဲ့တာ တွေ့ရပါတယ်။ ခရစ္စတယ်ပဲလေ့စ် ကတော့ တစ်ပွဲလုံးမှ ၁ ကြိမ်ပဲ ဂိုးပေါက်တည့်ခဲ့ပြီး သွင်းဂိုး ၁ ဂိုးပြန်ရခဲ့ပါတယ်။ ဒီရာသီအတွက် ၁၃ ပွဲမြောက် ရှုံးပွဲတွေ့ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ် တို့ အခုပွဲအပြီးမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာကို ကျဆင်းသွားခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးတို့ ကြားရက်မှာ ပေါ်တိုနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ကစားရမှာ ဖြစ်ပြီး ပဲလေ့စ် ကတော့ လာမယ့် တစ်ပတ် ကြားရက်မှ လက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ် ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်