နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျက်ဟာရစ်ဆင် ခြေစွမ်းပြပြီး ပဲလေ့စ်ကို အနိုင်ကစားခဲ့တဲ့ လိဒ်စ်ယူနိုက်တက် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

လိဒ်စ်ယူနိုက်တက် ၂ – ၀ ခရစ္စတယ်ပဲလေ့စ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လိဒ်စ်ယူနိုက်တက်တို့ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်း အဲလန်ရုတ်ဒ်မှာ သက်တောင့်သက်သာ ကစားပြီး အနိုင် ၃ မှတ် ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ လိဒ်စ်ယူနိုက်တက် တို့ အနေနဲ့ ပထမအကျော့တုန်းက ဂိုးပြတ်ရှုံးပွဲကို လက်စားပြန်ချေနိုင်ခဲ့တာ ဖြစ်ပြီး အခုပွဲရလဒ်ကြောင့် အမှတ်ပေးဇယား အဆင့် ၁၀ နေရာ ထိ တက်လှမ်းနိုင်ခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်ကတော့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

မာဆယ်လို ဘီရာဆာရဲ့ အသင်းက ထုံးစံအတိုင်း ၄-၁-၄-၁ ကစားကွက်နဲ့ပဲ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ပက်ထရစ်ခ် ဘမ်းဖို့ဒ်၊ ကွင်းလယ်မှာ ရာဖက်ဟာ၊ ကလစ်ချ်၊ ဂျက်ဟာရစ်ဆင်၊ ကလစ်ချ်၊ ကယ်ဗင်ဖီးလစ်၊ နောက်တန်းမှာ လုခ်အေလင်း၊ လီယမ်ကူပါး၊ စတူအီဂျစ်ခ်၊ အယ်လီရိုးစကီး၊ မက်စ်လိုင်ယာ တို့ပါဝင်လာပါတယ်။ ပဲလေ့စ်ဘက်မှာတော့ ဂျော်ဒန်အေရူး၊ မက်တီတာ၊ ဗန်အန်းဟော့တ်၊ ရိဒ်ဝဲလ်ဒ်၊ မီလီဗိုဂျီဗစ်၊ အီဇီ၊ မစ်ချဲလ်၊ ကာဟေးလ်၊ ဒန်း၊ ကလိုင်း၊ ဂိုင်တာ တို့နဲ့ ပွဲထွက်လာပါတယ်။ လိဒ်စ်ယူနိုက်တက်တို့ ပွဲစတာနဲ့ ဧည့်သည် ပဲလေ့စ်ဘက်ကို အချိတ်အဆက်မိမိနဲ့ ထိုးဖောက် ကစားနိုင်ခဲ့ပြီး ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ပွဲစပြီး ၃ မိနစ် အကြာမှာတင် လိဒ်စ်ယူနိုက်တက်တို့ ဦးဆောင်ဂိုး ရရှိခဲ့ပြီး စတူးဝပ်ဒါးလက်စ်ရဲ့ ဖန်တီးပေးပို့မှုကနေ ဂျက်ဟဲရစ်ဆင်က ပဲလေ့စ် နောက်ခံလူတွေကြားကနေ အကောင်းဆုံး ဖောက်ထွက်ပြီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ထိုးဖောက်ခဲ့ပေမယ့် သွင်းဂိုးတွေ ထပ်မရခဲ့လို့ ပထမပိုင်းအပြီးမှာ လိဒ်စ်တို့ ၁ ဂိုးဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ပဲလေ့စ်ဘက်မှာ ဗန်အန်ဟော့တ် အစား တောင်ဆန် ဝင်လာခဲ့ပေမယ့် ထူးခြားလာခဲ့ခြင်းမရှိပဲ ၅၂ မိနစ် အရောက်မှာ ပက်ထရစ် ဘမ်းဖို့ဒ်က ဒုတိယဂိုး သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်မှာ လိဒ်စ်ယူနိုက်တက်တို့ ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ပထမအကျော့မှာ လိဒ်စ်ယူနိုက်တက်တို့ အရှက်တကွဲ ရှုံးနိမ့်ခဲ့သမျှ အခုပွဲမှာတော့ အပြတ်အသတ် အသာစီးနဲ့ ကစားပြီး အနိုင် ၃ မှတ်ကို ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ ရှုံးပွဲတွေ့ခဲ့လို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ပိုင်းကို ကျခဲ့တဲ့ လိဒ်စ်ယူနိုက်တက်တို့ အခုပွဲအပြီးမှာတော့ အဆင့် ၁၀ နေရာအထိ ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ် တို့ကတော့ ပရီးမီးယားလိဂ် နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁၃ နေရာအထိ ပြန်လည် ကျဆင်းခဲ့ပါတယ်။ လိဒ်စ်ယူနိုက်တက်တို့ အခုပွဲမှာတော့ တော်တော်လေး ခြေစွမ်းပြနိုင်ခဲ့ပြီး အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့တယ်ပဲ ဆိုရပါမယ်။ လိဒ်စ်တို့ ထုံးစံအရ ကစားသမားတွေ အနားရတဲ့ အချိန်မှာ နိုင်ပွဲရှာတွေ့ပြီး လာမယ့်ပွဲမှာတော့ ရလဒ်ကောင်းအောင် ရှာဖွေနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရပါလိမ့်မယ်။
 

လာမယ့်ပွဲစဉ်များ

လိဒ်စ်ယူနိုက်တက်တို့ လာမယ့်ပွဲစဉ်မှာ အာဆင်နယ်အိမ်ကွင်း အမ်းမရိတ်စ်ကို သွားရောက်ကစားဖို့ရှိနေပြီး ခရစ္စတယ်ပဲလေ့စ်ကတော့ ဘန်လေကို အိမ်ကွင်းမှာ လက်ခံကစားရဖို့ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်