နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီးကို ရှုံးပြီး ထိပ်ဆုံးလေးသင်း စာရင်းဝင်ရေးသာ မျှော်လင့်ရတော့မယ့် လစ်ဗာပူးလ် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

လစ်ဗာပူးလ် ၁ – ၄ မန်ချက်စတာစီးတီး

ဒီနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အခုတစ်ပတ်အတွက် အကောင်းဆုံး ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲ မှာတော့ မန်ချက်စတာစီးတီးတို့ လစ်ဗာပူးလ်ကို အဝေးကွင်းမှာ ၁-၄ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ဒီပွဲအပြီးမှာ မန်ချက်စတာစီးတီးတို့ ဒုတိယနေရာက ယူနိုက်တက်ကို ၅ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပြီး ချန်ပီယံအိမ်မက် ပိုပြီး အသက်ဝင်လာခဲ့ပေမယ့် လစ်ဗာပူးလ်ကတော့ ရာသီကုန်မှာ ထိပ်ဆုံး ၄ သင်းစာရင်းဝင်ဖို့ပဲ မျှော်လင့်ရတော့မှာ ဖြစ်ပါတယ်။

အခုပွဲစဉ်ဟာ နှစ်သင်းစလုံးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု မျှော်လင့်ချက်အတွက် အရေးပါလို့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ကြပါတယ်။ အိမ်ရှင် အသင်းဘက်မှာတော့ တိုက်စစ်က မိုဆာလာ၊ ဖေမီနို၊ ဆာဒီယိုမာနေး၊ ကွင်းလယ်မှာ သီယာဂို အဲလ်ကန်တာယာ၊ ဝိုင်ဂျ်နယ်ဒမ်၊ ကာတစ်ဂျုန်းစ်၊ နောက်တန်းမှာတော့ ထရန့်အာနိုး၊ ဖာဘင်ဟို၊ ဟန်ဒါဆင်၊ ရော်ဘတ်ဆန် တို့နဲ့ ပွဲထွက်လာပါတယ်။ မန်ချက်စတာစီးတီး တို့ကလည်း လစ်ဗာပူးလ်လိုပဲ ၄-၃-၃ ကစားကွက်ကို အသုံးပြုခဲ့ပါတယ်။ ပပ်ဂွာဒီယိုလာ အနေနဲ့ တိုက်စစ်မှာ ရာဟင်မ်စတာလင်၊ ဖေးလ်ဖိုဒန်နဲ့ မားရက်ဇ်တို့ကို ဦးဆောင်စေပြီး ကွင်းလယ်မှာ ဂွမ်ဒိုအန်၊ ရိုဒရီ၊ ဘရာနာဒို ဆေးလ်ဗား၊ နောက်တန်းမှာ ဇင်ချန်ကို၊ ရူဘင်ဒီးရာဇ်၊ ဂျွန်စတုန်းစ်၊ ကန်ဆယ်လို၊ ဂိုးမှာ အီဒါဆင်တို့ ပါဝင်လာခဲ့ပါတယ်။ ပွဲအစပိုင်းမှာ အပြန်အလှန်ရှိခဲ့ပြီး အိမ်ရှင်တို့ကတောင် ပိုသာတယ် ထင်ခဲ့ရပေမယ့် ၃၇ မိနစ် အရောက်မှာတော့ မန်ချက်စတာစီးတီးတို့ ဦးဆောင်ဂိုး ရဖို့ အကြောင်းဖန် လာခဲ့ပါတယ်။ ဒါပေမယ့် ဒီအခွင့်အရေးကို ဂွမ်ဒိုအန်က ဖျက်ဆီးပစ်ခဲ့ပြီး ပင်နယ်တီကို လွဲအောင်ကန်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ပထမပိုင်းအပြီးမှာ ဂိုးမရှိသရေရလဒ်နဲ့ပဲ ပွဲပြီးဆုံးနေခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စချိန်မှာတော့ မန်စီးတီးတို့ ပိုပြီး ဖိဖိစီးစီး ကစားလာနိုင်လို့ ပွဲချိန် ၄၉ မိနစ်မှာ ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ ပင်နယ်တီလွဲချော်ခဲ့တဲ့ ဂွမ်ဒိုအန်ကပဲ လစ်ဗာပူးလ် နောက်ခံလူတွေကြားက အမိအရ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ချေပဂိုး ပြန်ရဖို့ ကြိုးပမ်းလာခဲ့တဲ့ လစ်ဗာပူးလ်တို့ ပွဲချိန် ၆၃ မိနစ်မှာ ပင်နယ်တီရခဲ့ပြီး မိုဆာလာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၇၂ မိနစ် အရောက်မှာတော့ လစ်ဗာပူးလ် နောက်ခံလူတွေ ပေါ့လျော့မှုကတစ်ဆင့် မန်ချက်စတာစီးတီးတို့ ဒုတိယဂိုး ထပ်မံရရှိသွားခဲ့ပြီး ဒီဂိုးကိုလည်း ဖေးလ်ဖိုဒန်ရဲ့ ပေးပို့မှုကနေ ဂွမ်ဒိုအန်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ၃ မိနစ်အကြာမှာတော့ ဂိုးသမား အယ်လီဆွန်ရဲ့ ဂိုးဧရိယာထဲမှာ လူပေးမှားမှုကနေ ဘရာနာဒိုဆေးလ်ဗား ရသွားပြီး ဂိုးရှေ့ထောင့်ဖြတ်မပေးတာကို ရာဟင်မ်စတာလင်က အမိအရ ခေါင်းတိုက်သွင်းယူခဲ့လို့ မန်ချက်စတာစီးတီးတို့ တတိယဂိုးရရှိခဲ့ပါတယ်။ အဲ့နောက် မန်ချက်စတာစီးတီးတို့ပဲ တစ်ပွဲလုံး စိုးမိုးကစားနိုင်ခဲ့ပြီး ၈၃ မိနစ် အရောက်မှာ ဖေးလ်ဖိုဒန်က ဂါဘရီရယ်ဂျီဆုစ်ရဲ့ ပေးပို့မှုကနေ အားပြင်းပြင်းနဲ့ စတုတ္ထဂိုးကို သွင်းယူခဲ့လို့ မန်ချက်စတာစီးတီးတို့ ပွဲအပြီးမှာ ၁-၄ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

မန်ချက်စတာစီးတီး ကတော့ ပြိုင်ပွဲစုံ ၁၄ ပွဲဆက် နိုင်ပွဲရခဲ့ပြီး တစ်ကျော့ပြန် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ တဖြေးဖြေး ပိုပိုနီးစပ်လာခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ဆက်လက်ရပ်တည်နေတဲ့ ဝုဗ်

ဒီပွဲနဲ့ပတ်သတ်ပြီး ပြောစရာတော့ ခပ်ရှားရှားရယ်ပါ။ လစ်ဗာပူးလ်ရော မန်ချက်စတာစီးတီးရော အားအင်အပြည့်နဲ့ ကစားခဲ့တယ်။ တိကျမှု၊ ပါးနပ်မှု၊ သပ်ရပ်မှု အပိုင်းတွေမှာ မန်ချက်စတာစီးတီးက လစ်ဗာပူးလ် ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘူး။ ပိုဆိုးတာက အယ်လီဆွန်၊ ဖာဘင်ဟိုတို့ရဲ့ ရုပ်ပေါက်လွန်းတဲ့ အမှားတွေပါပဲ။ ဒီအမှားတွေ ကြောင့်ပဲ မန်ချက်စတာစီးတီး ကို ချန်ပီယံ မျှော်လင့်ချက် ပိုမိုရှင်သန်စေခဲ့ပြီး လစ်ဗာပူးလ်ကိုတော့ မျှော်လင့်ချက်မဲ့စေခဲ့တာပါ။ လက်ရှိအခြေအနေအရ လစ်ဗာပူးလ်တို့ အမှတ်ပေးဇယား ထိပ်ဆုံးက မန်ချက်စတာစီးတီးထက် ၁ ပွဲပိုကစားပြီး ၁၀ မှတ်အထိ ပြတ်သွားခဲ့တာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ရာခိုင်နှုန်း နည်းသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ မန်ချက်စတာစီးတီး ကတော့ ပြိုင်ပွဲစုံ ၁၄ ပွဲဆက် နိုင်ပွဲရခဲ့ပြီး တစ်ကျော့ပြန် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ တဖြေးဖြေး ပိုပိုနီးစပ်လာခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

လာမယ့် တစ်ပတ် စနေနေ့မှာတော့ လစ်ဗာပူးလ်တို့ လက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ကစားဖို့ရှိနေပြီး မန်စီးတီးကတော့ ဆွမ်ဆီးနဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်