နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒူးဒဏ်ရာ ခွဲစိတ်ခဲ့လို့ ၁၂ ပတ် ဝန်းကျင် အနားယူရမယ့် ဘန်ဝှိုက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် နောက်ခံလူ ဘင်ဂျာမင် ဝှိုက် ကတော့ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့တာကြောင့် ရက်သတ္တပတ် ၁၀ ပတ် ကနေ ၁၂ ပတ်ဝန်းကျင် အထိ အနားယူရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

အင်္ဂလန်သား နောက်ခံလူ ဘင်ဂျာမင် ဝှိုက်ရဲ့ ဒူးဒဏ်ရာဟာ ဆိုးရွားခြင်း မရှိပေမယ့်လည်း ခွဲစိတ် ကုသဖို့တော့ လိုအပ်တာကြောင့် အာဆင်နယ် ဘက်က နိုင်ငံတကာ ရက်သတ္တပတ် အတွင်း ခွဲစိတ်ကုသစေခဲ့တာလည်း ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ အချိန်ထိတော့ အနားယူရမယ့် အချိန် ကာလနဲ့ ပြန်လည် ကစားနိုင်မယ့် နေ့ရက်ကို ပရီးမီးယားလိဂ် ကလပ်က အတည်ပြု ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း ဘန်ဝှိုက်ရဲ့ အခြေအနေအရ ၁၀ ပတ် ကနေ ၁၂ ပတ် အထိ အနားယူရဖွယ် ရှိကြောင်း ဗြိတိန်မီဒီယာတွေက ခန့်မှန်း ဖော်ပြလာခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ ဒဏ်ရာရ ကစားသမား စာရင်းမှာ တစ်ဦး ထပ်တိုးလာခဲ့ပြီး နည်းပြ မီခဲလ် အာတေးတား အတွက်တော့ နောက်ထပ် ခေါင်းကိုက်စရာ ကိစ္စ တစ်ခု ဖြစ်လာခဲ့ပြန်ပါတယ်။ လက်ရှိ အာဆင်နယ် မှာ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ် ပြန်လည် ကစားနိုင်ပြီ ဖြစ်ပေမယ့်လည်း ကာလာဖီအိုရီ၊ တိုမီယာဆုနဲ့ တီယာနေး တို့ကတော့ အနားယူနေရဆဲ ဖြစ်ပါတယ်။ အစောပိုင်းက အာဆင်နယ်ရဲ့ ဒဏ်ရာရ ကစားသမား စာရင်းမှာ တင်ဘာ၊ ပါတေး၊ စတာလင်၊ ဆာကာနဲ့ ဒီကလန် ရိုက်စ်တို့ ပါဝင်နေခဲ့ပေမယ့်လည်း လက်ရှိ မှာတော့ ကလပ် အသင်း ပွဲစဉ်တွေ ပြန်ကစားချိန်မှာ ပြန်လည် ပွဲထွက်နိုင်ဖို့ ရှိနေပြီလို့လည်း သိရပါတယ်။ အဓိက ကတော့ အာဆင်နယ် ကွင်းလယ်ရဲ့ အသက်သွေးကြော ဖြစ်တဲ့ မာတင် အိုဒီဂတ် ပြန်လည် ပါဝင်လာနိုင်ခြင်းက အာတေးတား အတွက် ဝမ်းသာစရာ သတင်းကောင်း ဖြစ်ပါတယ်။

လက်ရှိ အချိန်ထိတော့ အနားယူရမယ့် အချိန် ကာလနဲ့ ပြန်လည် ကစားနိုင်မယ့် နေ့ရက်ကို ပရီးမီးယားလိဂ် ကလပ်က အတည်ပြု ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
လာမယ့် ပွဲစဉ် အဖြစ် နော့တင်ဟမ်ဖောရက်စ်နဲ့ ကစားရမယ့် အာဆင်နယ်

အာတေးတား အနေနဲ့ အသင်းရဲ့ ဒဏ်ရာရကစားသမား များပြားနေခြင်း ပြဿနာ အပေါ် တော်တော်လေး စိတ်ညစ်နေခဲ့ရတာ ဖြစ်ပြီး နိုင်ငံတကာ ရက်သတ္တပတ် အပြီးမှာ ကြံ့ခိုင်မှု ပြည့်ဝတဲ့ အသင်း ပြန်ရဖို့ အတွက် ဆုတောင်းနေခဲ့ရတာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သတ်လို့ အာတေးတားက “ကျွန်တော် ဘာကို ဆုတောင်းနေရလဲ ဆိုတော့ နိုင်ငံတကာ ရက်သတ္တပတ် အပြီးမှာ ကြံ့ခိုင်မှု ပြည့်ဝတဲ့ အသင်း ပြန်ရဖို့ပါပဲ။ သူတို့တွေ ကြံ့ခိုင်မှု ပြည့်ဝပြီး အဆင်သင့် ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဘာလိုလဲ ဆိုတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ် ၈ ပတ်က အိပ်မက်ဆိုး တစ်ခု ဖြစ်ခဲ့လိုပါ။ သံသယ အခြေအနေတွေ၊ ပြဿနာတွေက တစ်ခုပြီး တစ်ခုပါပဲ။ တချို့သူတွေက မကစားနိုင်ကြဘူး။ အသင်းရဲ့ ဆန္ဒပြင်းပြမှုနဲ့ ကျွန်တော်တို့ ဘယ်လောက် အထိ လိုချင်လဲ ဆိုတာ မေးခွန်းထုတ်စရာ မလိုပါဘူး။ ဒါတွေ မကြာခင် ရောက်လာတော့မှာပါ။ ကျွန်တော်တို့ အနေနဲ့ ကိုယ့်ဘာသာ တည်ငြိမ်မှုရှိနေဖို့ပဲ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါသေးတယ်။

ဆက်စပ် သတင်းတွေ အရ ဆိုရင် အင်္ဂလန် ကစားသမား ဘင်ဂျာမင် ဝှိုက်ဟာ လက်ရွေးစင် အသင်းရဲ့ နည်းပြ အပြောင်းအလဲကြောင့် အင်္ဂလန် အသင်း အတွက် ပြန်လည် ကစားပေးဖို့ ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။ ဘန်ဝှိုက် ဟာ ယခင် နည်းပြ ဂါရက်သ် ဆောက်ဂိတ် လက်ထက်မှာ လက်ရွေးစင် အသင်း အတွက် ကစားပေးဖို့ ငြင်းဆန်ထားခဲ့သူလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်