ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ စပိုတင်းလစ္စဘွန်း အသင်းရဲ့ ကစားသမားတွေကို ချက်ချင်း မခေါ်ယူဘူးလို့ ပြောကြားထားခဲ့သူပါ။ ဒါပေမယ့်လည်း အခုလက်ရှိ မှာတော့ စပို့တင်းမှာ သူနဲ့ လက်တွဲခဲ့ဖူးတဲ့ ဆွီဒင် တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာပဲ ခေါ်ယူပေးဖို့ အသင်း တာဝန်ရှိသူတွေထံ တောင်းဆိုလာခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၂၆ နှစ် အရွယ် တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ် ကတော့ ရူဘင် အမော်ရင် စပိုတင်းလစ္စဘွန်းကို ကိုင်တွယ်ခဲ့စဉ်က ထိပ်တန်း အဆင့်ကို ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ ဆွီဒင်သားက ပြိုင်ပွဲစုံ ၇၇ ပွဲ ကစားရာမှာ ဂိုး ၇၀ အထိ သွင်းယူခဲ့ပြီးတော့ ၂၀၂၄ ခုနှစ် အတွင်း ဥရောပရဲ့ သွင်းဂိုး အများဆုံး ကစားသမားလည်း ဖြစ်ခဲ့သူပါ။ ယူနိုက်တက်ဟာ အမော်ရင်ကို အသင်း နည်းပြ အဖြစ် မခန့်အပ်ခင် ကတည်းက ယိုကီးရက်စ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ဖူးပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် ကလပ်ကို အမော်ရင် ကိုင်တွယ်ချိန် မှာတော့ ယိုကီးရက်စ်ဟာ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ သတင်းတွေ ပိုမိုကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ဒီသတင်းတွေ ကိုတော့ Daily Star က ဖော်ပြလာခဲ့တာ ဖြစ်ပြီး အမော်ရင်က စပိုတင်းလစ္စဘွန်း တိုက်စစ်မှူးကို အရ ခေါ်ယူပေးဖို့ ယူနိုက်တက် တာဝန်ရှိသူတွေထံ တောင်းဆိုထားကြောင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ယိုကီးရက်စ် ကတော့ ပေါ်တူဂီ ကလပ်နဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပေမယ့်လည်း ဥရောပ ထိပ်တန်း ကလပ်တွေမှာ ကစားလိုကြောင်း ဝန်ခံ ပြောကြားထားသူ ဖြစ်ပါတယ်။
ယိုကီးရက်စ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဆွီဒင် သတင်းစာနဲ့ အင်တာဗျူးမှာ သူ့ရဲ့ စိတ်ကူး အိမ်မက်က ပရီးမီးယားလိဂ်မှာ ကစားဖို့ ဖြစ်ကြောင်း ဝန်ခံထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက် အနေနဲ့ အခု ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ယိုကီးရက်စ်ကို ခေါ်ယူနိုင်ဖွယ်တော့ ရှိနေပြီး ဒီလို ခေါ်ယူရင်တော့ စာချုပ်လျော်ကြေး အဖြစ် ပေါင်သန်း ၈၀ အနည်းဆုံး ပေးချေရဖို့ ရှိနေတာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ယိုကီးရက်စ်ကို ခေါ်ယူမယ် ဆိုရင် အသင်းမှာ ရှိတဲ့ ကစားသမားတွေကို အရင်ဆုံး ရောင်းထုတ်ရဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ ယူနိုက်တက် တာဝန်ရှိသူတွေ အနေနဲ့ အခု ဇန်နဝါရီမှာ အမော်ရင်ရဲ့ နည်းစနစ်နဲ့ အံမဝင်တဲ့ ကစားသမားတွေကို ရောင်းထုတ်ပြီး ကစားသမားသစ်တွေ ခေါ်ယူဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။
သတင်းတွေအရ ဆိုရင်တော့ အမော်ရင် အနေနဲ့ ယိုကီးရက်စ်ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူမှာ မဟုတ်ကြောင်း ငြင်းဆန်ခဲ့ပေမယ့်လည်း လက်ရှိ မှာတော့ အသင်းက ရလဒ်တွေ ဆိုးရွားနေတာကြောင့် ယိုကီးရက်စ်ကို ခေါ်ယူပေးဖို့ တောင်းဆိုခဲ့တာလည်း ဖြစ်ကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ အဲရစ်ခ် တန်ဟက်ဂ်ကို ထုတ်ပယ်ခဲ့ပေမယ့် နည်းပြသစ် ရူဘင် အမော်ရင် လက်ထက် မှာလည်း ဆက်လက် ရုန်းကန်နေရပြီးတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ အပြီးမှာ ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိမှာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးတွေ ဖြစ်တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ဇီယက်ခ်ဇီး တို့ကိုလည်း ရောင်းထုတ်ရင်ထုတ် မထုတ်ရင် အငှားချသွားဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.