ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာတော့မယ့် ရူဘင် အမော်ရင် ကတော့ ကြုံးဝါး ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ စပိုတင်းလစ္စဘွန်းနဲ့ အတူ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ အမော်ရင်က လာမယ့် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ယူနိုက်တက်ကို စတင်ကိုင်တွယ်မှာ ဖြစ်ပြီးတော့ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့ အသင့် ရှိနေပြီ ဖြစ်ကြောင်း ပြောကြားလာတာ ဖြစ်ပါတယ်။
လက်ရှိမှာ အသက် ၃၉ နှစ် အရွယ်သာ ရှိနေသေးတဲ့ ပေါ်တူဂီ လူမျိုး နည်းပြ ရူဘင် အမော်ရင်က စပိုတင်းလစ္စဘွန်း ကို ၂၀၂၀ ခုနှစ်မှာ စတင် ကိုင်တွယ်ခဲ့ပြီးနောက် ၄ နှစ်တာ ကာလ အတွင်း အသင်း အတွက် ပေါ်တူဂီ အမှတ်ပေးဖလား ၂ ကြိမ်၊ ပေါ်တူဂီ ရှုံးထွက်ဖလား ၂ ကြိမ်နဲ့ ပေါ်တူဂီ စူပါဖလား ၁ ကြိမ် ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အမော်ရင်က ဒီရာသီထဲမှာလည်း စပိုတင်းလစ္စဘွန်း အသင်းကို ပေါ်တူဂီ အမှတ်ပေး ပြိုင်ပွဲမှာ ရာနှုန်းပြည့် နိုင်ပွဲ ရရှိအောင် စွမ်းဆောင်ပေးထားခဲ့ပါတယ်။ ဒါ့အပြင် စပို့တင်းလစ္စဘွန်းကို နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ပွဲစဉ်မှာ ဆိုရင်လည်း မန်ချက်စတာစီးတီးလို ထိပ်တန်း အသင်းကို ၄-၁ ရလဒ်နဲ့ အထင်ကြီး လေးစားဖွယ် အပြတ်သတ် အနိုင်ယူပြခဲ့ပါသေးတယ်။ အမော်ရင် အနေနဲ့ ပေါ်တူဂီ မြို့တော် ကလပ်ရဲ့ ပရိသတ်တွေ ကိုတော့ လွမ်းမောရအောင် ပြုလုပ်ထားနိုင်ခဲ့တယ် လို့လည်း ပြောလို့ ရပါတယ်။
ဒါနဲ့ ပတ်သတ်လို့ အမော်ရင် ကတော့ အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “အခုပွဲ ရလဒ် အကြောင်း ပြောရမယ် ဆိုရင်တော့ ကျွန်တော်တို ကံကောင်းခဲ့တယ်လို့ပဲ ပြောရပါမယ်။ ကျွန်တော် ပရီးမီးယားလိဂ်ဆီ ရောက်သွားတဲ့ အခါ မတူကွဲပြားတဲ့ ကမ္ဘာတစ်ခု မတူကွဲပြားတဲ့ ဖိအားဒဏ်တွေနဲ့ ကြုံတွေ့ရတော့မှာပါ။ ဒါက ပျော်စရာကောင်းမှာပါ။ အရမ်းလည်း ပျော်စရာကောင်းလိမ့်မယ်လို့ ထင်ပါတယ်။ နောက်ပြီး ကျွန်တော် ဒီလို စိန်ခေါ်မှုတွေ အတွက် အဆင်သင့် ဖြစ်နေပါပြီ။” လို့ အမော်ရင်က ကြုံးဝါး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အမော်ရင်ဟာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို လာမယ့် နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင် ကိုင်တွယ်မှာ ဖြစ်ပါတယ်။ ဒီကြားထဲမှာ နိုင်ငံတကာ ရက်သတ္တပတ် လည်း ရှိနေသေးတာကြောင့် နိုဝင်ဘာ ၂၄ ရက်နေ့မှာ ကစားရမယ့် အစ်ပ်ဆွစ်ချ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှသာ နည်းပြ အဖြစ် ပွဲဦးထွက် တာဝန်ယူ ကိုင်တွယ်သွားရဖို့ ရှိနေခဲ့ပါတယ်။
အသက်အရွယ် ငယ်သေးပေမယ့် စွမ်းဆောင်ရည် ကောင်းတွေနဲ့ အတူ ဆုဖလားတွေ ရရှိအောင် စွမ်းဆောင်ပေးထားနိုင်တဲ့ အမော်ရင် အနေနဲ့ သူ ပြောထားသလိုပဲ အမှန်တကယ်ပဲ အဆင်သင့် ဖြစ်နေပြီးလား။ ယူနိုက်တက် ပရိသတ်တွေနဲ့ အသင်း တာဝန်ရှိသူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မလား။ ဆိုတာတွေ ကတော့ မကြာခင် အချိန် အတွင်း တဖြည်းဖြည်း သိလာရတော့မှာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.