အာဆင်နယ် ကတော့ တိုက်စစ်ပိုင်း အားနည်းချက်တွေ ရှိနေဆဲ ဖြစ်ပေမယ့် နည်းပြ မီခဲလ် အာတေးတားက သူတို့ အသင်း အနေနဲ့ တိုက်စစ်မှူးသစ် တစ်ဦး ခေါ်ယူ အားဖြည့်ဖို့ မလိုအပ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အာတေးတားက ဒီနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူနိုင်ဖို့ တိုက်စစ်မှူးသစ် တစ်ဦးကို ခေါ်ယူစရာ မလိုအပ်ကြောင်း ပြောကြားခဲ့ပြီး သူ့ရဲ့ ပြောစကား ကိုတော့ ဝေဖန်မှုတွေ ပြုလုပ်လျက် ရှိပါတယ်။
မီခဲလ် အာတေးတားက“ကျွန်တော် တို့မှာ ရှိနေတဲ့ ကစားသမားတွေနဲ့ ပတ်သက်ပြီး အရမ်းကို ပျော်ရွှင်နေပါတယ်။ ကျွန်တော်တို့ သွင်းယူခဲ့တဲ့ ဂိုးပမာဏကို ကြည့်လိုက်ရင်လည်း ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်ဖို လုံလောက်ပါတယ်။ တစ်စုံတစ်ယောက်ကို ခေါ်ယူဖို့ မလုံလောက်ဘူး ဆိုတာ သေချာပါတယ်။ ဒီခေါ်ယူမှု ကနေ ဂိုး အရေအတွက် ဘယ်လောက် အထိ သွင်းယူရမယ်၊ ကိစ္စ တော်တော်များများလည်း ဖြစ်ပေါ်လာဖို့လည်း လိုအပ်ပါတယ်။” လို့ ဆိုပါတယ်။
ဆက်လက်ပြီး “ဒီဇန်နဝါရီ ဈေးကွက်ကလည်း နွေရာသီ ဈေးကွက်ထက် ကန့်သတ်ချက် များစွာ ရှိနေပါတယ်။ တကယ်လို့ ဈေးကွက်ထဲမှာ အသင်း အတွက် အကျိုးပြုနိုင်ပြီး အသင်း ဘက်က တက်နိုင်လောက်မယ့် ပမာဏနဲ့ ကစားသမားမျိုး ရှိနေမယ် ဆိုရင်တော့လည်း ဒီအတွက် ဖြစ်နိုင်ချေတွေကို အမြဲတမ်း ကြိုဆိုနေရပါမယ်။ လောလောဆယ်တော့ ကျွန်တော် တို့မှာ ရှိနေတဲ့ အရာတွေ ကိုပဲ အာရုံစိုက်နေပါတယ်။” လို့ အာတေးတားက ပြောဆိုသွားခဲ့ပါသေးတယ်။
အာဆင်နယ်ဟာ လက်ရှိမှာ အထောင် တိုက်စစ်မှူး လိုအပ်ချက် ရှိနေသလို ဒဏ်ရာရသွားတဲ့ ဆာကာရဲ့ နေရာ အတွက်လည်း ဖြည့်တင်းမှု ပြုလုပ်ဖို့ လိုအပ်နေတာပါ။ မနေ့ညက ဘရိုက်တန်နဲ့ ပွဲစဉ်မှာ လူငယ် ကြယ်ပွင့်လေး အီသန် နွမ်နရီက ဦးဆောင်ဂိုး ရယူပေးခဲ့သလို ခြေစွမ်းလည်း ပြနိုင်ခဲ့ပေမယ့် အာတေးတားရဲ့ ပြောကြားချက်အရတော့ ဒဏ်ရာရသွားခဲ့တာကြောင့် လူစားလဲခဲ့ရတယ်လို့ သိရပါတယ်။
အာဆင်နယ်ရဲ့ လက်ရှိ တိုက်စစ် ပစ်မှတ်တွေ အဖြစ် နယူးကာဆယ်က အိဆက်ခ်၊ ပီအက်စ်ဂျီက ကိုလို မူအာနီ၊ ဘရိုက်တန်က အီဗန် ဖာဂူဆန်၊ ဝုဗ်က မာသီးယပ်စ် ကူညာ တို့ ရှိနေပါတယ်။ ဒီအထဲမှာမှ အိဆက်ခ် အတွက် နယူးကာဆယ်က မြင့်မားတဲ့ ပြောင်းရွှေ့ကြေး သတ်မှတ်ထားသလို ဘရိုက်တန် ကလည်း ဖာဂူဆန် အတွက် ပြောင်းရွှေ့ကြေး အများအပြား ရမှ ရောင်းထုတ်ချင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝုဗ် ကတေ့ ကူညာကို လုပ်ခလစာ တိုးမြှင့်ပေးပြီး စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ သေချာသလောက် ရှိနေပြန်ပါတယ်။ ဒါကြောင့် အာဆင်နယ် အနေနဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ တော်တော်လေး ခက်ခဲဖွယ် ရှိနေတာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ဆာကာရဲ့ နေရာ အတွက် ယူနိုက်တက် ကနေ ထွက်ခွာဖို့ များနေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ပါ အပြောင်းအရွှေ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါသေးတယ်။ ဒါပေမယ့် လက်ရှိမှာ တိုက်စစ်မှူး ဂါဘရီရယ်လ် ဂျေဇုစ်က ဂိုးတွေ ဆက်တိုက် သွင်းယူနေပြီး ပုံမှန် ခြေစွမ်း ပြန်ပြနေသလို မာတင်နယ်လီ ကလည်း ဂိုးတွေ ပြန်လည် သွင်းယူနေတာက အာတေးတား အတွက် စိတ်သက်သာရာရနေစေပါတယ်။ ဒါ့အပြင် ကိုင် ဟာဗက်ဇ် ကလည်း အသင်းရဲ့ အထောင် တိုက်စစ် နေရာ အတွက် အားထားနေရသူ ဖြစ်တာကြောင့် အာတေးတားက တိုက်စစ်မှူး မလိုအပ်ကြောင်း ပြောကြားလာတာလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ စနေနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရိုက်တန်နဲ့ သရေကျခဲ့တာကြောင့် ရမှတ် ၄၀ နဲ့ အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဇယားထိပ်က လစ်ဗာပူးလ်ဟာ နှစ်ပွဲလျော့ ကစားထားတာကြောင့် လက်ကျန် ပွဲစဉ် နှစ်ပွဲမှာသာ ရလဒ်ကောင်းခဲ့ရင် အောက်က အသင်းတွေကို ရမှတ် ထပ်မံ ဖြတ်တောက်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ်ဟာ အင်္ဂလန်ဒါဘီ ပြိုင်ဘက် ယူနိုက်တက်ကို အန်ဖီးလ်မှာ ဧည့်ခံကစားပြီး တစ်ဖက် နှစ်ဂိုးစီ သရေကျခဲ့တာကြောင့် တစ်ပွဲလျော့ ကစားပြီး အာဆင်နယ်ကို ၆ မှတ် ဖြတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.