နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နီကို ဝီလီယမ်စ်ကို စာချုပ်လျော်ကြေး ပေးပြီး ခေါ်ယူဖို့ အသင့် ရှိနေတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် ကတော့ လာလီဂါ ကလပ် ဘီလ်ဘာအိုရဲ့ စပိန် တောင်ပံ ကြယ်ပွင့် နီကို ဝီလီယမ်စ်ကို စာချုပ် လျော်ကြေးပေးပြီး ခေါ်ယူဖို့ အသင့် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အာဆင်နယ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ လိုအပ်နေတဲ့ အထောင် တိုက်စစ်မှူး နေရာ အတွက် ကစားသမားသစ် ခေါ်ယူဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဓိက ကစားသမား ဖြစ်တဲ့ ဘူကာယို ဆာကာ ဒဏ်ရာရရှိသွားချိန် မှာတော့ တောင်ပံ တိုက်စစ် ကစားသမား တစ်ဦး ခေါ်ယူ အားဖြည့်ဖို့ လိုအပ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်က ယူရို ၂၀၂၄ မှာ ခြေစွမ်းပြခဲ့တဲ့ နီကို ဝီလီယမ်စ်ကို ခေါ်ယူဖို့ ပြင်ဆင်လာခဲ့ပြီး အခြား အသင်းတွေထက် လက်ဦးမှု ရယူသွားချင်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ နီကို ဝီလီယမ်စ်ကို ပြီးခဲ့တဲ့ နွေရာသီ ကတည်းက ပစ်မှတ်ထားခဲ့တာ ဖြစ်ပြီးတော့ လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက်မှာ အရ ခေါ်ယူဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

အာတေးတားက အစောပိုင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူဖို့ တိုက်စစ်မှူး ခေါ်ယူဖို့ မလိုအပ်ကြောင်း ပြောကြားထားပေမယ့် စိတ်ပြောင်းသွားတဲ့ သဘောမှာ ရှိပါတယ်။
နီကို ဝီလီယမ်စ်ရဲ့ အေးဂျင့် ဖြစ်သူနှင့် အပြောင်းအရွှေ့ ကိစ္စ အတွက် ဆွေးနွေးနေတဲ့ အာဆင်နယ်

လက်ရှိမှာ အင်္ဂလန် ကြယ်ပွင့် ဘူကာယို ဆာကာက ခြေချင်းဝတ် ဒဏ်ရာကြောင့် ရက်သတ္တပတ် ၈ ပတ်ကျော် အနားယူရဖို့ ရှိနေတယ်လို့ သိရပြီး နည်းပြ မီခဲလ် အာတေးတား အနေနဲ့ တိုက်စစ်ပိုင်း အတွက် အရည်အသွေးမြင့် ထိပ်တန်း ကစားသမား တစ်ဦး အားဖြည့် ခေါ်ယူဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။ အာတေးတားက အစောပိုင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူဖို့ တိုက်စစ်မှူး ခေါ်ယူဖို့ မလိုအပ်ကြောင်း ပြောကြားထားပေမယ့် စိတ်ပြောင်းသွားတဲ့ သဘောမှာ ရှိပါတယ်။

သတင်းတွေအရ ဆိုရင် ပရီးမီးယားလိဂ် ကလပ်က အာဆင်နယ်က လက်ရှိမှာ နီကို ဝီလီယမ်စ်ရဲ့ အေးဂျင့် ဖြစ်သူနှင့် အပြောင်းအရွှေ့ ကိစ္စ အတွက် ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အာဆင်နယ်က နီကိုရဲ့ စာချုပ် လျော်ကြေးကို ပေးချေဖို့ အသင့် ရှိနေကြောင်း သိရပြီး အပြောင်းအရွှေ့ကို ခပ်မြန်မြန် အကောင်အထည်ဖော်လိုနေတာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ် အရွယ် စပိန် တောင်ပံ တိုက်စစ် ကြယ်ပွင့် ကတော့ ဘီလ်ဘာအိုနဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေပြီးတော့ သူ့ရဲ့ စာချုပ် လျော်ကြေး ကတော့ ပေါင် ၄၈ သန်း (ယူရို ၅၈ သန်း) ဖြစ်တယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ ဘီလ်ဘာအိုက သတ်မှတ်ထားတဲ့ စာချုပ် လျော်ကြေးကို ပေးချေဖို့ အသင့် ရှိနေပြီးတော့ လက်ရှိမှာ နီကို ဝီလီယမ်စ်ကို ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရဖို့ ချဉ်းကပ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အသင်းကို ပြောင်းရွှေ့ ရောက်ရှိလာဖို့လည်း နီကို ကို နည်းမျိုးစုံနဲ့ ဆွဲဆောင်လျက် ရှိတယ်လို့လည်း သိရပါတယ်။ နီကို ဝီလီယမ်စ် ကတော့ ဘီလ်ဘာအို အတွက် ၅ ရာသီ အတွင်း ပြိုင်ပွဲစုံ ၁၄၆ ပွဲ ကစားပြီးတော့ ၂၂ ဂိုး သွင်းယူပေးထားပါတယ်။ ဒါ့အပြင် စပိန်သားက ဒီရာသီမှာလည်း ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၂၃ ပွဲ ကစားရာမှာ ၂ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်