နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆေးလ်ဗားရဲ့ သွင်းဂိုးတွေနဲ့ ဆီမီးဖိုင်နယ်ကို ၆ ကြိမ်ဆက် တက်ရောက်နိုင်ခဲ့တဲ့ မန်စီးတီး | အက်ဖ်အေဖလား ကွာတားဖိုင်နယ် (ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာစီးတီး ၂-၀ နယူးကာဆယ်

မနေ့က ကစားခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ် မှာတော့ မန်စီးတီးတို့ နယူးကာဆယ်ကို အက်တီဟတ်မှာ ၂-၀ ရလဒ်နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ မန်စီးတီး အတွက် လွယ်ကူတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ပြီး ဆေးလ်ဗားရဲ့ ပထမပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

နှစ်သင်းစလုံး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီး မန်စီးတီးမှာ အော်တီဂါ၊ အာကန်ဂျီ၊ ဒီးရာ့စ်၊ ဗာဒီယိုလ်၊ ဝေါလ်ကာ၊ ရိုဒရီ၊ ကိုဗာချစ်၊ ဆေးလ်ဗား၊ ဒိုခု၊ ဖိုဒန်၊ ဟာလန်းတို့ ပါဝင်ခဲ့ကြပါတယ်။ နယူးကာဆယ် ဘက်မှာတော့ ဒူဗရက်ဗ်ကာ၊ ရှား၊ လက်ဆဲလ်လက်စ်၊ ဘော့တ်မန်း၊ ဘန်း၊ မာဖီ၊ ဂီမာရေးစ်၊ ဝေးလ်လော့ခ်၊ လောင်းစတက်ဖ်၊ ဂေါ်ဒွန်၊ အိဆက်ခ် တို့ ပွဲထွက်ခဲ့ပါတယ်။ 

လက်ရှိ ခြေစွမ်းနဲ့ အခြေအနေအရ ဆိုရင် မန်စီးတီးဟာ အက်ဖ်အေဖလားမှာ ဆီမီးဖိုင်နယ်၊ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်၊ ပရီးမီးယားလိဂ်မှာ အဆင့် ၁ နေရာက အသင်းနဲ့ ၁ မှတ်သာ ကွာဟနေပါတယ်။
ပြိုင်ပွဲစုံ ၂၂ ပွဲဆက် ရှုံးပွဲ မရှိမှုကို ဆက်ထိန်းနိုင်ခဲ့တဲ့ မန်စီးတီး

မန်စီးတီးပဲ ပွဲချိန်ပြည့် လွှမ်းမိုးထားနိုင်ခဲ့ပြီး သူတို့ရဲ့ ထုံးစံ အတိုင်း ဘောလုံး ပိုင်ဆိုင်မှု အသာစီးနဲ့ နယူးကာဆယ် ဘက်ကို တစိမ့်စိမ့် ထိုးဖောက်ခဲ့ပါတယ်။ နယူးကာဆယ် ကလည်း လျင်မြန်တဲ့ တန်ပြန် တိုက်စစ်နဲ့ မန်စီးတီး ခံစစ်ရဲ့ ရှေ့တက်လွန်းမှုကို အခွင့်ကောင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ ပွဲချိန် ၁၃ မိနစ်မှာတော့ ရိုဒရီရဲ့ ဖန်တီးမှု ကနေ ဆေးလ်ဗားက ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ၃၁ မိနစ် အရောက် မှာလည်း ဒီးရာ့စ်ရဲ့ ပေးပို့မှု ကနေ ဆေးလ်ဗားကပဲ နောက်ထပ် အနိုင်သေချာစေမယ့် ဂိုး တစ်ဂိုး ထပ်မံ သွင်းယူပေးနိုင်ခဲ့ပါတယ်။ လက်ကျန် ပွဲကစားချိန်တွေမှာလည်း မန်စီးတီး တို့ပဲ နယူးကာဆယ် ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး အဆုံးသတ်ပိုင်း အားနည်းမှုတွေ ကြောင့်သာ မန်စီးတီးတို့ ဂိုးတွေ ထပ်မရခဲ့တာပါ။ 

နယူးကာဆယ်ဟာ ဒီနေ့ပွဲမှာ ပြီးခဲ့တဲ့ တွေ့ဆုံမှုတွေနဲ့တောင် မတူပဲ မန်စီးတီးကို ဘယ်လိုမှ ယှဉ်ကစားနိုင်ခြင်း မရှိခဲ့တာပါ။ ပွဲပြီးအချက်အလက်တွေကို ပြန်ကြည့်ရင် မန်စီးတီးဟာ ဂိုးပေါက် ကန်ချက် ၁၆ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက် တည့်မှု ၅ ကြိမ် ရှိခဲ့ပါတယ်။ နယူးကာဆယ်ဟာ မန်စီးတီး ဂိုးပေါက်ကို ၂ ကြိမ်သာ ခြိမ်းခြောက်နိုင်ခဲ့ပြီး ၁ ကြိမ်သာ ဂိုးပေါက် တည့်ခဲ့တဲ့ အထိ ခြေစွမ်းပိုင်း အသာမရခဲ့တာ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်
နယူးကာဆယ် ယူနိုက်တက်
ဝက်စ်ဟမ်း ယူနိုက်တက်
1X2 ဝက်စ်ဟမ်း ယူနိုက်တက် @ 4.30
ဝက်စ်ဟမ်း ယူနိုက်တက် အာရှ ဟန်းဒီးကပ် +0.75 @ 2.05
ဂိုးအောက် 3.00 @ 2.11
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လက်ရှိ ခြေစွမ်းနဲ့ အခြေအနေအရ ဆိုရင် မန်စီးတီးဟာ အက်ဖ်အေဖလားမှာ ဆီမီးဖိုင်နယ်၊ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်၊ ပရီးမီးယားလိဂ်မှာ အဆင့် ၁ နေရာက အသင်းနဲ့ ၁ မှတ်သာ ကွာဟနေပါတယ်။ ဒါကြောင့် ပပ်ဂွာဒီယိုလာရဲ့ အသင်းက နှစ်နှစ်ဆက်တိုက် ဖလား ၃ လုံး ချန်ပီယံ ဖြစ်ရေး မျှော်လင့်ချက် အပြည့်အဝ ရှိနေဆဲ ဖြစ်ပြီး လုပ်လည်း လုပ်ဆောင်နိုင်ဖို့ ခြေစွမ်းမျိုး ရှိနေတယ် ဆိုတာ ငြင်းလို့ မရပါဘူး။ နယူးကာဆယ် ကတော့ ပြည်တွင်း ပြည်ပ ပြိုင်ပွဲစုံမှာ ဆုဖလား အောင်မြင်မှု ရဖို့ မရှိတော့တာကြောင့် ရာသီကုန်မှာ ဥရောပ ဝင်ခွင့် တစ်နေရာ ရရှိရေး အတွက် အားပြန်စိုက်ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မျှော်လင့်ချက်တော့ တော်တော်လေး နည်းပါးနေပါပြီ။

မန်စီးတီးဟာ လာမယ့် မတ်လ ကုန်မှာ အာဆင်နယ်နဲ့ အရေးပါတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရဖို့ ရှိပြီးတော့ နယူးကာဆယ် ကတော့ မတ်လ ၃၀ ရက်နေ့မှာ ဝက်စ်ဟမ်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်