နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဥရောပဝင်ခွင့်် တစ်နေရာ အရယူနိုင်ခဲ့တဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

ချဲလ်ဆီး ၂-၁ ဘုန်းမောက်

ချဲလ်ဆီး ကတော့ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲမှာ ဘုန်းမောက်ကို ၂-၁ ရလဒ်နဲ့ အနိုင်ယူပြီး ဥရောပဝင်ခွင့် တစ်နေရာ ရရှိခဲ့ပါတယ်။ လက်ရှိမှာ ချဲလ်ဆီးက ယူရိုပါကွန့်ဖရင့်လိဂ် ဝင်ခွင့်သာ ရရှိထားသေးပေမယ့် အကယ်၍ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာသာ မန်စီးတီးက ယူနိုက်တက်ကို အနိုင်ရခဲ့ရင် ချဲလ်ဆီးတို့ ယူရိုပါလိဂ် ဝင်ခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။

ဗီလာနဲ့ သရေကျပြီးနောက်ပိုင်း ကစားခဲ့တဲ့ ပွဲတွေမှာ ရလဒ်တွေ တောက်လျောက် ကောင်းလာခြင်းနဲ့ အတူ ဥရောပဝင်ခွင့်ပါ မျှော်လင့်လာနိုင်ခဲ့တဲ့ မော်ရီစီယို ပိုချက်တီနိုရဲ့ အသင်း ကတော့ သူတို့ မျှော်လင့်ထားသလို ဖြစ်လာခဲ့တယ်လို့ပဲ ဆိုရမှာပါ။ လက်ကျန် ပွဲစဉ် တစ်ပွဲ ကစားဖို့ ကျန်နေချိန် ကတည်းက ချဲလ်ဆီးဟာ ဥရောပဝင်ခွင့် တစ်နေရာရဖို့ သေချာသလောက် ရှိခဲ့ပြီး နောက်ဆုံး ပွဲမှာလည်း အမှားအယွင်းမရှိအောင် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးက ခံစစ်မှာ ရာသီကုန်ရင် နှုတ်ဆက်တော့မယ့် သီယာဂို ဆေးလ်ဗားကို ဘာဒီယာရှီးလ်နဲ့ တွဲဖက်ပေးခဲ့ပြီး ချာလိုဘာ၊ ကူကာရယ်၊ ဂယ်လာဟာ၊ ကိုင်စီဒို၊ ပါးလ်မား၊ စတာလင်၊ မူဒီကေး၊ ဂျက်ဆန် တို့နဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။ ဘုန်းမောက် ကလည်း သူတို့ရဲ့ Form မိနေတဲ့ အကောင်းဆုံး လူစာရင်းနဲ့ပဲ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာတင်ပဲ ဘုန်းမောက် နောက်ခံလူတွေနဲ့ ဂိုးသမားရဲ့ အမှားကနေ တဆင့် မွိုက်စ် ကိုင်စီဒိုက ကွင်းလယ်ကနေ တိုက်ရိုက် ဂိုးကန်သွင်းသွားပြီး ချဲလ်ဆီး အတွက် ဦးဆောင်ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ ဒီဂိုးဟာ ကိုင်စီဒိုရဲ့ ချဲလ်ဆီး အတွက် ပထမဦးဆုံး သွင်းဂိုးလည်း ဖြစ်ခဲ့ပြီး အီကွေဒေါသား အနေနဲ့ ဆံပင် အရောင် ချိန်းလိုက်ခြင်းနဲ့ အတူ ရာသီသိမ်းပွဲမှ တောက်ပပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဘုန်းမောက်က တန်ပြန် တိုက်စစ် ကနေ တဆင့် ချဲလ်ဆီး ခံစစ်ကို ခြိမ်းခြောက်မှု တချို့ ပြုလုပ်နိုင်ခဲ့ပေမယ့် ပိုချက်တီနိုရဲ့ အသင်း ကပဲ နောက်ထပ် ဦးဆောင်ဂိုး တစ်ဂိုး ထပ်မံရရှိသွားခဲပါတယ်။

ဒုတိယပိုင်း ပြန်စပြီး မကြာခင်မှာပဲ ရာဟင်းမ် စတာလင်က တောင်ပံ တလျှောက် တစ်ကိုယ်တော် ဆွဲပြေးပြီး ကန်သွင်းသွားခဲ့လို့ ချဲလ်ဆီးတို့ နှစ်ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ တစ်မိနစ် အကြာမှာတော့ ဘုန်းမောက်က ချေပဂိုး တစ်ဂိုး ပြန်သွင်းနိုင်ခဲ့ပြီး အူနဲလ်ရဲ့ ကန်ချက်က ခံစစ်မှာ အမှားများတတ်တဲ့ ဘာဒီယာရှီးလ်ရဲ့ ခြေထောက်နဲ့ ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာတော့ ချဲလ်ဆီးတို့ ဂူစတို၊ အူဂိုချူကဝူ၊ အန်ကွန်ကူ၊ ကာဆက်ဒီ တို့ကို ထည့်ပြီး အနိုင်ရလဒ်ကို ထိန်းဖို့ ကြိုးစားခဲ့တာကြောင့် ဘုန်းမောက်တို့ ဘယ်လိုမှ မတတ်နိုင်ပဲ ၂-၁ ရလဒ်နဲ့ပဲ အရှုံးပေးခဲ့ရပါတယ်။

ပွဲအပြီးမှာ ချဲလ်ဆီးက ရမှတ် ၆၃ မှတ်နဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်နဲ့ မန်စီးတီးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ရလဒ်ပေါ် မူတည်ပြီး ချဲလ်ဆီးတို့ ယူရိုပါလိဂ် ဝင်ခွင့် မျှော်လင့်ချက်လည်း ရှိနေဆဲ ဖြစ်ပါတယ်။ အကယ်၍ ယူနိုက်တက် အက်ဖ်အေဖလား ရခဲ့ရင်တော့ ချဲလ်ဆီးက ယူရိုပါကွန့်ဖရင့်လိဂ် ကစားရမှာ ဖြစ်ပြီး မန်စီးတီး ချန်ပီယံ ဖြစ်ရင်တော့ ချဲလ်ဆီးတို့ ယူရိုပါလိဂ် ကစားခွင့် ရရှိမှာ ဖြစ်ပါတယ်။

အိုင်ရာအိုလာရဲ့ ဘုန်းမောက် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် အရှုံးနဲ့ အတူ အဆင့် ၁၂ နေရာနဲ့ပဲ ရာသီသိမ်းနိုင်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်