နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ထိပ်တန်း ကလပ် အများစုနဲ့ ဆွေးနွေးခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ရဲ့ အေးဂျင့် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ကတော့ အသင်းဘက်ကသာ အလိုရှိရင် အိုးထရက်ဖို့ဒ် မှာပဲ ဆက်နေသွားမှာ ဖြစ်ကြောင်း အကြိမ်ကြိမ် ပြောကြားထားသူပါ။ ဒါပေမယ့်လည်း ဖာနန်ဒက်စ် အနေနဲ့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် ချဖို့ ပြင်ဆင်နေစဉ် အချိန် အတွင်းမှာပဲ အေးဂျင့် ဖြစ်သူ ကတော့ ထိပ်တန်း ကလပ် အများအပြားနဲ့ ဆွေးနွေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ 

ဒီသတင်းကိုတော့ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။ ရိုမာနိုရဲ့ ဖော်ပြချက် အရ ဖာနန်ဒက်စ်ရဲ့ အေးဂျင့် မီဂွဲလ် ပင်ဟိုဟာ မကြာသေးခင်ကပဲ ဥရောပတစ်ဝှမ်းမှာ ရှိတဲ့ ထိပ်တန်း ကလပ် အများအပြားနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပေါ်တူဂီ ကွင်းလယ် ကြယ်ပွင့်ဟာ ပရီးမီးယားလိဂ် ကလပ်နဲ့ စာချုပ်သက်တမ်း ၂ နှစ်သာ ကျန်ရှိနေပြီး တစ်နှစ် သက်တမ်းတိုးခွင့်တော့ ရှိပါတယ်။ လက်ရှိမှာ ဘရူနို ဖာနန်ဒက်စ် အနေနဲ့ အသင်းပြောင်းရွှေ့ဖွယ် ရှိကြောင်း ကောလာဟလတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့ပြီး ဆော်ဒီပရိုလိဂ် ကလပ်တွေ ကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဖာနန်ဒက်စ် ကိုယ်တိုင် ကတော့ သရဲနီ အဖြစ် ဆက်ရှိနေချင်ကြောင်း သူ့ရဲ့ ဆန္ဒကို အကြိမ်ကြိမ် ဖော်ပြထားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ သစ္စာရှိမှုနဲ့ တန်ဖိုးကို အသင်း တာဝန်ရှိသူတွေ ဘက်က သိမြင်ဖို့ လိုလားနေတယ်လို့လည်း သိရပါတယ်။

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်မှာ ဆက်ရှိချင်ပေမယ့် အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေဖို့ နောက်ဆုံး ဆုံးဖြတ်ချက်တော့ မချရသေးဘူးလို့ ရိုမာနိုက ဆက်လက် ဖော်ပြထားပါသေးတယ်။ တစ်ဖက်မှာလည်း ဖာနန်ဒက်စ်ရဲ့ ဆန္ဒက ရှင်းလင်းပေမယ့် ဆာဂျင်မ် ရက်ကလစ်ဖ်နဲ့ INEOs ရဲ့ သဘောထား ကလည်း မသေချာသေးဘူးလို့ သိရပါတယ်။

ယူနိုက်တက်ရဲ့ တွဲဖက် ပိုင်ရှင်သစ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ အသုံးစရိတ်ကို ကန့်သတ်ဖို့ ပြင်ဆင်နေပြီး ကစားသမား ရောင်းချမှု ကနေ တစ်ဆင့် ကစားသစ်တွေ ခေါ်ယူဖို့ ပြင်ဆင်ထားတာပါ။ ဒါကြောင့် အသင်းမှာ ရှိနေတဲ့ ကစားသမား တော်တော်များများကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး မိန်းနူး၊ ဟွိုက်ဂျ်လန်းနဲ့ ဂါနာချို တို့ကလွဲလို့ ဖာနန်ဒက်စ် ကိုတောင် ရောင်းထုတ်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ မရှိမဖြစ် ကစားသမားလို့ သတ်မှတ်ရမယ့် ဖာနန်ဒက်စ်ကို ရောင်းချရင်တော့ ပြောင်းရွှေ့ကြေး အမြောက်အမြား ရရှိနိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ်က ဖာနန်ဒက်စ်ကို ရောင်းထုတ်ပြီး သူတို့ လိုချင်တဲ့ ကစားသမားတွေ ခေါ်ယူရာမှာ အသုံးချမလား ဆိုတာ စိတ်ဝင်စားစရာပါ။

နောက်ဆုံး ရရှိတဲ့ သတင်းတွေမှာ ဆိုရင် ယူနိုက်တက်ဟာ ဘာစီလိုနာက ယာအို ဖီးလစ်ကို မေဆန် ဂရင်းဝုဒ်နဲ့ အလိုက်ပေး ခေါ်ယူဖို့ ပြင်ဆင်နေသလို အိုလစ်ဆီနဲ့ ဘရန့်ဝိတ်သ် ကိုလည်း ပေါင်သန်း ၁၀၀ တည်းနဲ့ အရ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ အသင်းကို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ ကြိုးစားနေတဲ့ ရက်ကလစ်ဖ်တို့ အုပ်စု အနေနဲ့ တစ်သင်းလုံး နီးပါး ပြင်ဆင်ရမှာ ဖြစ်တာကြောင့် ရာသီသစ်မှာ ဘယ်ကစားသမားတွေ ဆက်ရှိပြီး ဘယ်ကစားသမားတွေ ပြောင်းရွှေ့လာမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်