နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အလင်းရောင်ကွင်းမှာ ရှုံးပွဲ မရှိသေးတဲ့ ဆန်းဒါးလန်းကို လိဒ်စ်တို့ အသာရသွားနိုင်မလား | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဆန်းဒါးလန်း – လိဒ်စ်ယူနိုက်တက်

တနင်္ဂနွေနေ့ ညမှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲထဲက အစောပွဲ အဖြစ် ဆန်းဒါးလန်းနဲ့ လိဒ်စ်ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ တွေ့ဆုံချိန်တိုင်းမှာ အပြန်အလှန် ရှိတတ်တဲ့ ဒီနှစ်သင်းရဲ့ ဒီတစ်ကြိမ် အားပြိုင်မှုမှာ ဘယ်အသင်းက အသာရသွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

ဆန်းဒါးလန်းက ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ မန်စီးတီး ကိုသာ ရှုံးနိမ့်ထားပြီး ကျန်ပွဲတွေမှာ အမှတ်တွေ ယူထားနိုင်ပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရှိနေတဲ့ ဆန်းဒါးလန်းက ပြီးခဲ့တဲ့ နှစ်ပွဲမှာ နယူးကဆယ်ကို အနိုင်၊ ဘရိုက်တန်ကို သရေ ကစားထားတာ အားရစရာပါ။ ရီဂျစ် လီဘရစ်ရဲ့ အသင်းက တန်းတက် အသင်းပေမယ့် မထင်မှတ်ထားတဲ့ ခြေစွမ်းကောင်းတွေကို ပြသနေလို့ ဒီပွဲမှာလည်း မျှော်လင့်ထားချင်မိတာတော့ အမှန်ပါပဲ။ တစ်ခု ရှိတာက ဆန်းဒါးလန်းဟာ နောက်ဆုံး ၅ ပွဲမှာ ၅ ဂိုးသာ သွင်းယူထားနိုင်ပြီး တိုက်စစ် အားနည်းနေတာ တွေ့ရပါတယ်။ ဂိုးသမား ရော်ဘင် ရိုအက်ဖ်က ပရီးမီးယားလိဂ်မှာ တစ်ပွဲကို ၃.၅ ဂိုး ကာကွယ်မှု ပြုလုပ်နိုင်ခဲ့ပြီး ဒုတိယနေရာမှာ ရှိနေပါတယ်။

ဒန်နီရယ် ဖာကီရဲ့ လိဒ်စ်ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားပြီး နောက်ဆုံး ၄ ပွဲဆက် မရှုံးထားပါဘူး။ လိဒ်စ်က အဲဒီ ၄ ပွဲမှာ ချဲလ်ဆီးနဲ့ ပဲလေ့စ်ကို ဂိုးပြတ် အနိုင်ယူပြီး လစ်ဗာပူးလ်နဲ့ ဘရန့်ဖို့ဒ်ကို သရေကစားခဲ့တာက တကယ့်ကို အထင်ကြီးစရာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လိဒ်စ်က ဒီရာသီ အဝေးကွင်းမှာ နိုင်ပွဲ ၁ ပွဲသာ ရထားပြီးတော့ သရေ ၁ ပွဲ၊ ရှုံးပွဲ ၆ ပွဲ အထိ ရှိထားပါတယ်။ အချက်အလက်တွေ အရ ဆိုရင် လိဒ်စ်က နောက်ဆုံး ၅ ပွဲမှာ ၁၃ ဂိုး သွင်းယူခဲ့ပြီး တစ်ပွဲကို ပျမ်းမျှ ၂.၆ ဂိုး အထိ ရရှိထားပါတယ်။ လိဒ်စ်ဟာ ၂၀၀၁-၂၀၀၂ ဘောလုံးရာသီ နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် အိမ်ကွင်း ၃ ပွဲ ဆက်တိုက် ၃ ဂိုး သို့မဟုတ် ၃ ဂိုးထက် ပိုသွင်းထားနိုင်တာ ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

ဆန်းဒါးလန် ကစားသမား တော်တော်များများ အာဖရိကဖလားပြိုင်ပွဲ သွားရောက် ကစားဖို့ ရှိနေတာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။ ဒီပွဲကိုတော့ ဒီယားရား၊ ထရာအိုရေး၊ တဲလ်ဘီ၊ ဆာဒီကီ၊ မာဆူအာကူ၊ ရိန်နီလ်ဒို တို့ လွဲချော်မှာ ဖြစ်သလို လု့ခ် အိုနီယန် (ပွဲပယ်)၊ အလက်ဆီ ကတော့ ပုခုံး ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။

လိဒ်စ်ယူနိုက်တက် ဘက်မှာတော့ ရှောင် လောင်းစတက်ဖ်၊ ဒန်ဂျိမ်းစ်၊ မီချာ တို့ လွဲချော်ပါမယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ဒန်နီရယ် ဖာကီရဲ့ လိဒ်စ်ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားပြီး နောက်ဆုံး ၄ ပွဲဆက် မရှုံးထားပါဘူး။
ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲ ကနေ ရုန်းထွက်ထားနိုင်တဲ့ လိဒ်စ်ယူနိုက်တက်

ဆန်းဒါးလန်း – ရိုအက်ဖ်၊ မူကီလီ၊ ဘဲလ်လက်ဒ်၊ အဲလ်ဒါရီတီ၊ ဟူမီ၊ ချာကာ၊ ဂီအာထရူအီဒါ၊ ရစ်ဂ်၊ လီဖီး၊ အက်ဒင်ဂရာ၊ ဘရော့ဘီ၊ 

လိဒ်စ်ယူနိုက်တက် – ပါရီ၊ ရွန်ဒွန်၊ ဘီဂျိုးလ်၊ စထရောက်ခ်၊ ဘိုဂဲလ်၊ အာရွန်ဆင်၊ အမ်ပါဒူ၊ စတက်ချ်၊ ဂတ်ဒ်မန်ဆန်၊ ကဲလ်ဗတ်လီဝင်း၊ အိုကာဖော

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

နောက်ဆုံး တွေ့ဆုံမှု ၇ ကြိမ်မှာ ၂ ကြိမ်စီ အနိုင်ရထားပြီး ၃ ကြိမ် သရေကျထားပါတယ်။ ပရီးမီးယားလိဂ် မှာတော့ အချိန်တော်ကြာမှ ပြန်လည် တွေ့ဆုံနေတာ ဖြစ်ပြီး အလင်းရောင်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၄ ပွဲမှာ ဆန်းဒါးလန်းက ၂ ကြိမ်၊ လိဒ်စ်က ၁ ကြိမ် အနိုင်ရထားကာ ၁ ကြိမ် သရေကျထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဆန်းဒါးလန်း နိုင်ရင်၂.၇၀ ဆ၊ လိဒ်စ်ယူနိုက်တက် နိုင်ရင် ၂.၇၅ ဆ၊ သရေ ဆိုရင်တော့ ၃.၂၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးလောက်ပဲ ပေါက်နေပြီး ဂိုးပေါင်းကြေး ကလည်း ပုံမှန်ပါပဲ။  မကြာသေးမီ ရက်သတ္တပတ်တွေ အတွင်း လိဒ်စ်ယူနိုက်တက်ရဲ့ ခြေစွမ်း တိုးတက် ကောင်းမွန်လာမှုကြောင့် ဆန်းဒါးလန်း အတွက် ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လာနိုင်ပါတယ်။ ၅ ပွဲဆက် ဂိုးသွင်းထားနိုင်တဲ့ ဒေါမနစ် ကဲလ်ဗက် လီဝင်း ဦးဆောင်တဲ့ တိုက်စစ် ကလည်း ဂိုးမြူးနေလို့ ဆန်းဒါးလန်း ခံစစ်က အနည်းငယ် သတိထားဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်လည်း အိမ်ကွင်း ရှုံးပွဲ လုံးဝ မရှိသေးတဲ့ ဆန်းဒါးလန်း ကိုပဲ အပြည့်အဝ ယုံကြည်ထားချင်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေနဲ့ အိမ်ရှင် အသင်း ကပ်နိုင်သွားမယ့် ပွဲပါ။

ခန့်မှန်းရလဒ်

ဆန်းဒါးလန်း ၂-၁ လိဒ်စ်ယူနိုက်တက်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်