နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တစ်မှတ်စီ ခွဲယူခဲ့ရလို့ ထိပ်ဆုံးက မန်စီးတီးနဲ့ အမှတ် ထပ်ပြတ်သွားခဲ့ပြန်တဲ့ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ချဲလ်ဆီး ၂-၂ လစ်ဗာပူးလ

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂နဲ့ ၃ နေရာမှာ ရပ်တည်နေတဲ့ နှစ်သင်းရဲ့ ပြိုင်ဆိုင်မှု ဖြစ်လို့ တော်တော်လေး အကြိတ်အနယ် ရှိခဲ့ပြီး အပြန်အလှန် သွင်းဂိုးတွေလည်း မြင်တွေ့ခဲ့ရပါတယ်။ လစ်ဗာပူးလ် အနေနဲ့ ပွဲအစပိုင်းမှာ ၂ ဂိုးပြတ် ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ချဲလ်ဆီးရဲ့ ချေပဂိုး တွေကို ဆက်တိုက် ပြန်လည် ခွင့်ပြုပေးခဲ့ရလို့ စတန်းဖို့ဒ်ဘရစ်ချ် ကနေ ၁ မှတ်သာ ခွဲယူပြီး ပြန်ခဲ့ရတာလည်း ဖြစ်ပါတယ်


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ နှစ်သင်းလုံး ပုံမှန် အသုံးပြုနေကျ ကစားကွက် ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပေမယ့် အဓိက ကစားသမား တချို့ ကတော့ ဒဏ်ရာပြသနာ ကိုယ်စီကြောင့် လွဲချော်ခဲ့ကြပါတယ်။ ချဲလ်ဆီး ဘက်မှာ တီမိုဗာနာ၊ လော့ဖ်တပ်ချိခ်၊ ရိစ်ဂျိမ်းစ်၊ ချေးလ်ဝဲလ်၊ ခရစ္စတန်ဆန်တို့ မပါခဲ့သလို လစ်ဗာပူးလ် ဘက်မှာလည်း ပွဲပယ် ပြစ်ဒဏ် ထိထားတဲ့ အန်ဒရူး ရော်ဘတ်ဆန်၊ ကိုဗစ် ၁၉ ကူးစက်ခံထားရတဲ့ ဖေမီနို၊ မာတစ်ပ်၊ အလီဆွန် ဘေကာ အပါအဝင် ကစားသမား ၁၀ ဦးလောက် ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိခဲ့တာ တွေ့ရပါတယ်။

စီးရီးအေ
အေစီမီလန်
ရိုးမား
1X2 ရိုးမား @ 3.65
အေစီမီလန် ပထမပိုင်း အာရှ ဟန်းဒီးကပ် -0.25 @ 2.13
ဂိုးပေါ် 3.00 @ 2.13
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အိမ်ရှင် ချဲလ်ဆီးတို့ ထုံးစံ အတိုင်း ပွဲအစပိုင်းမှာ တော်တော်လေး အထနှေးခဲ့လို့ ဧည့်သည် လစ်ဗာပူးလ်တို့ စိတ်ကြိုက် တိုက်စစ်ဆင် ကစားနိုင်ခဲ့ပြီး ပွဲကစားချိန် မိနစ် ၃၀ မကျော်ခင် မှာပဲ ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၉ မိနစ်မှာ ချာလိုဘာ့ရဲ့ အမှားကနေ တစ်ဆင့် ဆာဒီယို မာနေးက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ၂၆ မိနစ် မှာတော့ ထရန့်အလက်ဇန္တား အာနိုးလ်ရဲ့ ပေးပို့မှု ကနေ မိုဟာမက် ဆာလာက ဒုတိယဂိုးကို သွင်းယူ‌ပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် မှာတော့ ချဲလ်ဆီးတို့ ကစားပုံ ပြန်ကောင်းလာခဲ့လို့ လစ်ဗာပူးလ် ဘက်ကို အချိတ်အဆက် မိမိနဲ့ ပြန်လည် ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပွဲချိန် ၄၂ မိနစ်နဲ့ ၄၅ မိနစ် တို့မှာ ကိုဗာချစ်နဲ့ ခရစ္စတီယန် ပူလီဆစ်ခ် တို့က ချေပဂိုး ၂ ဂိုးဆက် သွင်းယူပေးခဲ့တာကြောင့် ၂-၂ ရလဒ် ဖြစ်သွားခဲ့ပါတယ်။

ဒုတိယပိုင်း မှာလည်း အပြန်အလှန် ရှိခဲ့ပြီး မားကို့စ် အလွန်ဆိုရဲ့ အပိုင်ကန်ချက် ဂိုးဘားတန်း ပေါ်ကနေ ကျော်သွားခဲ့သလို မိုဟာမက် ဆာလာရဲ့ ကန်ချက် ကိုလည်း ချဲလ်ဆီး ဂိုးသမား မန်ဒီ အကောင်းဆုံး ကာကွယ်နိုင်ခဲ့တာကြောင့် သွင်းဂိုးတွေ ထပ်မံ မြင်တွေ့ရခြင်း မရှိတော့ပဲ ၂-၂ ရလဒ် နဲ့ပဲ သရေပွဲကို ဦးတည်သွားခဲ့ပါတယ်။


ပွဲပြီးအချက်အလက်များ

လိဒ်စ်ယူနိုက်တက်နဲ့ ပွဲကျန် ၁ ပွဲ ကစားဖို့ ကျန်နေသေးတယ် ဆိုပေမယ့် အဲ့ဒီပွဲမှာ အနိုင်ရခဲ့မယ် ဆိုရင်တောင် မန်စီးတီးနဲ့ ၈ မှတ် အထိ ကွာဟနေဦးမှာ ဖြစ်လို့ ပရီးမီးယားလိဂ် ချန်ပီယံဆု မျှော်လင့်ချက် ကတော့ ဝေဝါးစပြုလာပြီလို့ ပြောလို့ ရပါတယ်။
ပရီးမီးယားလိဂ် ပွဲကျန် ၁ ပွဲ ကစားဖို့ ကျန်ပြီး လက်ရှိ အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ လစ်ဗာပူးလ်

ဒီနေ့ပွဲမှာ နှစ်သင်းလုံး လိုအပ်နေတဲ့ အနိုင် ၃ မှတ် အတွက် ရေကုန် ရေခမ်း ကစားသွားခဲ့ကြလို့ အပြန်အလှန် သွင်းဂိုးတွေနဲ့ ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာ လစ်ဗာပူးလ်ရဲ့ ပုံစံကောင်း တစ်ခုကို မြင်တွေ့ခဲ့ရသလို ပွဲချိန် ကြာလာတာနဲ့ အမျှ ချဲလ်ဆီးရဲ့ တိုက်ပွဲဝင်စိတ် အပြည့်နဲ့ ကစားပုံကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ခြုံငုံ သုံးသပ်ရရင် နှစ်သင်းလုံး အတွက် သရေ ၁ မှတ်ဟာ မတန်ခဲ့ပေမယ့် ကြည့်ရှုသူ ပရိသတ်တွေ အတွက် ကတော့ စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲကို ကြည့်ရှုခဲ့ရတာကြောင့် တန်တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

သရေ ရလဒ်ကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယ နေရာက ချဲလ်ဆီးနဲ့ ထိပ်ဆုံးက မန်စီးတီးတို့ အကြား ရမှတ် ကွာဟချက် ၁၀ မှတ် အထိ ရှိသွားခဲ့သလို လစ်ဗာပူးလ်နဲ့ ကလည်း ၁၁ မှတ် အထိ ကွာဟ သွားခဲ့ရပါတယ်။ လစ်ဗာပူးလ် ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ အက်စတွန်ဗီလာနဲ့ နယူးကာဆယ် တို့ကိုသာ အနိုင်ရခဲ့ပြီး လက်စတာစီးတီးကို ရှုံးနိမ့်ခဲ့သလို ချဲလ်ဆီးနဲ့ စပါး ကိုတော့ သရေကျခဲ့တာ ဖြစ်ပါတယ်။ လိဒ်စ်ယူနိုက်တက်နဲ့ ပွဲကျန် ၁ ပွဲ ကစားဖို့ ကျန်နေသေးတယ် ဆိုပေမယ့် အဲ့ဒီပွဲမှာ အနိုင်ရခဲ့မယ် ဆိုရင်တောင် မန်စီးတီးနဲ့ ၈ မှတ် အထိ ကွာဟနေဦးမှာ ဖြစ်လို့ ပရီးမီးယားလိဂ် ချန်ပီယံဆု မျှော်လင့်ချက် ကတော့ ဝေဝါးစပြုလာပြီလို့ ပြောလို့ ရပါတယ်။ ချဲလ်ဆီး ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပေမယ့် ထိပ်ဆုံး မန်စီးတီးနဲ့ ၁၀ မှတ် အထိ ကွာဟနေပြီ ဖြစ်လို့ လစ်ဗာပူးလ် ထက်တောင် မျှော်လင့်ချက် ပိုနည်းနေသေးတယ်လို့ ပြောလို့ ရပါတယ်။


လာမယ့်ပွဲစဉ်များ

လစ်ဗာပူးလ်တို့ လာမယ့် ဇန်နဝါရီလ ၇ ရက်နေ့မှာ အာဆင်နယ်နဲ့ ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ပွဲစဉ် ကစားဖို့ ရှိသလို ချဲလ်ဆီး ကတော့ တော့တင်ဟမ်ဟော့စပါးနဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်