နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပါးလ်မားရဲ့ တောက်ပမှုနဲ့ ယူနိုက်တက်ကို အသဲခွဲခဲ့တဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

ချဲလ်ဆီး ၄-၃ မန်ချက်စတာယူနိုက်တက်

  ဒီကနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ ကတော့ နောက်ဆုံး မိနစ်တွေ အထိ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်ခဲ့ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ခဲ့ရပြီး ကိုးလ်ပါးလ်မားရဲ့ တောက်ပမှုကြောင့် ချဲလ်ဆီးတို့ ယူနိုက်တက်ကို ၄-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ချဲလ်ဆီးက ၄-၂-၃-၁ အခင်းအကျင်းနဲ့ အတူ ပက်ထရိုဗစ်၊ ဒီယာဆီ၊ ဘာဒီယာရှီးလ်၊ ကူကာရယ်လာ၊ ဂူစတို၊ အန်ဇို၊ ကိုင်စီဒို၊ ဂယ်လာဟာ၊ မူဒရစ်ခ်၊ ပါးလ်မား၊ ဂျက်ဆန် တို့ကို ပွဲထုတ်လာခဲ့ပါတယ်။ ယူနိုက်တက် ကလည်း ၄-၂-၃-၁ နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီးတော့ အိုနာနာ၊ ဗာရန်း၊ မက်ဂွိုင်းယား၊ ဘစ်ဆာခါ၊ ဒါးလော့တ်၊ ကက်စမဲရိုး၊ မိန်းနူး၊ ဖာနန်ဒက်စ်၊ ဂါနာချို၊ အန်တိုနီ၊ ဟွိုက်ဂျ်လန်းတို့ ပွဲထွက်ခဲ့ပါတယ်။ 

ပထမပိုင်းမှာ ဧည့်သည် ယူနိုက်တက်က ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ချဲလ်ဆီးက ဂယ်လာဟာ၊ ပါးလ်မား (ပင်နယ်တီ) တို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂါနာချိုနဲ့ ဖာနန်ဒက်စ် တို့က မိနစ် ၃၀ ကျော်မှာ ချေပဂိုးတွေ ပြန်သွင်းသွားခဲ့လို့ ပထမပိုင်း အပြီးမှာ ၂-၂ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ယူနိုက်တက်တို့ အနိုင်ဂိုးရရှိနိုင်ဖို့ အတော်လေး ကြိုးစားခဲ့ကြသလို ချဲလ်ဆီးရဲ့ ကစားအား ကျလာမှု ကိုလည်း အကောင်းဆုံး အခွင့်အရေးယူနိုင်ခဲ့ကြပါတယ်။ ဒုတိယပိုင်းမှာ ယူနိုက်တက်ဟာ ပထမပိုင်းကထက် ချဲလ်ဆီး ဘက်ကို ပိုမိုဖိအားပေးနိုင်ခဲ့ပြီး အနိုင်ရဖို့ လက်တစ်ကမ်း အကွာကို ရောက်ခဲ့ပေမယ့် အချိန်ပိုမှာ ပင်နယ်တီနဲ့ ပယ်လ်မားရဲ့ မြန်ဆန်တဲ့ သွင်းဂိုး နှစ်ဂိုးကို ဆက်တိုက်ဆိုသလို ခွင့်ပြုပေးလိုက်ရတာကြောင့် အနိုင်ကနေ အရှုံးရလဒ်နဲ့သာ ရင်ဆိုင်သွားခဲ့ရတာ ဖြစ်ပါတယ်။

ချဲလ်ဆီး အတွက် တောက်လျောက် ခြေစွမ်းပြခဲ့တဲ့ ကိုးလ်ပါးလ်မားဟာ ဒီနေ့ပွဲမှာလည်း အရေးပါတဲ့ ကစားသမား ဖြစ်ခဲ့ပြီး ဟက်ထရစ်လည်း ရခဲ့ပါတယ်။ သူ့ရဲ့ ဟက်ထရစ်မှာ ပင်နယ်တီ သွင်းဂိုး ၂ ဂိုး ပါဝင်ခဲ့ပေမယ့်လည်း တစ်ဦးချင်း စွမ်းဆောင်ရည် အရလည်း ကျန်ကစားသမား အားလုံးထက် သာလွန်ကောင်းမွန်ခဲ့တာ တွေ့ရပါတယ်။ ယူနိုက်တက်နဲ့ ပွဲမှာ ဟက်ထရစ် သွင်းခဲ့ပြီးနောက် ကိုးလ် ပါးလ်မားရဲ့ ဒီရာသီ ပြိုင်ပွဲစုံ ဂိုးပါဝင်ပတ်သက်မှုက ၃၃ ကြိမ် အထိ ရှိလာပါတယ်။ ကိုယ်တိုင်၂၁ ဂိုးသွင်းပြီး အသင်းဖော်တွေကို ၁၂ ဂိုး ဖန်တီးပေးနိုင်ခဲ့တာပါ။ လက်ရှိ အင်္ဂလန် ကစားသမားတွေ ထဲမှာ သူ့ထက် ဂိုးပါဝင်ပတ်သက်မှု ပိုများတာ ဟယ်ရီကိန်း တစ်ယောက်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

အရေအတွက် ထက် ပိုအရေးကြီးတာ ကတော့ သူ့ရဲ့ သွင်းဂိုးတွေရဲ့ အရေးပါမှု ဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး နိုင်ပွဲ ၅ ပွဲဟာ ကိုးလ် ပါးလ်မားကြောင့် ရခဲ့တာ ဖြစ်ပါတယ်။ ပါးလ်မားရဲ့ သွင်းဂိုးတွေ၊ ဖန်တီးမှုတွေ မပါဝင်ရင် ချဲလ်ဆီးတို့ နိုင်ပွဲ မရနိုင်ပါဘူး။ အဓိပ္ပါယ်ရှိတဲ့ တိုက်စစ် လမ်းကြောင်းတွေကို စတင်ပုံဖော်ဖို့၊ အဆုံးသတ် ဂိုးတွေသွင်းဖို့ ဆိုတဲ့ ကဏ္ဍနှစ်ရပ်စလုံး အတွက် ပါးမားဟာ မရှိမဖြစ် အရေးပါလာပြီး ချဲလ်ဆီး အတွက် တန်ဖိုး ရှိတဲ့ ကျောက်ရိုင်း တစ်ပွင့် ပိုင်ဆိုင်လိုက်ရသလိုပါပဲ။

ချဲလ်ဆီးဟာ အခု နိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာကို ပြန်ရောက်လာခဲ့ပြီး ယူနိုက်တက် ကတော့ အဆင့် ၆ နေရာမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ 

ဒီပွဲပြီးရင်တော့ ယူနိုက်တက်က နောက်ထပ် နှစ်ရက်အကြာမှာ အင်္ဂလန် ဒါဘီ အဖြစ် လစ်ဗာပူးလ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီး ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ဆုံးက ရှက်ဖီးလ်ယူနိုက်တက်နဲ့ လွယ်ကူတဲ့ ပွဲစဉ် ဆက်လက် ကစားရမှာပါ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်