အာဂျင်တီးနားတောင်ပံတိုက်စစ်ကြယ်ပွင့်အလက်ဟန်ဒရိုဂါနာချိုကတော့ဒီဆောင်းရာသီမှာမန်ချက်စတာယူနိုက်တက်ကနေထွက်ခွာနိုင်ဖွယ်ရှိကြောင်းသတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။ဒီကစားသမားကိုဥရောပထိပ်တန်းကလပ်တော်တော်များများကမျက်စိကျနေပြီးတော့ဒီထဲမှာပရီးမီးယားလိဂ်ကလပ်ချဲလ်ဆီးလည်းအပါအဝင်ဖြစ်ပါတယ်။
လက်ရှိမှာချဲလ်ဆီးကယူနိုက်တက်တောင်ပံကစားသမားဂါနာချိုကိုခေါ်ယူဖို့ပြင်ဆင်နေပြီးတော့တရားဝင်ကမ်းလှမ်းမှုတစ်ခုပြုလုပ်သွားဖွယ်ရှိနေတယ်လို့သိရပါတယ်။လက်တလောချဲလ်ဆီးရဲ့တိုက်စစ်လူစာရင်းမှာနီကိုးလပ်စ်ဂျက်ဆင်၊ခရစ္စတိုဖာအန်ကွန်ကူ၊မာဒူခေး၊ယာအိုဖီးလစ်၊ပက်ဒရိုနီတို၊မာ့ခ်ဂူအီနဲ့ဂျေဒန်ဆန်ချိူတို့ရှိနေပါတယ်။ဆန်ချိုဆိုရင်ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကမှယူနိုက်တက်ကနေအငှား + အပြီးသတ်ခေါ်ယူခွင့်နဲ့ရောက်ရှိလာသူဖြစ်ပြီးချဲလ်ဆီးရဲ့တိုက်စစ်အင်အားကတော်တော်လေးကိုတောင့်တင်းနေတာဖြစ်ပါတယ်။
ဒါကြောင့်နည်းပြအန်ဇိုမာရက်စ်ကာကိုယ်တိုင်ကလည်းလက်ရှိဆောင်းရာသီဈေးကွက်မှာတိုက်စစ်ကစားသမားသစ်ခေါ်ယူသွားဖို့မရှိကြောင်းမကြာသေးခင်ကပဲပြောကြားထားပါတယ်။ဒါပေမယ့်အခုနောက်ဆုံးရရှိတဲ့သတင်းတွေအရချဲလ်ဆီးကဂါနာချိုကိုခေါ်ယူမယ်ဆိုပြီးသတင်းတွေဆက်တိုက်ထွက်ပေါ်နေတာဖြစ်ပါတယ်။ဒါ့အပြင်ချဲလ်ဆီးကဆောင်းရာသီဈေးကွက်မှာအသင်းမှာပုံမှန်ပွဲထွက်ခွင့်မရလို့မကျေမနပ်ဖြစ်နေတဲ့အန်ကွန်ကူကိုဘေယန်မြူးနစ်သို့မဟုတ်ပီအက်စ်ဂျီထံပြောင်းရွှေ့ခွင့်ပြုဖွယ်ရှိနေတာဖြစ်ပါတယ်။ဒါကြောင့်ချဲလ်ဆီးကအန်ကွန်ကူကိုလက်လွှတ်ခဲ့ရရင်တော့တိုက်စစ်ပိုင်းအတွက်အင်အားပြန်လည်ဖြည့်တင်းဖို့လိုအပ်သွားပြီးဂါနာချိုကိုကြိုးပမ်းနေတာဖြစ်ပါတယ်။ချဲလ်ဆီးကအစောပိုင်းမှာဘေယန်မြူးနစ်ကမက်သီတဲလ်ကိုချဉ်းကပ်ခဲ့သေးပေမယ့်အဆင်မပြေတာကြောင့်ယူနိုက်တက်မှာအဆင်မပြေတဲ့ဂါနာချိုကိုပြောင်းလဲပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။
ဂါနာချိုကတော့အသက်၂၀အရွယ်သာရှိနေသေးပြီးတော့အနာဂတ်မှာတောက်ပလာနိုင်ချေရှိတဲ့ကစားသမားလည်းဖြစ်ပါတယ်။ဒါပေမယ့်လည်းအာဂျင်တီးနားသားလေးကနည်းပြရူဘင်အမော်ရင်လက်ထက်မှာယူနိုက်တက်အတွက်ခြေစွမ်းပြဖို့ရုန်းကန်နေရကာမန်ချက်စတာစီးတီးနဲ့ပွဲမှာလူစာရင်းကနေချန်လှပ်ခံရသလိုနောက်ဆုံး၅ပွဲဆက်ပထမလူစာရင်းမှာပါဝင်ခွင့်မရခဲ့ပါဘူး။အခုနောက်ပိုင်းပွဲစဉ်တွေမှာတော့အမော်ရင်ကဂါနာချိုကိုခပ်စိပ်စိပ်ပြန်လည်အသုံးပြုလာပေမယ့်ကစားသမားရဲ့အနာဂတ်ကအခုထိလှုပ်ခတ်နေဆဲဖြစ်ပါတယ်။
ဂါနာချိုကိုစီးရီးအေကလပ်နာပိုလီနည်းပြအန်တိုနီယိုကွန်တီကလည်းတော်တော်လေးမျက်စိကျနေပြီးတော့အသင်းကကမ်းလှမ်းမှုတွေလည်းပြုလုပ်ခဲ့ပါတယ်။ဒါပေမယ့်လည်းနာပိုလီရဲ့ကမ်းလှမ်းမှုကပရီးမီးယားလိဂ်ကလပ်လိုချင်တဲ့ပမာဏနဲ့ကွာဟနေတာကြောင့်အပြောင်းအရွှေ့မဖြစ်ခဲ့တာပါ။အခုနောက်ဆုံးမှာတော့နာပိုလီကဂါနာချိုအစားဒေါ့မန်ကအဒီယီမီကိုပြောင်းလဲပစ်မှတ်ထားသွားခဲ့တာကြောင့်ပရီးမီးယားလိဂ်ကလပ်ချဲလ်ဆီးပိုပြီးအခွင့်အရေးရသွားတာဖြစ်ပါတယ်။နောက်ဆုံးရရှိတဲ့သတင်းတွေအရတော့ဂါနာချိုကိုချဲလ်ဆီးကပြောင်းရွှေ့ကြေးပေါင်သန်း၆၀လောက်နဲ့ကမ်းလှမ်းသွားဖို့ရှိနေတယ်လို့သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.