နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဇယားထိပ်မှာဆက်လက်ရပ်တည်နိုင်ရေးအတွက် အားစိုက်လာဦးမယ့် မန်စီးတီး| မန်ချက်စတာစီးတီး – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

ပြီးခဲ့တဲ့ ကြားရက်မှာချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပွဲကောင်းတွေကစားသွားခဲ့ပြီးလာမယ့် စနေနေ့နဲ့ တနင်္ဂနွေနေ့ မှာလည်းပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဥရောပအမှတ်ပေးပွဲစဉ်တွေကိုဆက်လက် အားပေးကြရဦးမှာဖြစ်ပါတယ်။အဲ့ဒီပွဲတွေထဲကမှ မန်စီးတီးနဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကတော့ စနေနေ့ ည ၇ နာရီမှာယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

လာလီဂါ
ဗလင်စီယာ
အယ်လ်ချီ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ပပ်ဂွာဒီယိုလာရဲ့ မန်စီးတီးကတော့ ချီးကျူးကာမှ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမှာလိုက်ပ်ဇစ်ကိုရှုံးပြီးပြိုင်ပွဲစုံနိုင်ပွဲဆက်မှုပုံစံကောင်းတစ်ခုရပ်တန့်ခဲ့ရပါတယ်။ လိုက်ပ်ဇစ်ရဲ့ ရုန်းအားကြောင့်သာရှုံးပွဲတွေ့ခဲ့ရတာဖြစ်ပြီးမန်စီးတီးတို့ ပရီးမီးယားလိဂ်မှာနိုင်ပွဲပြန်ရှာဖို့ ကျိန်းသေပေါက် အာရုံစိုက်လာပါလိမ့်မယ်။ အမှတ်ပေးဇယားကိုဆက်လက် ဦးဆောင်နိုင်ရေးတဖြည်းဖြည်းနဲ့ အမှားခံလို့ မရတဲ့ အချိန်ကိုရောက်လာပြီဖြစ်တာကြောင့်လည်းဂွာဒီယိုလာအနေနဲ့ နည်းဗျူဟာပိုင်းရော၊ လူစာရင်းကိုပါ သေချာပြင်ဆင်ပြီးပွဲထွက်လာဖွယ် ရှိနေပါတယ်။ နောက်ပိုင်းရာသီတွေမှာဝုဗ်ဟာမန်စီးတီးအတွက် ခက်ခဲတဲ့ ပြိုင်ဘက် မဟုတ်တော့ပေမယ့် ပေါ့ဆမိရင်တော့ ဂွာဒီယိုလာတို့ အုပ်စုအနေနဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲတုန်းကလိုမျိုးရမှတ် ဆုံးရှုံးသွားရနိုင်ချေတော့ ရှိနေပါတယ်။ ထုံးစံအတိုင်းမန်စီးတီးတို့ ၄-၃-၃ နဲ့ကိုမှ Pressing Game ကစားပြီးနေရာစုံကနေဂိုးရဖို့ ကြိုးပမ်းလာဖို့ ရှိပါတယ်။ တိုက်စစ်မှာဂရီးလစ်ရှ် ပြန်ပါလာလို့ ကစားပုံပိုကောင်းလာခဲ့ပေမယ့် လိုက်ပ်ဇစ်နဲ့ ပွဲမှာဒဏ်ရာရသွားခဲ့တဲ့ဖေးလ်ဖိုဒန် ကတော့ အခုပွဲကိုလွဲချော်မှာဖြစ်ပါတယ်။ ဒါပေမယ့် အခုနှစ် ဘောလုံးရာသီမှာခြေစွမ်းပြနေတဲ့ ဘာနာဒိုဆေးလ်ဗားရှိနေသေးတာကြောင့် ဂွာဒီယိုလာအတွက်တော့ ခေါင်းခဲစရာမဟုတ်ပါဘူး။အဓိကကတော့ ခံစစ် ကနေတိုက်စစ် ကူးပြောင်းတာမြန်တဲ့ ဝုဗ်ရဲ့ တောင်ပံနဲ့ ကွင်းလယ်ကိုသတိထားထိန်းချုပ်နိုင်ရင် ရပါပြီ။ အဲ့ဒီအတွက် ကလည်းရိုဒရီ၊ ဂွန်ဒိုအန်၊ ဒီဘရိုင်းနား၊ ကန်ဆယ်လို၊ ဒီးရာ့စ် တို့ကိုယုံကြည်ထားလို့ ရနေတာကြောင့် မလုပ်ရင် မန်စီးတီးတို့အမှားကြီးကြီးမားမားမလုပ်ရင် Clean Sheet နိုင်ပွဲတောင် ရသွားနိုင်ဖွယ် ရှိနေပါတယ်။

ဝုဗ်ကတော့ပရီးမီးယားလိဂ်မှာတောက်လျောက်ရလဒ်တွေကောင်းနေခဲ့ပြီးမှနောက်ဆုံးကစားခဲ့တဲ့၃ပွဲဆက်နိုင်ပွဲပျောက်ဆုံးထားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၈ နေရာမှာရပ်တည်နေတဲ့ ဝုဗ်

ဝုဗ် ကတော့ ပရီးမီးယားလိဂ်မှာတောက်လျောက် ရလဒ်တွေကောင်းနေခဲ့ပြီးမှ နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားခဲ့ပါတယ်။ အမြဲတမ်းပြောခဲ့သလိုပဲဘရူနိုလာဂါရဲ့ အသင်းဟာအရည်အသွေးရှိကစားသမားတွေတပုံတပင် ပိုင်ဆိုင်ထားပေမယ့် ပွဲဆက် များလာတာနဲ့ အမျှ အမှားလည်းများလာတတ်ပြီးတိုက်စစ်ကဂျင်မီနက်ဇ်နဲ့ ဟီချန်ဟွမ် ခြေစွမ်းမပြနိုင်တဲ့ ပွဲဆိုရင် ရလဒ်ဆိုးနေတာတွေ့နေရပါတယ်။နောက်တစ်ချက်ကဝုဗ်ဟာပွဲချိန်ပြည့် ဖိအားပေးကစားတတ်တဲ့ ပြိုင်ဘက်နဲ့ တွေ့ရင် ရုန်းကန်ရလေ့ရှိပြီးအနီးစပ်ဆုံးခရစ္စတယ်ပဲလေ့စ်နဲ့ လစ်ဗာပူးလ်ကိုရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေမှာပြန်ကြည့်ရင် တွေ့နိုင်ပါတယ်။ ဒါ့အပြင် ခံစစ်ကကိုနာကိုဒီနဲ့ နိုရီတို့ အချိန်မီကြံ့ခိုင်မှုမပြည့်ဝရင် ခံစစ်ပိုင်းမှာပါ အားနည်းချက် ရှိလာနိုင်လို့ ဘရူနိုလာဂါ အနေနဲ့ မန်စီးတီးကိုဘယ်လိုပုံစံနဲ့ ရင်ဆိုင်မလဲဆိုတာစောင့်ကြည့်ရပါမယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံထားခဲ့တဲ့ ၁၂၄ ကြိမ်မှာမန်စီးတီးကအကြိမ် ၅၀ အနိုင်ရပြီးဝုဗ် က ၄၉ ကြိမ် ပြန်လည် အနိုင်ရထားတာတွေ့ရပါတယ်။ ဒါကိုကြည့်ရင် အစဉ်အလာအရကွာဟမှုသိပ်မရှိဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံး ၁၄ ကြိမ် မှာတော့ မန်စီးတီးတို့ ၈ ကြိမ် နိုင်ပြီးဝုဗ် အနေနဲ့ ကတော့ ၄ ကြိမ်သာပြန်လည် အနိုင်ရထားခဲ့တာတွေ့ရပါတယ်။ တွေ့ဆုံချိန်တိုင်းမှာနှစ်သင်းပေါင်းသွင်းဂိုးများလေ့ ရှိတာတွေ့ရပြီးပြီးခဲ့တဲ့ ရာသီပရီးမီးယားလိဂ် တွေ့ဆုံမှု ၂ ကြိမ်စလုံးမှာလည်းမန်စီးတီးတို့ ၄-၁၊ ၁-၃ ရလဒ်တွေနဲ့ အနိုင်ရထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
မန်ချက်စတာစီးတီး – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်အချိန်ပြည့် ဂိုးအောက်၃.၂၅ @ ၁.၉၈ ဆ
ဒီဇင်ဘာလ၁၁ ရက်၊ ည ၇:၀၀နာရီ (GMT+ ၆:၃၀)

ဝုဗ်ဟာအဆိပ်ရှိတဲ့ အသင်းကောင်းတစ်သင်းဖြစ်ပါတယ်။ ဘရူနိုလာဂါရဲ့ အသင်းဟာတစ်ခါတစ်ရံမှာမထင်မှတ်တာတွေလုပ်ပြတတ်ပေမယ့် တကယ်တမ်းလက်တွေ့ မှာတော့ နည်းစနစ် ဗျူဟာ၊ ကစားသမားအင်အားအဘက်ဘက်ကအသာရနေတဲ့ မန်စီးတီးကိုပွဲချိန်ပြည့် ယှဉ်ကစားဖို့ မဖြစ်နိုင်ပါဘူး။ မန်စီးတီးအနေနဲ့ ပရီးမီးယားလိဂ်ကိုအပြည့်အဝပြန်ပြီးအာရုံစိုက်ဖို့ ရှိနေတာကြောင့်လည်းအိမ်ရှင် အသင်းဘက်မှာပဲရပ်တည်တာကစိတ်ချရပါတယ်။ ဒါပေမယ့် SBOTOP ရဲ့ 1X2 ကြေးဖွင့်မှုမှာမန်စီးတီးနိုင်ရင် ၁.၁၆ ဆ၊ ဝုဗ် နိုင်ရင် ၁၃.၅၀ ဆနဲ့ သရေအတွက် ၇.၆၀ ဆ ကြေးဖွင့်ပေးထားလို့ မန်စီးတီးနဲ့ အတူနှစ်သင်းပေါင်းသွင်းဂိုးကိုပါ စဉ်းစားသင့်ပါတယ်။ အိမ်ရှင်တို့ ၂-၀ လောက်နဲ့ အနိုင်ရသွားနိုင်ချေရှိနေလို့ ၂ ဆ နီးပါးရမယ့် ဂိုးအောက် ၃.၂၅ ကိုပါ တွဲဖက် ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။

ခန့်မှန်းရလဒ်(၂-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်