နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ငွေကြေးအရ ဆော်ဒီပရိုလိဂ်ကို ပြောင်းဖို့ စဉ်းစားနေတဲ့ ဒီဘရွန်းနား | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကွင်းလယ်လူ ကီဗင် ဒီဘရွန်းနား ကတော့ ငွေကြေး မြောက်မြားစွာရမယ့် ဆော်ဒီပရိုလိဂ်မှာ ကစားလိုကြောင်း အရိမ်အမြွက် ပြောဆိုမှုတွေ ရှိလာခဲ့ပါတယ်။ 

ခရစ္စတီယာနို ရော်နယ်ဒို ရောက်ရှိလာပြီး နောက်ပိုင်း အရှိန်အဝါကြီးမားလာတဲ့ ဆော်ဒီပရိုလိဂ်ဟာ ကစားသမားကောင်းတွေကို ဆက်တိုက် ခေါ်ယူနေတာ ဖြစ်ပါတယ်။ လက်ရှိ ဆော်ဒီပရိုလိဂ်မှာ နေမာ၊ မာနေး၊ ဘရိုဇိုဗစ်၊ လာပေါ့တ်၊ အော့တာဗီယို၊ ကန်တေ၊ ဘွန်နူ၊ ဖေမီနို၊ ဘန်ဇီးမား၊ မီထရိုဗစ် အစရှိတဲ့ ကစားသမားတွေလည်း ရောက်ရှိနေပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဆော်ဒီပရိုလိဂ်ရဲ့ အရှိန်အဝါနဲ့ ပရိသတ် စိတ်ဝင်စားမှုတွေက အချိန်တိုတွင်း မြင့်တက်လာခဲ့ပြီး သူတို့ရဲ့ ငွေကြေး သုံးစွဲနိုင်မှု ကလည်း ဥရောပလိဂ်တွေမှာ ကစားနေတဲ့ ထိပ်တန်း ကစားသမားတွေ အတွက် မျက်စိကျစရာ ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ဆော်ဒီပရိုလိဂ်ဟာ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူမှုတွေ အခုချိန်ထိ ရပ်တန့်သွားခြင်း မရှိသေးသလို အနာဂတ်မှာလည်း အခုထက် ပိုပြီး ခေါ်ယူသွားမယ့် သဘော ရှိနေတာ ဖြစ်ပါတယ်။ ဆော်ဒီပရိုလိဂ် အနေနဲ့ လာမယ့် အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူသွားဖို့ ရှိနေပါတယ်။ သတင်းတွေအရ ဆိုရင် သူတို့ရဲ့ ပစ်မှတ်တွေထဲမှာ ပရီးမီးယားလိဂ် ကစားသမားတွေ ဖြစ်တဲ့ ပါတေး၊ ဖာနန်ဒက်စ်၊ ကက်စ်မဲရိုး တို့ အပြင် အခုလောလောဆယ် မှာတော့ ဒီဘရွန်းနားလည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ 

ဒီလို မန်စီးတီးနဲ့ အနာဂတ် မရေမရာတော့တဲ့ ဒီဘရွန်းနားကို ဆော်ဒီလိဂ်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်လာတဲ့ အခါမှာတော့ “ဆော်ဒီလိဂ်ဆီကိုလား။ လက်ရှိ အသက်အရွယ် မှာတော့ အရာရာတိုင်း အတွက် တံခါးဖွင့်ထားရပါမယ်။ နောက်ပြီး ကျွန်တော်ရဲ့ ကစားသမားဘဝ နောက်ဆုံး အဆင့်မှာ ရရှိလာနိုင်တဲ့ မယုံကြည်နိုင်လောက်အောင် များပြားလှတဲ့ ငွေကြေးတွေ အကြောင်း ပြောဆိုနေရတာ ဆိုတော့ အဲ့ဒါကို သေချာစဉ်းစားသွားဖို့ လိုအပ်ပါတယ်။ ဆော်ဒီက ကျွန် တော့် ဇနီး အတွက်လည်း ထူးခြား ဆန်းပြားတဲ့ စွန့်စားခန်း တစ်ခုလို ဖြစ်နေမှာ ဆိုတော့ အဆင်ပြေပြေ ဖြစ်နေပါလိမ့်မယ်။ ဆိုတော့ ကျွန်တော် ကျွန်တော့် အနာဂတ် အတွက် စဉ်းစားရပါတော့မယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူဟာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး အတွက် ပွဲပေါင်း ၃၈၀ ကျော် ကစားပြီး ၁၀၂ ဂိုး သွင်းယူထားသူ ဖြစ်ပါတယ်။
ငွေကြေး အကြောင်းပြချက်နဲ့ ဆော်ဒီပရိုလိဂ် ပြောင်းဖွယ် ရှိနေတဲ့ ဒီဘရွန်းနား

ဆက်လက်ပြီး ဒီဘရွန်းနားက “တကယ်လို့ ကျွန်တော် ဆော်ဒီမှာ (၂) နှစ်လောက် ကစား လိုက်မယ် ဆိုရင် မယုံနိုင်လောက်စရာ ငွေကြေး ပမာဏတွေ ရနိုင်မှာပါ။ အရင် ဘောလုံးသမား ဘဝမှာ (၁၅) နှစ်တာ ကျင်လည်ခဲ့တုန်းက ရရှိခဲ့တဲ့ ငွေကြေးပမာဏတွေ ကတော့ အဲ့ဒီ (၂) နှစ်တာမှာ ရလာနိုင်တဲ့ ပမာဏကို မီနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ရှေ့ဆက်ရမယ့် အနာဂတ်မှာ ဒါက ကိုယ့် အတွက် ဘယ်လောက် အဓိပ္ပါယ် ရှိနိုင်မလဲဆိုတာကို စဉ်းစားရပါမယ်။” လို ပြောဆိုလာခဲ့ပါတယ်။

ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူဟာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး အတွက် ပွဲပေါင်း ၃၈၀ ကျော် ကစားပြီး ၁၀၂ ဂိုး သွင်းယူထားသူ ဖြစ်ပါတယ်။ မန်စီးတီးနဲ့ အတူ ချန်ပီယံ ဆုဖလား အားလုံး ရယူထားနိုင်ပြီးတော့ စီးတီး ပရိသတ်တွေ ချစ်ကြတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ မန်စီးတီးဟာ ဂိုးဖန်တီးမှု အားကောင်းတဲ့ ကစားသမား ဖြစ်ပြီးတော့ ကစားသမား ဘဝ တစ်လျှောက်လုံးမှာ ဖန်တီးမှု အကြိမ်ပေါင်း ၂၅၀ လောက် ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။

လက်ရှိမှာ ဒီဘရွန်းနားကို ဆော်ဒီပရိုလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ အယ်လ်နာဆာနဲ့ အဲလ်ဟီလယ် တိ့်က အပြိုင်အဆိုင် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ မကြာခင်မှာပဲ အသက် (၃၃) နှစ် ပြည့်တော့မယ့် ဒီဘရွန်းနားဟာ ဒီနွေမှာ မန်စီးတီး ကနေ ထွက်ခွာဖို့ အစီအစဉ် ရှိနေပြီး မန်စီးတီး ဘက်ကလည်း သူ့အတွက် ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေး ရမယ် ဆိုရင် ရောင်းထုတ်သွားဖို ရှိလာနိုင်တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်