နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကွင်းတွင်း ရလဒ်တွေ ဆိုးရွားနေပေမယ့်လည်း ၂၀၂၄ ခုနှစ်ရဲ့ ကမ္ဘာ့တန်ဖိုး အရှိဆုံး အသင်း ဖြစ်လာတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ ကွင်းတွင်းမှာ ရလဒ်တွေ ဆိုးရွားနေပေမယ့်လည်း ၂၀၂၄ ခုနှစ်ရဲ့ ကမ္ဘာ့တန်ဖိုး အရှိဆုံး အသင်း အဖြစ် ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ မကြာသေးခင်က ယူရို ၁ ဘီလီယံ တန်ကြေး ရှိတဲ့ ဘာနေဗျူး ကွင်းသစ်ကြီးကို ဖွင့်လှစ်ခဲ့သလို ဥရောပရဲ့ အအောင်မြင်ဆုံး အသင်း အဖြစ် ရပ်တည်နေတဲ့ ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး ကမ္ဘာ့တန်ဖိုး အရှိဆုံး ကလပ် အဖြစ် ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ တစ်ချိန်က နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် မရှိတော့တဲ့ နောက်ပိုင်း ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့သလို လက်ရှိ မှာလည်း ရလဒ်ဆိုးတွေ အောက်မှာ အလူးအလဲ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်း တာဝန်ရှိသူတွေရဲ့ စီးပွားရေး အကွက်မြင်မှုတွေကြောင့် တန်ကြေးမြင့် စပွန်ဆာတွေ အများအပြား ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မကြာသေးခင်ကပဲ ဗြိတိန် အခြေစိုက် INEOS ကုမ္ပဏီ ကလည်း ယူနိုက်တက်ရဲ့ ပူးတွဲ ပိုင်ရှင် ဖြစ်လာခဲ့တာကြောင့် ရှယ်ယာတန်ဖိုးတွေ တဟုန်ထိုး တိုးတက်လာခဲ့ပြီး ယူနိုက်တက်ကို တန်ကြေး မြင့်မားနေစေခဲ့တာပါ။ 

ယူနိုက်တက်ရဲ့ လက်ရှိ စပွန်ဆာတွေကို ပြန်ကြည့်ရင် နာမည်ကျော် အားကစား ပစ္စည်း ကုမ္ပဏီ အက်ဒီးဒက်စ်နဲ့ ဂျာဆီ စပွန်ဆာ စာချုပ်ချုပ်ထားသလို အဓိက ပါတနာ အဖြစ် Team Viewer၊ လေ့ကျင့်ရေး စပွန်ဆာ အဖြစ် Tezos တို့နဲ့လည်း လက်တွဲထားပါတယ်။ ဒါ့အပြင် DXC TECHNOLOGY၊ APOLLO TYRES၊ BETFRED၊ CADBURY၊ CANON MEDICAL SYSTEMS၊ CASILLERO DEL DIABLO၊ CHEVROLET၊ CHIVAS၊ DHL၊ DOO GROUP၊ ECOLAB၊ ESTÉE LAUDER၊ EXTREME NETWORKS၊ KOHLER၊ KONAMI၊ MALAYSIA AIRLINES၊ MARRIOTT BONVOY၊ MELITTA၊ MLILY၊ PAUL SMITH၊ REMINGTON၊ SNAPDRAGON၊ THERABODY၊ VISIT MALTA၊ WOW HYDRATE တို့နဲ့လည်း လက်တွဲထားတာ တွေ့ရပါတယ်။

လက်ရှိမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ခေတ် အတွင်း အဆိုးရွားဆုံး မှတ်တမ်း၊ စံချိန်တွေကို ပိုင်ဆိုင်နေရပါတယ်။ ဒီရာသီမှာ ဆိုရင် ချန်ပီယံလိဂ် ကနေ အုပ်စု ဘိတ်ချေး အဖြစ်နဲ့ ထွက်လာခဲ့ရသလို ပရီးမီးယားလိဂ် မှာလည်း အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရှိနေပါတယ်။ လာမယ့် ရာသီ ဥရောပဝင်ခွင့် အတွက်လည်း မသေချာတော့ပေမယ့် အက်ဖ်အေဖလား မှာတော့ နှစ်နှစ်ဆက် ဗိုလ်လုပွဲကို တကလှမ်းထားနိုင်ပါတယ်။

ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ် ရယူထားတဲ့ ကမ္ဘာ့တန်ဖိုးအရှိဆုံး အသင်း ဆိုတဲ့ ဂုဏ်ပုဒ်ကို လုယူနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ အသင်းရဲ့ တန်ကြေးက အမေရိကန် ဒေါ်လာ ၆.၂ ဘီလီယံ အထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ကတော့ ၆.၀၆ ဘီလီယံနဲ့ ဒုတိယနေရာမှာ ရှိနေပြီး ၅.၂၈ ဘီလီယံနဲ့ ဘာစီလိုနာက တတိယ နေရာမှာ ရှိနေပါတယ်။ ဒီအသင်းတွေရဲ့ နောက်မှာတော့ နောက်ထပ် ပရီးမီးယားလိဂ် ထိပ်သီး ကလပ် တစ်ခု ဖြစ်တဲ့ လစ်ဗာပူးလ်က ၅.၁၁ ဘီလီယံ၊ ဘေယန်မြူးနစ်က ၄.၈ ဘီလီယံ၊ မန်စီးတီးက ၄.၇၅ ဘီလီယံ၊ ပီအက်စ်ဂျီက ၄.၀၅ ဘီလီယံ၊ အာဆင်နယ်က ၃.၉၁ ဘီလီယံ၊ စပါးက ၃.၄၉ ဘီလီယံ၊ ချဲလ်ဆီးက ၃.၄၇ ဘီလီယံ တို့နဲ့ အစဉ်လိုက် ရပ်တည်နေပါတယ်။ 

နာမည်ကြီး The Atheletic ရဲ့ ဖော်ပြချက်အရ ကမ္ဘာ့တန်ဖိုး အရှိဆုံး ၁၀ သင်း စာရင်းမှာ ပရီးမီးယားလိဂ် ကလပ် ၆ သင်း၊ လာလီဂါက ၂ သင်း၊ ဘွန်ဒက်စ်လီဂါက ၁ သင်း၊ လီဂူးဝမ်းက ၁ သင်း ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စာရင်းတွေ အရ ကမ္ဘာ့တန်ဖိုး အမြင့်ဆုံး အသင်း ၅၀ စာရင်းမှာ အမေရိကန် မေဂျာလိဂ် ကလပ် အသင်း ၂၀ အထိ ပါဝင်နေခဲ့တယ်လို့လည်း သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်